တိုင်းရင်းသားလူထု တရပ်လုံးငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုဒိုင်လူကြီးလိုအပ်

မြန်မာနိုင်ငံအနောက်ခြမ်း ရိုဟင်ဂျာ၊ ဘင်္ဂါလီ မွတ်ဆလင် အရေးအခင်း ဖြစ်ပွားတဲ့ ဩဂုတ်လ ၂၅ ရက် က စပြီး စက်တင်ဘာ လကုန်ပိုင်းအထိ ကချင်ပြည်နယ်၊ သျှမ်းပြည်နယ် တွေဘက်မှာ တိုက်ပွဲ ဖြစ်ပွားမှု တော်တော့ကို လျှော့ကျသွားပါတယ်။ ဒီအခြေအနေကို ဆန်းစစ်ကြည့်ရင် တိုင်းရင်းသားဒေသမှာ ဘာ့ ကြောင့် တိုက်ပွဲတွေဖြစ်ပွားရတာလဲ၊ တိုင်းရင်းသားဒေသမှာ ဘာ့ကြောင့် မငြိမ်းချမ်းရတာလဲ ဆိုတာ ကွက်ကွက်ကွင်းကွင်း ပေါ်လွင်နေပါတယ်။

တိုင်းရင်းသားတွေ တိုက်ပွဲကြိုက်လွန်းလို့ ၎င်းတို့ရဲ့ဒေသမှာ တိုက်ပွဲ ဖြစ်ပွားနေတာလား ၊ ဘာ့ကြောင့် တိုက်ပွဲ ဖြစ်ပွားနေတာလဲ။ တိုက်ပွဲဖြစ်ပွားတိုင်း သတိထား မိတာက – အစိုးရ တပ်မတော် နယ်မြေစိုးမိုး ရေး၊ နယ်မြေ ရှင်းလင်းရေး – စီမံကိန်း လို့ ဆိုပါတယ်။  တိုင်းရင်းသားတွေဘက်ကတော့ အလျော့ပေးတဲ့ ပုံစံနဲ့ဘဲအမြဲတမ်း သတင်းထောက်တွေကို ဖြေကြားလေ့ရှိပါတယ်။

ဗိုလ်ချုပ်ကြီးယွက်စစ် အပစ်စရပ်တုန်းက – “ ကျနော်တို့က နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်း နဲ့ ဘဲ ဖြေရှင်းလိုတယ်။ အခု အစိုးရက ငြိမ်းချမ်းရေး လက်ကမ်းလာလို့ ၊ ကျနော်တို့လဲ လက် နက် ကိုင်တာ နိုင်ငံရေးဆွေးနွေးဖို့ဘဲ ဆိုတော့ နိုင်ငံရေးဆွေးနွေးဖို့ ကျနော်တို့ အပစ်ရပ်ရတာ ဖြစ် တယ်” – လို့ ပြောပါတယ်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းဘုန်းဟန် က လည်း – ငြိမ်းချမ်းရေးအောင်မြင်မယ်၊ မအောင်ဘူး၊ ငြိမ်းချမ်းမယ်၊ မငြိမ်းချမ်းဘူး ဆိုတာ အစိုးရ နဲ့ တပ်မတော် ပေါ် မှာဘဲ မူတည်တယ်၊ သူတို့ အမှန်တကယ်လုပ်ရင်ရပါတယ်။ – လို့ပြောပါတယ်။

၂၀၁၇ ဩဂုတ်လ ၂၂ ရက်က သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် အတွင်းမှာ အစိုးရတပ်မတော် လှုပ်ရှားစစ်ကြောင်း နဲ့ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

“ဘာ့ကြောင့်တိုက်ပွဲ ဖြစ်ပွားရတာလဲ” – လို့ ဒေသ အတွင်း တပ်မှူးကို မေးကြည့်ရာမှာ – သူက – “ ဘာ့ကြောင့်ဖြစ်လဲ ဆိုတာ ကျနော်တော့မသိဘူး။ အထက်အမိန့် က ကျနော်တို့ကို တပ်စခန်းတွေ ကို သွားမတိုက်ရဘူး၊ ကျနော်တို့ တပ်စခန်းနား တက်လာရင်တော့ မဆိုင်းမတွ တုန့်ပြန် ကာကွယ် တိုက်ခိုက်ရ မယ်လို့ ပြောထားတယ် – လို့ ပြောပြပါတယ်။

အရာရှိတဦးကလဲ – “ ဒီအချိန်ဆို အစိုးရ တပ်မတော် က အမြဲတမ်း တိုက်ပွဲလာရောက်ဆင်နွှဲတယ်။ မိုင်းရှူးမှာ တိုက်ပွဲ စဖြစ်တော့ ကျနော်တို့က ဒီနှစ်လဲ အစိုးရ တပ် ကနေ စစ်ပွဲ စတင် ဆင်နွှဲပြီလို့တောင် ယူဆတယ်။ ရခိုင် ပြည်နယ်က အရေးကြောင့် ကျနော်တို့ ဘက် ဆင်နွှဲမဲ့ တိုက်ပွဲက အားနည်းသွားတာ။ အရင်နှစ်တွေ တုန်းက ဒီအချိန်ဆို ကျနော်တို့ ကို တလမ်း မဟုတ် တလမ်း ကနေ တပ်တွေ၊ စခန်းတွေ ရွှေ့ခိုင်းပြီး တိုက်ပွဲ လာရောက် ဆင်နွှဲနေပြီ။ ဒီနှစ်တော့ မဖြစ်သေးဘူး – လို့ပြောပါတယ်။

ယခု ရခိုင်ပြည်နယ်အရေးကိစ္စ ဆိတ်ငြိမ်လာလို့ – သျှမ်းပြည်၊ ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲ ပြန်ဖြစ် လာနိုင်ဖွယ် ရှိလာနေပြီလား ဆိုတာပါဘဲ။

ပြီးခဲ့တဲ့ အပတ်က သျှမ်းပြည်ရှိ တိုင်းစစ်ဌာနချုပ် တခု က SSPP/SSA ဆက်ဆံရေးမှူး ကို – မိုင်းရှူးမြို့ မြောက်ဘက် လွိုင်နှိုင်း – ဝမ့်လွယ် – တာ့ဝန်းနောင်း သံလွင်မြစ်ကူးတို့ဆိပ် အထိ အစိုးရ တပ်မတော် ကနေ လမ်းဖေါက်လိုက်ဖို့ SSPP/SSA ထံ အကြောင်းကြားလာပါတယ်။ အစိုးရ တပ်မတော်သားများ လမ်းဖေါက်လုပ် ရေး စီမံကိန်း အတွက် အဆိုပါ ဒေသအတွင်းရှိ SSPP/SSA တပ်များ ရုပ်သိမ်းပေးဖို့ ပြောလာပါတယ်။

“ဒီလမ်းက ကျနော်တို့ တပ်ရှိနေတယ် ဆိုတော့ ကျနော်တို့ကို ဘဲ ဖေါက်ခွင့်ပေးပါလို့ ပြန်ပြောတယ်။ ဒါကို တပ်မတော် ဘက်ကလက်မခံဘူး။ ဒီ့တော့ တပ်ထု စေလွှတ်လာရင်တော့ တိုက်ပွဲက မဖြစ်မနေ ခုခံဆင်နွှဲရမှာဘဲ၊ အခုတော့ ငြိမ်နေသေးတယ် မလာသေးဘူး” – ဟု တပ်စခန်း တာဝန်ကျ တပ်မှူးတ ဦးကလဲ ပြောပါတယ်။

ဩဂုတ်လ အတွင်းက လားရှိုးမြို့ အနောက်ဘက် အီနိုင်းကျေးရွာ အတွင်း အစိုးရ တပ်မတော် စစ် ကြောင်းက ကျေးရွာအတွင်း နမ္မတူ – လားရှိုး ကြားသွားလာတဲ့ ခရီးသွားတွေကို ဟန့်တား စစ်ဆေး ရာမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး အောက်တိုဘာ လဆန်းပိုင်း က အမှတ် ၃ အမျိုးသားလွှတ်တော် အမတ် စိုင်းဝမ်းလှိုင်းခမ်းရဲ့ ကြယ်ပွင့်ပြမေးခွန်းကို လွှတ်တော် အတွင်း မေးမြန်းခဲ့ပါတယ်။

တပ်မတော် ဘက်မှ ဖြေကြားချက် တွင် – သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် ကို သောင်းကျန်းသူ အဖြစ် စွပ်စွဲထားပါတယ်။

သတိထားမိ စရာက အစိုးရ တပ်မတော် ထိန်းချုပ် နိုင်တဲ့မြို့နယ် အတွင်း သွားလာလှုပ်ရှားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တိုင်း သောင်းကျန်းသူ အဖြစ် သတ်မှတ်ခံရတာပါ။ တိုက်ပွဲ ဖြစ်ပွားတာလဲ အများအားဖြင့် အဲဒီ့နယ်မြေတွေပါ။

အစိုးရ တပ်မတော် မထိန်းချုပ်နိုင်တဲ့ ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေ ၄ မြို့နယ်၊ မိုင်းလား ၁ မြို့နယ် မှာ တိုက်ပွဲ လဲ မဖြစ်ပွားပါဘူး။ တကယ်လို့ အစိုးရ တပ်မတော် မှ အင်အား သုံးပြီး ၎င်းတို့ကို သွားရောက်တိုက်ခိုက်မယ် ဆိုရင် ၎င်းတို့လည်းသောင်းကျန်းသူ တခါတည်း ဖြစ်သွားမှာဖြစ်ပါတယ်။

လက်ရှိ အဲဒီ့နယ်မြေကို အဲဒီ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့က ထိန်းချုပ်ထားလို့ မြန်မာပြည် မြို့ကြီးတွေလို တိုက်တွေ၊ ဟိုတယ်ကြီးတွေနဲ့ စည်းကားနေပါတယ်။ ၀ ဌာနချုပ် တည်ရှိရာ ပန်ဆန်း မြို့မှာ ဆိုရင် မြန်မာပြည်တစ်ပြည်လုံးထက်မြင့်မား၊ ခန်းနားတဲ့ ၄၅ ထပ်ရှိ တိုက်ကြီး တောင် တည် ဆောက်နေပါတယ်။

ဒေသခံတွေလဲ ငြိမ်းငြိမ်းချမ်းချမ်း သွားလာနေထိုင် လုပ်ကိုင် စားသောက်နိုင်ပါတယ်။ သျှမ်းပြည် မြောက်ပိုင်းနဲ့ တခြားစီပါဘဲ။ မြန်မာစာပေ မဝင်ဆန့်နိုင်ပေမယ့် တရုတ်ပြည်၊ ဟောင်ကောင်၊ စင်္ကာပူ နိုင်ငံသို့ ဆက်လက်သင်ကြားနိုင်တဲ့ တရုတ်ဘာသာစာပေ အဓိကထား သင်တန်းကျောင်းကြီးတွေလဲ ဖွင့်လှစ်သင်ကြား နေတာတွေ့ရပါတယ်။ သူတို့ ဒေသမှာ အစိုးရတပ်မတော် မရောက်ရှိသေးလို့ ငြိမ်းချမ်းနေတယ် လို့ပြောရင်မှားမယ်မထင်ပါဘူး ။

ဒါ့ကြောင့် တိုင်းရင်းသားဒေသ တွေမှာ အစိုးရတပ်မတော် အနေနဲ့ တိုက်ပွဲတွေ ဆင်နွှဲနေမယ့် အစား အဘက်ဘက် လက်ခံနိုင်မယ့် ငြိမ်းချမ်းရေးစကားတွေ ပြောဆိုဆွေးနွေးကြပါ။ ဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒ ရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး နဲ့ လိုက်ဖက်တဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ကို အပြောနဲ့ မဟုတ်ဘဲ လက်တွေ့ တည်ဆောက်နိုင်ကြပါစေ။

လူထုပေးတဲ့ ဆန္ဒမဲ နဲ့ အစိုးရဖြစ်လာတဲ့ လက်ရှိအစိုးရကလည်း လူမျိုးပေါင်းစုံနေထိုင်တဲ့ ပြည်ထောင်စုကြီးမှာ တရားမျှမျှတတ နဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ ပြည်ထောင်စုဒိုင်လူကြီး ဖြစ်ပါစေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် သြဂုတ်လဆန်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်

0
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး အဖြစ်မှ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူထားသူ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လဆန်းပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် လာရောက်ရန်ရှိနေကြောင်း ဘန်ကောက်ပို့စ် သတင်းတွင်ဖော်ပြသည်။ ယခုခရီးစဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီး သမ္မတရာထူး ရယူခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုသို့ ဒုတိယအကြိမ်မြောက် သွားရောက်မည့် ခရီးစဉ်...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် EAOs နှင့် NSPNC တို့ကို အာဆီယံအထူးကိုယ်စားလှယ် သီးခြားစီတွေ့ဆုံ

0
လက်ရှိ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ လာဇရိုသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAOs များနှင့် စစ်အစိုးရလက်အောက်ခံ NSPNC ကိုယ်စားလှယ်တို့ကို သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်) တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လက်ရှိ အာဆီယံဥက္ကဋ္ဌ၏...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...