တာချီလိတ်တွင် ရေကြီးရေလျှံ၊ မြေပြိုမှုဖြစ် ဇနီးမောင်နှံ ၂ ဦးသေဆုံး

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့တွင် ယနေ့ (မေလ ၁၄ ) ရက် နံနက် ၄ နာရီအချိန်မှစပြီး ရေကြီးရေလျှံမှု မြေပြိုမှုကြောင့် ဇနီးမောင်နှံ ၂ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

မြေပြိုမှုဖြစ်ပွားခြင်း

ယနေ့ (မေလ ၁၄ ) ရက် နံနက်ပိုင်း ၆ နာရီအချိန် တာချီလိတ်မြို့ ဆန်ဆိုင်း (ခ)၊ ဝမ်မိုင် ရပ်ကွက်သစ်အတွင်း နေအိမ်တစ်လုံးပေါ်သို့ မြေပြိုကျခြင်းကြောင့် အိပ်ပျော်နေသည့် ဇနီးမောင်နှံ ၂ ဦး သေဆုံး သွားခဲ့ကြောင်း ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ ဒီနေ့ မနက်က အကူညီတောင်းခံလာတယ်။ ဆန်ဆိုင်း (ခ)၊ ဝမ်မိုင်ရပ်ကွက်မှာ နေအိမ်တစ်လုံး မြေပြိုကျသွားလို့ အိပ်ပျော်နေတဲ့ ဇနီးမောင်နှံ ၂ ဦး သေဆုံးသွားခဲ့တယ် “ ဟု ၎င်းမှ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေသားဖော်ပြထားသည်။

အလားတူ တာချီလိတ်မြို့ပေါ် မယ်ဆိုင်ချောင်းနှင့် နီးသည့် ရပ်ကွက်အချို့တွင်လည်း ရေကြီးရေလျှံ ဖြစ်ပွားနေကြောင်း သိရသည်။

မြေပြိုမှုဖြစ်ပွားခြင်း

အဆိုပါ ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်းဟာ တောင်ကျရေကြောင့် မဟုတ်ဘဲ ချောင်းရေလျှံခြင်းကြောင့် ဖြစ်ပြီး ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက် စသည့် ရပ်ကွက်များတွင် ရေကြီးရေလျှံဖြစ်ပွားခဲ့၍ ယနေ့ နံနက် (၇) နာရီ ဝန်းကျင်ခန့်တွင် ရေများပြန်လည်ကျဆင်းသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ မေလ ၁၃ ရက် ညပိုင်းအချိန် တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ချောင်းရေလျှံပြီး တာချီလိတ်မြို့ပေါ် မယ်ဆိုင်ချောင်းနှင့် နီးသည့် ရပ်ကွက်အချို့ အပါအဝင် မကာဟိုခမ်းရပ်ကွက်အတွင်း မေဖလားဝါးကွင်း၌ ရေကြီးရေလျှံမှုများနှင့်အတူ နမ့်ယွန်းချောင်းရှိ အမှိုက်များမှ လူနေအိမ်နှင့် လမ်းပေါ်များသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

လက်ရှိမှာ ရေကြီးရေလျှံမှု ဖြစ်ပွားသည့် ရပ်ကွက်အချို့တွင် ရေများပြန်လည် ကျဆင်းသွားခဲ့ပြီး အမှိုက်နှင့် ရွှံ့၊ နှုန်းများ ကျန်ရစ်နေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...