ကျောက်မဲ နေရပ်ပြန် စစ်ရှောင် နေအိမ် လေပြင်း ထိခိုက် ပျက်စီးရ

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များ၏ နေအိမ်များ ထိခိုက်ပျက်စီးသွား ခဲ့ကြောင်း သတင်းသိရသည်။

Photo Credit Local

ပြီးခဲ့သည့် မေလ ၁၀ ရက် နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင် ကျောက်မဲမြို့နယ်အတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် လွယ်အံကျေးရွာအုပ်စု၊ ပန်မခမ်ကျေးရွာမှ ဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ်များ ထိခိုက် ပျက်စီးရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အိမ် ၁၆ လုံးနဲ့ ဘုန်းကြီးကျောင်းက အဆောင်တချို့ ခေါင်မိုးလှန်ကုန်ကြတယ်၊ တချို့ကလည်း သစ်တန်းတွေပါ ပြုတ်ထွက်သွားတာ၊ လမ်းဘေးက ဓါတ်မီးတွေလည်း လှဲကြတာပဲ” ဟု ဒေသအတွင်းက အမည်မဖော်လိုသူ အသက် ၄၀ ကျော်အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

Photo Credit Local

ထို့အပြင် စာသင်ကျောင်း နှင့် ဆရာမတို့၏ နေအိမ်တန်းလျားများလည်း လေပြင်းကြောင့် ထိခိုက်ပျက်စီးရပြီး ခေါင်မိုးများ လွှင့်ထွက်သွားကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

“မိုးကလည်းရွာ၊ လေပြင်းလည်းတိုက်တယ်ဆိုတော့ အဲ့အချိန်က နှစ်ခုပေါင်းပြီး တိုက်တာ၊ ရွာသားအိမ်တွေ အပြင် စာသင်ကျောင်းနဲ့ ဆရာမတွေ နေတဲ့ တန်းလျားဆောင်ကလည်း အမိုးတွေ လှန်သွားတယ်၊ လေကြီး မိုးကြီးက ၂/၃ နာရီလောက်ကြာတယ်” ဟု ၎င်းက ဆက်ဆိုသည်။

လက်ရှိတွင် နေအိမ်အဆောက်အအုံ တချို့ကို ပြန်လည် ပြုပြင်နိုင်ခဲ့သော်လည်း နေအိမ် ၄ လုံးသည် ထိခိုက် ပျက်စီးမှု များသည့်အပြင် ပြန်လည်ပြုပြင်ရန်လည်း ငွေကြေး အခက်အခဲရှိနေကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခိုက်မှုကြောင့် လူသူထိခိုက်မှု မရှိသော်လည်း နေအိမ်အဆောက်အအုံများ ထိခိုက် ပျက်စီးမှု များပြားသည့်အတွက် ဒေသခံများက အခက်အခဲရှိနေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် နမ္မတူမြို့မှ လူနေအိမ် ၅ လုံးထက် မနည်း ပျက်စီးသွားသည့်အပြင် မေလ ၃ ရက်နေ့၌ သီပေါမြို့မှ မီးတိုင်လဲကျ၊ နေအိမ်တချို့ ပျက်စီးသွားခဲ့ရသည်။

အဆိုပါ လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်၏ ခေါင်မိုးနှင့် ထရံ ပျက်စီးဆုံးရှုံးသွားသည့် ဒေသခံအချို့ အသစ်တစ်ဖန်ပြန်လည်တည်ဆောက်ဖို့အတွက် ငွေရေးကြေးရေး အခက်အခဲရှိကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ကျောက်မဲမြို့တွင် စစ်လက်နက်ကျန်ပစ္စည်း ရောင်းစားရန်ကောက်ယူလာစဉ် ပေါက်ကွဲသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...