ဘယ်သူမူးယစ်ဆေးဝါးပတ်သက်ဆက်နွယ်တယ်ဆိုတာ မြန်မာ့တပ်မတော် ပိုသိမယ် ….

“ဘယ်သူမူးယစ်ဆေးဝါးပတ်သက်ဆက်နွယ်တယ်ဆိုတာ မြန်မာ့တပ်မတော် က ကျနော်တို့ထက် ပိုသိပါလိမ့်မယ်” … လို့ ရန်ကုန်မြို့ ကန်တော်ကြီးပဲလစ်ဟော်တယ်မှာ သတင်းထောက်တွေရဲ့ မေးခွန်းကို RCSS/SSA ခေါင်းဆောင်ဗိုလ်ချုပ်ကြီးယွက်စစ်က ဖြေကြားပါတယ်။

ပြောကြားချက်ကို ကြားရတော့ ပလောင်ခေါင်းဆောင်တဦးရဲ့ ပြောကြားချက်ကို ပြန်သတိရမိပါတယ်။ အဲဒါက မြန်မာနိုင်ငံမှာ လက်နက်ကိုင်အင်အားပိုမိုကြီးမားလေ မူးယစ်ဆေးဝါးနဲ့ ပိုမိုပတ်သက် ဆက် နွယ်လေဘဲ လို့ သျှမ်းသံတော်ဆင့်က ရေးသားတာကို အမှတ်ရပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မူးယစ်ဆေးဝါး ကာလတန်ဖိုး ကျပ်သိန်းပေါင်း သုံးထောင်ကျော် ဖမ်းဆီးရမိပါတယ်။ ဒီဖမ်းဆီးမှုမှာ မြစ်ကြီးနားမြို့ရှိ ရဲမှူးကြီး ဦးထွန်း ဦး က – “ ဒီဘက်မှာက ထုတ်လုပ်သူမရှိဘူး။ ဒီမူးယစ်ဆေးဝါးက ကောင်းခါး ဘက်က လာတာပါ။ သျှမ်း ပြည်မြောက်ပိုင်း အရှေ့ပိုင်းကနေ မူစယ်၊ နမ့်ခမ်း ကိုပတ်ပြီး တောလမ်းကနေ လာတာဖြစ်တယ်” – လို့ ဘီဘီစီ သတင်းထောက် ရဲ့မေးမြန်းချက်ကို ဖြေကြားသွားပါတယ်။

သျှမ်းပြည်မြောက်ပိုင်း၊ အရှေ့ပိုင်း လို့ ရဲမှူးကြီး ပြောကြားတာ က ဘယ်သူ့ကိုရည်ညွှန်းတာပါလဲ။

သေခြာတာ တခုက ကောင်းခါး ဆိုတဲ့ နေရာကို အတိအကျ ညွှန်းထားတယ်။ ဖေါ်ထုတ်ဖမ်းဆီး ဖို့လဲ လုပ်နေ တယ်လို့ ပြောပါတယ်။ ကောင်းခါး ဆိုတာ ဦးမထုနော် ဦးဆောင်တဲ့ ကေတီအေ ကောင်းခါး ပြည်သူ့စစ်နေတဲ့ နေရာပါ။ ၎င်းတို့ရဲ့ ဌာနချုပ်လဲဖြစ်ပါတယ်။ သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာရှိတာပါ။

ထို့အတူ သျှမ်းပြည်အရှေ့ပိုင်း က လို့လဲ ပြောထားတာရှိပါသေးတယ်။

စက်တာဘာ ၁၀ ရက် (၂၀၁၇ ) က ထုတ်တဲ့ ၀ တပ် UWSA ပိုင် ရုပ်မြင်သံကြား သတင်း မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ဆက်နွယ်သူ ၅ ဦးကို အခမ်းအနားနဲ့ တကွ လူထုရှေ့မှာ ပြစ်ဒဏ်ပေးပြီး တဦးကို သေဒဏ် နဲ့ ပစ်သတ်ပြလိုက်ပါတယ်။

“ကျနော့်အနေနဲ့တော့ ဒီကိစ္စမကျေနပ်ဘူး။ အသေးအမွှားတွေကို ပစ်ဒဏ်ပေးတယ်။ ကြီးကြီးမားမားကို လွှတ်ထားတယ် ဆိုတဲ့သဘောလား။ မိုင်းပေါက်မှာတုန်းက တပ်မှူးကြီးတဦးပြောတယ်။ မူးယစ်ဆေးဝါး ၀ ဒေသအတွင်းမဖြန့်ဖို့ ၊ ဒေသအတွင်း ရောင်းဝယ်ဖေါက်ကားသုံးစွဲတာကို မြင်ရင် ကြီးလေးတဲ့ ပစ်ဒဏ်ပေးမယ်တဲ့” – ပစ်ဒဏ်ပေးခံရသူနှင့်အမျိုးတော်စပ်သူ ၀ အရာရှိ တဦးကပြောပါတယ်။

UWSA ဝ တပ်ဖွဲ့ဟာ အမေရိကန်ရဲ့ နာမည်ပျက်စာရင်းထဲမှာ ပါတဲ့ကိစ္စ၊ ထိုင်းအစိုးရကနေ ၀ ခေါင်း ဆောင်ပိုင်းမှာ ပါဝင်တဲ့ ဝှေ့ရှော်ကန်း ဆိုတဲ့ သူကို ထိုင်းဘတ်ငွေ ၂ သန်းနဲ့ ဖမ်း၀ရမ်း ထုတ် ထားတဲ့ ကိစ္စတွေကို ပြန်လျှော်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ အနေနဲ့လဲ စိုးရိမ်တာက ၀ က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ကမ္ဘာမှာ နာမည်ပျက်နေ ပါတယ်။ ၀ ခေါင်းဆောင်တဲ့ FPNCC မှာ ပါဝင် စုစည်းတော့ မြောက်ပိုင်းမဟာမိတ်အင်အားပိုမို ကောင်းစေတယ်။ အားသာချက်ပေါ့။ အားနည်းချက်က ဒီမူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီး ကျနော် တို့တတွေ တွဲ ပြီး ၀ နဲ့ အတူ နာမည်ပျက်ဖို့ရှိတယ်။ ဒီလို မူးယစ်ဆေးနဲ့ ပတ်သက်ပြီး လူသတ်ရတဲ့ ခေတ်မဟုတ်တော့ပေမယ့် ဒီနာမည်ဆိုးကို ပြန်လျှော်ဖို့အတွက် ဝ တပ်ဖွဲ့ မလွဲမသွေလုပ် ရတာဖြစ်တယ်” – ဟု မဟာမိတ်အဖွဲ့ဝင်အရာရှိတဦး ကပြောပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ အစိုးရအပါအဝင် ဖွဲ့အစည်းတိုင်းက ထုတ်ပြန်ကြေငြာထားပါတယ်။

သျှမ်းပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးဝန်ကြီး ၀န်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်က – “မူးယစ် ဆေးဝါးနဲ့ ပတ်သက်ပြီးတော့မှ ယခင်ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့သလိုပဲ ကျနော် တို့သျှမ်းပြည်နယ်အတွင်းမှာလည်းပဲ အခု ၈ လပိုင်း ကျနော်တို့ တတိယပတ် ၂၁ ရက်နေ့ဝန်းကျင် အဲဒီကနေစပြီးတော့မှ သျှမ်းရိုးမစစ်ဆင်ရေး ဆိုတဲ့အမည်နဲ့ ကျနော်တို့ မူးယစ်ဆေးဝါးတွေကို အရှိန်အဟုန်မြှင့် တားဆီးရေးတွေကို ဆောင်ရွက်လျှက်ရှိတယ် ဆိုတဲ့အကြောင်း ကျနော်တို့ ဆောင်ရွက် ထားတဲ့ အခြေအနေလေးကို ရှင်းလင်းဆွေးနွေးပေးလိုပါတယ်” – လို့ ဩဂုတ်လက လားရှိုးမြို့မှာ ပြောကြားပါတယ်။

ဒီလိုအဘက်ဘက်က လုပ်နေပေမယ့် မူးယစ်ဆေးဝါး ပြဿနာ ပျောက်ကွယ်သွားတာမရှိဘဲ သျှမ်းပြည်အတွင်း မြို့တိုင်းရွာတိုင်းမှာ ဆိုးဆိုးရွားရွား နဲ့ ဆက်လက် ဖြစ်ပွားနေတာပါ။ အရင်က ယာဘ ဆေးပြား တပြား ကျပ် ၃၀၀၀ ကျပ် ကျော်ရာကနေ အခု တထောင်ဖိုး ၅ ပြား ထိ ဈေးပေါလာလို့ မိန်းခလေးတွေပါ သုံးစွဲလာနေပါတယ်။

လဲချားမြို့ ပြည်နယ်လွှတ်တော်အမတ် စိုင်းကျော်ဇေယျက – “ ကျနော်တို့မြို့မှာ ရွာတခုက အသက် ၁၂ အရွယ် မူးယစ်ဆေးဝါး သုံးနေတဲ့ ကလေးမလေး တောင်ရှိတယ်။ ပူးပေါင်းတိုက်ဖျက်ဖို့ ကျနော်တို့လဲ နည်း မျိုးစုံ ကွင်းဆင်းပညာပေးနေပါတယ်’ – လို့ ပြောပြဖူးပါတယ်။

ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်တွေ့ဆုံစဉ် နိုင်ငံတော် အတိုင်အပင်ခံ ဒေါ်ဆောင်ဆန်းစုကြည်က – မူးယစ်ဆေးဝါး တိုက်ဖျက်ရာမှာ အမျိုးသမီး နဲ့ လူထု များများပါဝင်ဖို့ တိုက်တွန်းပါတယ်။

ဒီတော့မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချနေတာက ဘယ်သူတွေလဲ။ ပပျောက်အောင်ဘယ်လို လုပ်သင့်လဲ ဆိုတာ သျှမ်းပြည်မူးယစ်ဆေးဝါးဆောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းက – “ဖြေရှင်းဖို့က မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့အဖွဲ့အစည်း ပုဂ္ဂိုလ်တွေအားလုံးလာပြီးစုစည်းပြီး အဖြေ ရှာဖို့လိုတယ်။ သူတို့ကိုအပစ်ပေးဖို့မဟုတ်ဘူး။ ဒီပြည်ထောင်စုကြီးမှာ အပြစ်ကင်းတဲ့ပုဂ္ဂိုလ်ရှာရ ခက်တယ်။ မူးယစ်ဆေး ဝါးနဲ့ပတ်သက် ပြီးတော့မှ။ အစိုးရက သူကိုယ်တိုင်မပတ်သက် သော်လည်း သူ့လူတွေကပတ်သက်နေတယ်။ သူကိုယ်တိုင်မပတ်သက်သော်လည်း သူ့ပေါ်လစီအရ ပတ်သက်တယ်။ သူကလည်းအပြစ် ကင်းတာမဟုတ်ပါဘူး။ ဒီတော့ အပစ်မကင်းတဲ့သူတွေအချင်းချင်းအားလုံး လာစု စည်းပြီး တော့ ထွက်ရပ်လမ်းကို ပူးပေါင်းရှာကြရအောင်။ ရှာကြရာ မှာလည်းဘဲ နိုင်ငံရေးအကြောင်း ကိုလည်း ကျနော်တို့ဆွေးနွေးရမယ်။ ဒီမိုကရေစီ ဖက်ဒရယ် ဒါတွေဆွေးနွေးရမယ်”

“ဒီဟာတွေကိုကျေနပ်သဘောပေါက်အောင် သဘောတူညီမှုကိုရှာရမယ်။ ဒီဟာကိုရှာနိုင်ရင် အစိုးရ ကိုဆန့်ကျင်နေတဲ့ ဟာတွေလည်းပျောက်သွားမယ်။ အစိုးရကိုဆန့်ကျင်တဲ့ဟာတွေ ပျောက်သွားရင် သူတို့ကို ချေမှုန်းဖို့လည်း အလိုလို ပျောက်သွားမယ်။ ပျောက်သွားရင်ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက် တဲ့အဖွဲ့အစည်းတွေပုဂ္ဂိုလ်တွေကို အစိုးရကပံ့ပိုးထားတာတွေ .. ဒါတွေကလည်း ရှိစရာမလိုတော့ဘူး။ အဲလိုဆိုရင်သူက တတပ်တအားနဲ့မူးယစ်ဆေးဝါးကို ဖြေရှင်းနိုင်မှာဖြစ် တယ်။အဲဒီအချိန်မှာ ဥပဒေ အကြောင်းအရအရေးယူလို့လည်းရတယ်။ အဲဒီအချိန်မှာလူထုရဲ့စားဝတ်နေရေး ပြဿနာ တွေကိုလည်း တဖက်တလမ်းကနေ ဖြေရှင်းဖို့လမ်းကနေ ကျနော်တို့က လက်တွေ့ကျကျ အကျိုးရှိရှိ အကောင် အထည်ဖော်နိုင်မှာဖြစ်တယ်” – လို့ ဦးခွန်စိုင်းက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ မြန်မာ့တပ်မတော်က အမေရိကန်နဲ့ ၁၉၇၄ ကတည်းက မူးယစ်ဆေးဝါး နှိမ်နင်းလာတာပါ။ ထို့နောက်ပိုင်း စစ်ဆင်ရေးအမျိုးမျိုးနဲ့လဲ မူးယစ်ဆေးဝါးကို ဆက်လက် နှိမ်နင်းလာခဲ့ပါတယ်။ ဒါပေမယ့် မူးယစ်ဆေးဝါးက ပျောက်ကွယ်သွားတာမရှိတဲ့ အပြင် တရက် ထက်တရက် တမြို့ပြီး တမြို့ မူးယစ်ဆေးဝါး တိုးချဲ့ပျံ့နှံ့လာတာ အမှန်ပါဘဲ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

ထိုင်းဟိုတယ်တခုတွင် တရုတ်လောင်းကစားနှင့် လိင်ဝန်ဆောင်မှုပေးသည့်အုပ်စုဖမ်းမိ မြန်မာနိုင်ငံသား ၃ ဦးပါဝင် 

0
ထိုင်းနိုင်ငံ၊ နွန်သဘူရီ (Nonthaburi) ခရိုင်ရှိ အဆင့်မြင့် ဟိုတယ်တခုတွင်း တရုတ်ဂိုဏ်းတခုက  ငှားရမ်းပြီး တရားမဝင် လောင်းကစားဝိုင်း၊ မူးယစ်ဆေးပါတီနှင့် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးနေကြောင်း သတင်းရသဖြင့် ထိုင်းနိုင်ငံဗဟိုစုံစမ်းရေးဗျူရို (CIB) က ဝင်ရောက်စီးနင်းခဲ့သည်။​ အဆိုပါ ထဲတွင် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း သိရသည်။ နွန်သဘူရီခရိုင်၊ ဘာင်ခေန်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

သီပေါဟော်နန်းကို ယဉ်ကျေးမှုအထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် အထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်ထားကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နေ့လယ်ပိုင်းတွင် သီပေါဟော် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဗုဒ္ဓကောလိပ် တည်ဆောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို သီပေါဟော်နန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ သီပေါမြို့ပေါ်ရှိ သံဃာတော်များနှင့် ဖိတ်ကြားထားသူများ...