သျှမ်းပြည်တွင်း PDF အမည်ခံ ငွေတောင်းသည့် အဖွဲ့ သောင်းကျန်းနေ

သျှမ်းပြည် မူဆယ်ခရိုင်၊ လားရှိုးခရိုင်တို့ အတွင်း ဒေသခံများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ PDF နာမည်ခံပြီး ခြိမ်းခြောက်ပိုက်ဆံတောင်းသည့် အဖွဲ့ သောင်းကျန်းနေကြောင်း စုံစမ်းသိရသည်။

ခြိမ်းခြောက်ငွေတောင်းသည့်စာ

ပြီးခဲ့သည့် ဧပြီလ နှောင်းပိုင်းမှ စတင်ကာ လားရှိုးခရိုင် သိန္နီမြို့နယ် နှင့် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်တို့၌ KNDF / PDF အမည်ခံကာ ခြိမ်းခြောက်ပိုက်ဆံတောင်းမှု ရှိခဲ့ကြောင်း ဒေသခံများထံ သိရသည်။

အဆိုပါ PDF အမည်ခံ လက်နက်ကိုင် တပ်ဖွဲ့သည် လက်နက်ပုံများ နှင့် အတူ ဒေသခံ နေအိမ်များ၊ ဈေးဆိုင်များ၊ အလုပ်ရုံများတို့၌ ခြိမ်းခြောက်ငွေတောင်းစာ နှင့် အတူ ခြိမ်းခြောက်ပြီး ငွေတောင်းခြင်းများ ကြုံတွေ့နေရကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က KNDF တပ်ဖွဲ့က ဖြစ်တယ်တဲ့၊ ပုန်းခိုတိုက်ခိုက်ရေးတပ်က ဖြစ်တယ်ဆိုပြီးတော့ ငွေကျပ်သိန်း ၆၀ လာတောင်းတယ်၊ မပေးရင် အမျိုးသမီးဖြစ်ဖြစ် ၊ ကလေးတွေကိုပဲ ဖြစ်ဖြစ် ဖောက်ခွဲပစ်မှာလို့ ခြိမ်းခြောက် ထားတယ်” ဟု ခြိမ်းခြောက်ခံရသည့် သိန္နီမြို့မှ မိသားစုဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ငွေကြေးခြိမ်းခြောက်တောင်းဆိုသည့် KNDF တပ်ဖွဲ့သည် လက်နက်ဗုံး ပုံ နှင့် အတူ ခြိမ်းခြောက်စာရွက်ကို အိမ်တံခါးတွေမှာ စာရွက်လိုက်လံညှပ်ထားခြင်း၊ ဖုန်းမက်ဆေ့ နှင့် Viber တို့ကနေ တစ်ဆင့် စာပို့ခြိမ်းခြောက်ခြင်း တို့ လုပ်နေကြောင်း သိရသည်။

လက်ရှိတွင် သိန္နီမြို့နယ်အတွင်းက ခြိမ်းခြောက်ခံရသည့် နေအိမ် ၆/၇ အိမ် နီးပါး ရှိနေပြီး ပိုက်ဆံများ မပေးဆောင်ရသေးသော်လည်း ဒေသခံများက စိုးရိမ်ကြောက်လန့်နေကြကြောင်းလည်း သိရသည်။

“ကျနော်တို့ ဒေသမှာက လက်နက်ကိုင် တပ်ဖွဲ့က စုံလင်ပါတယ်၊ သူတို့ (တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့) က တောင်းသလို ဒီလို PDF အမည်ခံပြီး လုပ်စားကြတာပေါ့၊ အဲ့လိုပဲ ထင်တယ်” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ယင်းကဲ့သို့ ဒေသခံများ လက်နက်ပြ ခြိမ်းခြောက်ခံရခြင်း နှင့် ပတ်သက်ပြီး အဆိုပါ ဒေသအတွင်းလှုပ်ရှားနေသည့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်မေးမြန်းရာ မဖြစ်သင့်ကြောင်း နှင့် စုံစမ်းသိရှိရန် လိုအပ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနယ်တစ်ကြောမှာဆိုရင် ကျနော်တို့ တပ်ဖွဲ့ရဲ့ တပ်မဟာ (၁၀)၊ (၄) နဲ့ တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်းလည်း ရှိနေတာပေါ့နော်။ အခုလိုမျိုး လက်နက်ပြပြီး ပြည်သူလူထုကို ခြိမ်းခြောက် ငွေတောင်းတာ မဖြစ်သင့်ပါဘူး၊ ကျနော်တို့ စုံစမ်းသိရှိနိုင်အောင်တော့ ကြိုးစားမယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကို ဆက်သွယ် မေးမြန်းရာ ဖြစ်စဥ်များ သိရပါက စုံစမ်းဖော်ထုတ် အရေးယူမည် ဖြစ်ကြောင်း တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုလိုမျိုး လက်နက်ကို အကြောင်းပြပြီး ပြည်သူ့ဆီက ခြိမ်းခြောက်တာ၊ ငွေတောင်းတာမျိုးတွေကိုတော့ ကျနော်တို့ တပ်ဖွဲ့ကန့်ကွက်တယ်၊ ဆန့်ကျင်တယ်၊ ပြီးတော့ အခုလိုမျိုး တိုင်းပြည်ရှုပ်ထွေးတဲ့ အချိန်မှာ ပိုပြီးတော့ မလုပ်သင့်ဘူး၊ ကျနော်တို့က ဖြစ်စဥ် နဲ့ လုပ်တဲ့သူတွေကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ရင်လည်း ဒါကို အရေးယူ ဆောင်ရွက်ရမှာ၊ ဒီလိုလုပ်ရပ်က တော်လှန်ရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ပုံရိပ်ကိုလည်း ထိခိုက်တယ်” ဟု ဗိုလ်မှူးဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းမှာလည်း ဗုံးတစ်လုံး ဓါတ်ပုံ နှင့်အတူ မူဆယ်မြို့မှ ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်သည့် ဆိုင်ပိုင်ရှင် တစ်ဦးထံကို ခြိမ်းခြောက် ပိုက်ဆံတောင်းဆိုမှုလည်း ရှိခဲ့သည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် မူရင်းရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ တော်လှန်ရေးအင်အားစုများဖြစ်သည့် PDF များ၏ အမည်နာမကို အသုံးပြုကာ ခြိမ်းခြောက်ငွေကြေး တောင်းဆိုမှုများသည် မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး တချို့က သေနတ်ကျည်ဆန်ပြကာ ခြိမ်းခြောက် တောင်းဆိုမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...