ပင်လောင်း – ဖယ်ခုံ စစ်ကောင်စီ လေကြောင်းတိုက်ခိုက် အရပ်သားနေအိမ် ၃၀ ကျော်ထက်မနည်း မီးလောင်ပျက်စီး

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်း – ဖယ်ခုံ နယ်စပ်ဒေသရှိ ကျေးရွာများကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သား နေအိမ် ၃၀ ကျော်ထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။

ပုံ – မေ ၆ ရက်နေ့က စစ်ကောင်စီမှ ဖယ်ခုံမြို့နယ် လန်းကောကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲခိုက်တိုက်မှုအတွင်း ပျက်စီးသွားသည့် ဘုရားကျောင်းဆောင်အပါအဝင် အရပ်သား နေအိမ်များ

ပြီးခဲ့သည့် မေလ ၅ ရက်မှ ယနေ့ (မေလ ၈) ရက်အထိ ပင်လောင်း – ဖယ်ခုံ နယ်စပ်ဒေသတွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီမှ လေကြောင်းဖြင့် တိုက်ခိုက်နေဆဲဖြစ်ကြောင်း မြေပြင်သတင်း နှင့် ပြန်ကြားရေး တာဝန်ခံမှ သိရသည်။

အဆိုပါ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အရပ်သား နှင့် နေအိမ်ကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၃၀ ကျော်ထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း PNDF KK မှ မြေပြင်သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ဗွေဟုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒေသခံ နေအိမ်ကတော့ ကျနော်တို့ အတိအကျ မပြောနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ တိုက်ပွဲက ဖြစ်နေသေးတယ်။ ဒါပေမယ့် သေချာတာကတော့ ဒေသခံ နေအိမ် အပျက်စီးတော့ များတယ်။ စစ်ကောင်စီက လေကြောင်းနဲ့ကော၊ လက်နက်ကြီးကော ပစ်တော့ ဒေသခံ နေအိမ်တော့ ထိမှာပဲ။ သူတို့က ရမ်းပစ်တာကော၊ လေကြောင်းနဲ့တွေ့သမျှ ကြဲချနေတော့ ထိခိုက်ပျက်စီးမှုက နေအိမ် ၃၀ ကျော်မက အဲ့ထက်များတယ် “ ဟု ၎င်း တာဝန်ခံက ပြောသည်။

ပုံ – မေ ၆ ရက်နေ့က စစ်ကောင်စီမှ ဖယ်ခုံမြို့နယ် လန်းကောကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲခိုက်တိုက်မှုအတွင်း ပျက်စီးသွားသည့် ဘုရားကျောင်းဆောင်အပါအဝင် အရပ်သား နေအိမ်များ

အလားတူ (မေလ ၆ ရက်) ဖယ်ခုံမြို့နယ် အနောက်ကယန်းဒေသ လန်းကောရွာကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက် ၁၀ နှစ်အရွယ် ကလေးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် သျှမ်း – ကယားနယ်စပ်ဒေသ တလျောက်ရှိ အချက်အခြာကျသည့် ဒေသများကို ပြန်လည်ထိန်းချုပ်ချင်သလို မြေပြင်စစ်အင်အားနည်းလာသောကြောင့် လေကြောင်းဖြင့် ပိုမိုတိုက်ခိုက်လာ နေကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“စစ်ကောင်စီက ဒီ နယ်မြေမှာ အင်အားဖြည့်တယ်၊ လေကြောင်း နဲ့ လက်နက်ကြီးတွေကော ပစ်ရတာက ဒီက တော်လှန်ရေး နယ်မြေမှာ ပြန်ဆုတ်ခွာဖို့ လုပ်နေတာပဲ။ အချက်အခြာကျတဲ့ ဒေသလည်းဖြစ်တော့ သူတို့က ပြန်လည်ပြီး ခုခံတိုက်နေတာလို့ပဲ မြင်တယ်။ ပြီးတော့ သူတို့က အဲ့လိုလုပ်ရတယ်ဆိုတော့လည်း ဒီဒေသကမဟုတ်ပါဘူး။ အခု ကရင်ပြည်နယ်၊ ချင်းပြည်နယ် တိုက်ပွဲဖြစ်နေတဲ့ ဒေသမြို့နယ်တွေမှာဆို လေယာဉ်တွေနဲ့ လက်နက်ကြီးတွေ သုံးနေတယ် “ ဟု ၎င်းက ဖြည့်စွက်ပြောသည်။

လက်ရှိချိန်ထိ သျှမ်း – ကယားနယ်စပ် ဖယ်ခုံ၊ မိုးဗြဲ နှင့် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲ ဖြစ်သလို စစ်ကောင်စီမှ လေကြောင်း အသုံးပြုပြီး တိုက်ခိုက်နေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...