ဟိုင်းပါရေတံခွန်အနီး စေတီ တည်ဆောက်မှုပြောဆိုမှုနေသည့်အပေါ် ဒေသခံများဘာပြောဆိုလဲ

အရှေ့တောင် အာရှမှာ အလှဆုံးရေတံခွန် အဖြစ် တင်စားထားသည့် သျှမ်းပြည် မိုင်းရှူးမြို့နယ် ဟိုင်းပါကျေးရွာရှိ ဟိုင်းပါရေတံခွန်အနီးတွင် စေတီ တစ်ဆူ တည်ဆောက်နေသည့် သတင်းသည် လူမှုကွန်ရက်စာမျက်နှာမှာ အငြင်းပွားမှုတွေ မြင့်တက်နေကြောင်း စုံစမ်းသိရသည်။

ဟိုင်းပါရေတံခွန်အနီး စေတီတည်ဆောက်မှု

အဆိုပါ စေတီတည်ဖို့ရန်အတွက် မြေနေရာကို ဟိုင်းပါဒေသခံများက မိုင်းရှူးမြို့ သံဃာတော်များ ထံသို့ မြေဧက ၁ ဧက နီးပါး လှူဒါန်းထားကြောင်းလည်း သိရသည်။

“မိုင်းရှူးမြို့နယ်က သံဃာတော် အဖွဲ့နဲ့ ဟိုင်းပါ ဒေသခံတွေ အပါအဝင် မိုင်းရှူးမြို့နယ် တစ်ခုလုံးက ပြည်သူ တွေရဲ့ သဘောတူညီ ချက်နဲ့တည်ထားတဲ့ စေတီဖြစ်ပါတယ်၊ ပြီးတော့ ဒီနေရာကလည်း ဟိုင်းပါရေတံခွန်နဲ့ နီးတယ် ဆိုပေမဲ့လည်း ဟိုင်းပါ ရေတံခွန်အလှကို ကွယ်နေတာလည်း မဟုတ်ဘူး” ဟု မိုင်းရှူးမြို့မှ ဦးဇင်း တစ်ပါးက သျှမ်းသံတော်ဆင့်ကို မိန့်သည်။

ထိုစေတီ တည်ခြင်းဖြင့် ဟိုင်းပါ ရေတံခွန်အနီးတစ်ဝိုက် လာရောက်သောက်စား မူးယစ်နေကြသည့် ဖြစ်ရပ်ကိုလည်း တားမြစ်နိုင်ကြောင်းလည်း ဦးဇင်းက ဆက်မိန့်သည်။

ဟိုင်းပါရေတံခွန်

တစ်ဖက်တွင်လည်း ဟိုင်းပါ ရေတံခွန်အနီး စေတီတည်ခြင်း နှင့် ပတ်သက်ပြီး လူမှုကွန်ယက် စာမျက်နှာပေါ်မှာ အငြင်းပွားမှု တွေ ဖြစ်နေသည်။

ယင်းကဲ့သို့ သဘာဝ ရေတံခွန်နားတွင် စေတီဘုရားလာရောက်တည်ခြင်း နှင့် ပတ်သက်ပြီး တချို့ကလည်း သာသနာကို အကြောင်းပြကာ ကိုယ်ကျိုးရှာနေကြခြင်းသာ ဖြစ်ကြောင်း လူမှုကွန်ယက်ပေါ် ရေးတင်သူ လည်း ရှိသည်။

“ဟိုင်းပါ ရေတံခွန်ဆိုတာ ခေတ်ပျက်မှာတောင် ဒီလောက်လုပ်စားလို့ကောင်းနေတာ အနာဂတ်မှာသာဆို စီးပွားရေး အရ အရမ်းတွက်ချေကိုက်မယ့် အကွက်အကွင်း ဖြစ်မယ်” ဟု လူမှုကွန်ယက် အသုံးပြုသူ တစ်ဦးက ၎င်း၏ Facebook တွင် ရေးတင်ထားသည်။

ဟိုင်းပါရေတံခွန်

ဟိုင်းပါ ရေတံခွန်ကို စေတီ တည်လိုက်ပါက ရေကူးရန် ခက်ခဲသွားနိုင်ပြီး၊ ပျော်ပါးရန်လည်း အဆင်မပြေ နိုင်ကြောင်း ပြောဆိုမှုများရှိသော်လည်း တဖက်မှာ ထိုဟိုင်းပါ ရေတံခွန်သည် ရေကူးရန် ရေဆော့ရန် ခက်ခဲသည့်နေရာဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

“ ဟိုင်းပါ ရောက်ဖူးသူတိုင်းသိတယ်။ အဲ့နေရာက ဘစ်ကနီ နဲ့ ရေကူးဖို့မပြောနဲ့ ရေကနက်တယ်။ ရေဆော့ဖို့လည်းခက်ခဲတယ်” လို့ ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

ဟိုင်းပါကျေးရွာနေထိုင်သည့် ပြည်သူများအနေဖြင့် ရေတံခွန် အနီး စေတီ တည်ဆောက်မည်ကို ကြိုတင်သိရှိပြီးသာဖြစ်ကြောင်း၊ စေတီတည်ခြင်းနှင့်ပတ်သက်ပြီး ကျေးရွာနေထိုင်သူများအနေဖြင့် ကန့်ကွက်ခြင်းမရှိကြောင်းလည်း သိရသည်။

ဟိုင်းပါရေတံခွန်

ဟိုင်းပါကျေးရွာသည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ထိန်းချုပ်သည့် နေရာဒေသဖြစ်ပြီး၊ ၂၀၁၅ ခုနစ်တွင် SSPP နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ အများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထိုကိစ္စ နှင့် ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဖုန်းဟန် က “ စေတီ တည်လိုက်ခြင်းအားဖြင့် ဟိုင်းပါ ရေတံခွန် အလှကို ဖျက်ဆီးတာလည်း မဟုတ်ဘူး။ လိုင်းပေါ်မှာ အငြင်းပွားမှု တွေရှိနေတယ်ဆိုတာကလည်း လာလည်တဲ့သူတွေအတွက် အနှောက်အယှက် ဖြစ်မှာစိုးလို့တဲ့။ ဘာမှ ဖြစ်စရာ အကြောင်းမရှိဘူး။ သာသနာ ထွန်းကားတယ်လို့ မြင်တက်ရင် ကောင်းမယ်။ တချို့ ကလည်း အကြောင်းရင်းကို မသိဘဲနဲ့ ဝေဖန်ဖို့ပဲ သိကြတယ်” ဟု သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုဒေသသည် အနက်ရောင်နယ်မြေ အဖြစ်သတ်မှတ်ခဲ့ပြီး ၂၀၁၈ ခုနစ်နောက်ပိုင်းမှ စပြီး ခရီးသွားလည်ပတ်သူများပြားလာသည်။

ဟိုင်းပါ ရေတံခွန်ကို စစ်ကောင်စီတပ်ဘက်မှ ရေအားလျှပ်စစ်ထုတ်ယူရန် အတွက် လျာထားသည့် နေရာတစ်ခုဖြစ်ကြောင်းသိရသည်။

ဟိုင်းပါ ရေတံခွန်သည် နာမည်ကျော် ရေတံခွန် တစ်ခုဖြစ်ပြီး နွေရာသီ ၊ ဆောင်းရာသီ ရောက်တိုင်း ရပ်နီးရပ်ဝေးမှ ပြည်သူများက လာရောက် အပန်းဖြေရာ နေရာ တစ်ခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...