Thursday, May 2, 2024

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေ

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် အနောက်ဘက်တွင် စစ်ကောင်စီက ယနေ့ (မေ ၂) ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်း လအိကျေးရွာဘက်တွင် စစ်ကောင်စီက လက်နက်ကြီး အဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖယ်ခုံမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ ကျနော်တို့ ဒီနေ့ မနက် ၁၀ နာရီကတည်းက ပစ်သံတွေ ကြားနေရတာ။ လအိရွာဘက်ကို ပစ်သွားတာ။ အဲ့ဘက်တစ်ခြားနားက ရှိတဲ့ရွာတွေဘက်မှာ လက်နက်ကြီးတွေ ကျမယ်ထင်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ် ထိခိုက်မှုရှိကြောင်း သိရသည်။

ထိုအပြင် စစ်ကောင်စီက ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲမြို့ဘက်ရှိ ကျေးရွာထဲတွင် စစ်ကောင်စီက လက်နက်ကြီး နေ့စဉ်ပစ်ခတ်နေလျက်ရှိကြောင်း သိရသည်။

“ အထဲထိတော့ မသွားကြည့်ရသေးဘူး။ လူထိခိုက်မှုတော့ မရှိပါဘူး။ ဒါမဲ့ နေအိမ်တွေတော့ ထိခိုက်ပျက်စီးတာရှိပါတယ်။ စစ်ကောင်စီကတော့ ရံဖန်ရံခါ လိုလိုတော့ လက်နက်ကြီးတွေ ပစ်ခတ်လာနေတာတော့ ရှိပါတယ်။ တိုက်ပွဲတော့မဖြစ်ဘူး” ဟု မိုးဗြဲမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ က တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အလားတူ ယနေ့ (မေ ၂ ) ရက်တွင်လည်း ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီက လက်နက်ကြီး အမြောက်အများ ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့သည် ၂ လကြာ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် အစပ်တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေလျက်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article