လောက်ကိုင် ကာစီနိုရုံတွင် အလုပ် လုပ်ကိုင်ချင်သူများအတွက် ဖဲရှိုးသင်တန်း ဖွင့်လှစ်ပေး

သျှမ်းပြည် လောက်ကိုင်မြို့နယ်ရှိ ကာစီနိုရုံများတွင် ဖဲရှိုးအလုပ် လုပ်ကိုင်ချင်သူများအတွက် အခြေခံ ဖဲရှိုးသင်တန်းဖွင့်လှစ်ပေးပြီး သင်ကြားပေးနေကြောင်း စုံစမ်းသိရှိရသည်။

ဖဲရှိုးဝေ သင်တန်း

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လောက်ကိုင်မြို့သို့ သွားရောက်ပြီး ကာစီနိုရုံတွင် ဖဲရှိုးအလုပ် လုပ်ကိုင်ချင်သူများအတွက် လောက်ကိုင်မြို့တွင် အခြေခံ ဖဲရှိုးသင်တန်းကို ဖွင့်လှစ်ပေးနေပြီး တစ်ဦးလျှင် တရုတ်ယွမ်ငွေ (၅၀၀) ယွမ်၊ မြန်မာငွေ ကာလပေါက်စျေး ကျပ်ငွေ ၂ သိန်း ဖြင့် သင်တန်းပေးနေကြောင်း သင်တန်းပေးနေသူ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

“ တချို့တွေကျ တစ်လ တက်ရတယ်။ တချို့တွေကတော့ တစ်လခွဲ၊ နှစ်လ တက်ရတယ်။ သင်ယူတဲ့ အပေါ်မှာဘဲ မူတည်တယ်။ အဲ့ဒီ တရုတ်ယွမ် ၅၀၀ ပေးပြီး မတတ်မချင်း သင်လို့ရတယ်။ အဲ့ဒီ အတတ်သင်က ၁၂ မျိုး လောက် သင်ပေးတယ်။ ဖဲရုံမှာ ကစားတာနဲ့ ပတ်သက်ပြီး အကုန်လုံး သင်ပေးတယ်။ ကာစီနိုရုံမှာ ဖဲဝေတဲ့ အလုပ်တွေပေါ့ “ ဟု ၎င်းက ပြောသည်။

ဖဲရှိုးဝေ သင်တန်း

လက်ရှိ သင်တန်းတွင် တက်ရောက်နေသည့် သင်တန်းသားများ စုစုပေါင်း ၇၀ ဦး ထက်မနည်း ရှိနေပြီး အဆိုပါ သင်တန်းထဲ၌ သင်တန်းသူ ၃၀ ဦးကိုတော့ အဆောင်ဖွင့်လှစ်ပြီး လက်ခံသင်ကြားပေးနေကြောင်း သိရသည်။

“ယောင်္ကျားလေးကိုတော့ အဆောင် လက်မခံဘူးဗျ။ အပြင်မှာ အခန်းငှားပြီးတော့ ဒီမှာလာတက်လို့တော့ ရပါတယ်။ ချက်မစားချင်ဘူးဆိုရင် စားစရိတ်ကို ကျပ်ငွေ ၄ သိန်း လောက်ပေးပြီး အဆာင်မှာ စားလို့ရတယ်။ အဆောင်မှာတော့ ယောင်္ကျားလေး မလက်ခံဘူး “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စစ်ရေး ပဋိပက္ခ ဖြစ်ပွားပြီး နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာရာ လူငယ်များက ဝမ်းရေးအတွက် ကောင်းကျိုး၊ ဆိုးကျိုး အလုပ်မျိုးကို မရွှေးနိုင်ကာ နေရပ်စွန့်ပြီး တိုင်းတစ်ပါးသို့ ထွက်ခွာကြရကြောင်း လူငယ်တစ်ဦးက သုံးသပ်ပြောသည်။

“ပိုက်ဆံဝင်တဲ့ နေရာက ကောင်းတာလား၊ မကောင်းတာလားလို့ မသုံးသပ်တော့ဘူးလေ။ အခုက အရေးကြီးတာ အသက်ရှင် နေထိုင်ဖို့ဆိုတော့ ဘယ်လောက်ဘဲ မကောင်းတဲ့ အလုပ်ဖြစ်နေပါစေ အဓိက ပိုက်ဆံဝင်နေတယ် ဆိုတာနဲ့ ဘဲ လုပ်နေရတာ။ ပျော်လို့ လုပ်နေရတာ မရှိသလောက်ပါပဲ။ ဖဲ ဝေသင်တန်းဆိုလည်း အရင်ပုံစံတိုင်း ဆိုရင် ကဲ့ရဲ့ကြမယ်ဖြစ်ချင်း ဒီခေတ်ပျက် အစိုးရ လက်ထက်မှာတော့ ဒါက လူငယ်တွေကို ပိုက်ဆံဝင်အောင် လုပ်ပေးနေတယ်လို့ ဆိုရမှာဘဲ “ ဟု ၎င်းက ပြောသည်။

အလားတူ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လောက်ကိုင်မြို့ အပါအဝင် မိုင်းလားမြို့ရှိ ကျားဖြန့် ( လိမ်စားရတဲ့အလုပ်) ကို သွားရောက်လုပ်ကိုင်သူများသည် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ ရိုက်နှိက် ခံရခြင်း နှင့် ရက်စက် ခံရခြင်းတို့လည်း ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

0
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...