တရားမျှတမှု ရရှိရေး ချင်းမိုင်ရောက် မြန်မာလုပ်သားများ တောင်းဆို

ယမန်နေ့ မေလ ၁ ရက်နေ့တွင် ကျရောက်သည့် ”ကမ္ဘာ့အလုပ်သမားများနေ့” တွင် တရားမျှတမှု ရရှိရေး အတွက် ထိုင်းနိုင်ငံ ချင်းမိုင်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စုပေါင်းကာ ချီတက်ဆန္ဒပြ တောင်းဆိုကြသည်။

”ကမ္ဘာ့အလုပ်သမားများနေ့”

လက်ရှိ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အတွက် ထိုင်းအစိုးရမှ သတ်မှတ်ပေးထားသည့် ရွှေ့ပြောင်းလုပ်သားများ ဆိုင်ရာ ဥပဒေ နှင့် အခွင့်အလမ်းများရှိသော်လည်း ပွဲစားများမှ လုပ်ဆောင်မှုသည် ဥပဒေ နှင့် ဆန့်ကျင်မှုများ ရှိနေကြောင်း ဆန္ဒပြမှုတွင် ပါဝင်သူ ချင်းမိုင်ရောက် ရွှေ့ပြောင်းလုပ်သားများ၏ အတိုင်ပင်ခံ ပီထောင်းခမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ စုပေါင်းပြီး ဆန္ဒပြ တောင်းဆိုရတဲ့ အကြောင်းရင်းက အဓိက ကတော့ ရွှေ့ပြောင်း လုပ်သားတွေ အတွက် တရားမျှတမှု ရချင်ပါတယ်။ အခု ထိုင်းအစိုးရက ထုတ်ထားတဲ့ ဥပဒေတွေ နဲ့ မကိုက်ညီဘဲ ပွဲစားတွေက လုပ်စားနေတာ တွေ့ရတယ်၊ ဒါ့ကြောင့် ကျနော်တို့ ထိုင်းရောက်တဲ့ ရွှေ့ပြာင်းလုပ်သားတွေ အားလုံး တရားမျှတမှု ရချင်တယ်၊ လုံခြုံမှုတွေလည်း ရချင်တယ်” ဟု ပီထောင်းခမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကမ္ဘာ့အလုပ်သမားများနေ့ အတွက် ချီတက် ဆန္ဒပြမှုကို ထိုင်းနိုင်ငံ ၊ ချင်းမိုင်ခရိုင်၊ ချင်းမိုင်မြို့တွင် ထိုင်းစံတော်ချိန် ညနေ ၆ နာရီမှ ည ၉ နာရီအထိ ကျင်းပပြုလုပ်သွားခဲ့ပြီး တောင်းဆိုချက်များကို ကြွေးကြော်ခြင်း၊ ရွှေ့ပြောင်းလုပ်သားများ၏ အခက်အခဲများကို ကြွေးကြော်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

”ကမ္ဘာ့အလုပ်သမားများနေ့”

ထို့အပြင် ချင်းမိုင်ရောက် ရွှေ့ပြောင်းလုပ်သားများကို ထိုင်းလုပ်သားများ နှင့် ထပ်တူ အခွင့်အရေး ရစေချင်ကြောင်းလည်း ကမ္ဘာ့အလုပ်သမားများနေ့ ဆန္ဒပြမှုတွင် ပါဝင်သူ သျှမ်းရွှေ့ပြောင်းလုပ်သား နန်းယိင်းခမ်းက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ကျမတို့ ရွှေ့ပြောင်း လုပ်သား အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲကတော့ Passport ၊ Visa နဲ့ အလုပ်သမားကဒ် ရရှိရေးတွေ ဖြစ်ပါတယ်။ တချို့က အလုပ်သာ လုပ်နေပြီးတော့ ပိုက်ဆံ မရတာတွေလည်း ရှိနေတယ်၊ ဒါကြောင့် ဒီနေ့ ဆန္ဒပြမှုမှာက ထိုင်းလုပ်သား တွေနဲ့ ထပ်တူ ကျမတို့လည်း အခွင့်အရေးတွေ အတူတူ ရနိုင်စေဖို့ တောင်းဆိုပါတယ်” ဟု နန်းယိင်းခမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ချီတက် ဆန္ဒပြမှုတွင် MAP Foundation , Empower, HRDF, BEAM Education Foundation တို့ အပါအဝင် တခြား ရွှေ့ပြောင်း လုပ်သား အဖွဲ့အစည်းများစွာကလည်း ပါဝင်ခဲ့သည်။

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများသည် Passport , Visa ကိစ္စ အပါအဝင် အလုပ်သမားကဒ် ရရှိရေး အတွက်လည်း ပူပန်နေကြရကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ကိစ္စများကြောင့် ရွှေ့ပြောင်းလုပ်သားများ အဆင်ပြေပြေ အလုပ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝာာဝန်ရှိသူများကို ကူညီဆောင်ရွက်ပေးစေလိုကြောင်းလည်း ရွှေ့ပြောင်းလုပ်သားများ က တောင်းဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...