ဖယ်ခုံမြို့နယ်တွင်း စစ်ကောင်စီက UN တံဆိပ်ဖြင့် စားနပ်ရိက္ခာတင်ပို့မှုရှိ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့သည် စားနပ်ရိက္ခာတင်ပို့သောကားတွင် ကုလသမဂ္ဂ (UN) ရဲ့ အမှတ်တံဆိပ်တွေ တပ်ပြီး သယ်ယူ ပို့ဆောင်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ကမ္ဘာ့ကုလသမဂ္ဂ

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် မြေပြင်မှ တပ်သားများထံ စားနပ်ရိက္ခာများကို တင်ပို့ရန်အတွက် UN အမှတ်တံဆိပ်တပ်ပြီး ပင်လောင်းမြို့နယ်တွင်းမှ ဖယ်ခုံမြို့နယ်သို့ ကားဖြင့် သယ်ယူပို့ဆောင်လျက်ရှိကြောင်း ပင်လောင်းမြို့နယ် ပရဟိတ ပြုလုပ်နေသည့်သူက ပြောသည်။

“ ယူသုံးနေတာတော့ ဟုတ်တယ်။ သူတို့ UN ကားတွေကို အလွှဲသုံးစား လုပ်လိုက်တာလား။ သပ်သပ်လုပ်တာ လားမသိဘူး။ UN ကားတွေ ဆင်းသွားတာတော့ တွေ့လိုက်တယ်။ UN ကားဆိုပြီး သီးသန့်ရှိတယ်။ သူတို့ ကားနံပါတ်ပြား က UN က ထုတ်ပေးထားတဲ့ နံပါတ်တွေနဲ့ပဲ။ ပြီးတော့ ရိုးရိုးကားဆိုရင် တံဆိပ်တွေ ကပ်တာ တွေ့နေရတယ်” ဟု ၎င်းက ပြောသည်။

ပင်လောင်းမြို့နယ်ထဲတွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ စစ်ဘေး လာခိုလှုံသည့် ဒေသဖြစ်သည်။

ထိုကြောင့် ပင်လောင်းမြို့နယ်ထဲတွင် စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှုများ ပေးရန်အတွက် UN အဖွဲ့စည်းများက တည်ရှိထားသည်။

အလားတူ UN တပ်ဖွဲ့ကားဖြင့် ဖယ်ခုံမြို့နယ်တွင်းရှိ စစ်ကောင်စီတပ်များအတွက် ရိက္ခာတင်ပို့မှုရှိနေကြောင်း ဖယ်ခုံမြို့ PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ ကျနော်တို့ ဟိုနေ့က UN တံဆိပ်နဲ့ ကားတွေလာနေတာတော့ တွေ့တယ်။ အထဲမှာ စစ်ကောင်စီတွေပါတယ်။ သူတို့ ရိက္ခာတင်လာတာ တွေ့တယ်။ ကျနော်တို့တော့ ပြည်သူတွေအတွက်ပဲ စိုးရိမ်တာပါ။ မသိဘဲနဲ့ သူများလာထောက်ပံ့တယ်ဆိုပြီးသွားမှာ စိုးရိမ်မိတယ်” ဟု ၎င်းက ပြောသည်။

ထိုအပြင် ပင်လောင်းမြို့နယ်ထဲတွင် စစ်ကောင်စီက စစ်ဆေးရေး တင်းကြပ်ထားပြီ ဆန်တင်ကားများကိုလည်း ပိုပြီးစစ်ဆေးနေကြောင်း သိရသည်။

“ ပင်လောင်းမှာတော့ စစ်ဆေးရေး ဂိတ်တွေကတော့ စစ်ဆေးရေးတင်းကြပ်တယ်။ ဆန်အိတ်တွေတင် တဲ့ကားတွေဆို ပိုပြီးစစ်တယ်။ အရင်ကတော့ စစ်ဆေးပြီး ရစ်တာပေါ့။ အခုကတော့ ပိုက်ဆံပေးတတ်ရင် သွားလာလို့ရနေပြီ” ဟု ပင်လာင်းမြို့ ဒေသခံ တစ်ဦးက ပြောသည်။

ကုလသမဂ္ဂ UN ၏ အမှတ်တံဆိပ်များကို အသုံးချပြီး စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားနေသည်ဆိုသည့် ကိစ္စကို UN အနေဖြင့် စုံစမ်းစစ်ဆေးပေးရန် လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှု အဖွဲ့ Myanmar Accountability Project (MAP) က တောင်းဆိုလိုက်သည်။

ပင်လောင်းမြို့ မွေတော်ဘုရားကြီးကွင်းထဲတွင် UN ကားများက ဆိုက်ရောက်ပြီး ရိက္ခာများကို ခွဲဝေပေးမှုရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဆီယံနှင့် UN ကြား တရားဝင်မှုရရှိရေး အာဏာသိမ်း သမ္မတ၏ ကစားကွက်

0
ယခု ဇူလိုင်လအတွင်း မြန်မာစစ်အစိုးရနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသော သံတမန်ရေးရာ လှုပ်ရှားမှုများသည် ယခင်က ၎င်းတို့ကိုယ်တိုင် ကျင့်သုံးနေခဲ့သော ကာကွယ်ရေးကို ဦးတည်သည်ဆိုသည့် အထီးကျန်မူဝါဒများမှ လက်ရှိတွင် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှု ရရှိနိုင်ရေးအတွက် စွန့်စားရသော်လည်း ပို၍ ရန်လိုသော ထိုးစစ်ဆင်မှုပုံစံအဖြစ်သို့ သိသိသာသာ ကူးပြောင်းလာနေသည်ကို မြင်နေရသည်။ ဗိုလ်ချုပ်မှူးကြီးအဖြစ်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...