Wednesday, January 28, 2026

နမ့်ခမ်းမြို့နယ်၊ မိုင်းဝီး စစ်ရှောင်စခန်းအတွင်း TNLA စစ်သား ဝင်ရောက်နေထိုင်

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသမှ စစ်ဘေးရှောင်စခန်းအတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်သားများက ဝင်ရောက်နေထိုင်ပြီး စစ်ရှောင်များ ထံမှ ဆန် တောင်းယူနေကြောင်း သိရသည်။

မိုင်းဝီး စစ်ရှောင်စခန်း

ယခု ရက်သတ္တပတ် အတွင်းတွင် မိုင်းဝီးဒေသရှိ စစ်ရှောင်စခန်းအတွင်းသို့ TNLA စစ်သားများ ဝင်ရောက် နေထိုင်သည့် အပြင် ဆန် ၅ အိတ် ပေးဆောင်ရန် တောင်းဆိုမှုလည်း ရှိနေကြောင်း ဖြစ်စဥ်ကို သိရှိသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ရှောင်စခန်းထဲကို ဝင်လာတဲ့ TNLA စစ်သားက စုစုပေါင်း ၂၀၀ နီးပါးလောက်တော့ ရှိတယ်၊ စခန်းထဲမှာပဲ စခန်းချ နေထိုင်တာ၊ ပြီးတော့ ဆန် ၅ အိတ် ပေးဖို့လည်း တောင်းဆိုထားတယ်၊ သူတို့က ဒုက္ခသည် စခန်းလေ ဘယ်လို ပေးနိုင်မလဲ” ဟု ဖြစ်စဥ်ကို သိရှိသည့် အမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါ TNLA စစ်သား ဝင်ရောက်နေထိုင်သည့် စစ်ဘေးရှောင်စခန်း နှင့် မနီးမဝေးတွင်လည်း စစ်ကောင်စီ တပ်စခန်း တစ်ခု ရှိနေသည့် အတွက် ဒေသခံများက ထိတွေ့တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

“ထိတွေ့ ပစ်ခတ်မှု ဖြစ်မှာလည်း ကြောက်ရတယ်၊ အခုတောင်းလာတဲ့ ဆန် ၅ အိတ်ကို မပေးနိုင်ရင်လည်း လူကို ရန်ပြုမှာ ကြောက်ရတယ်။ အခု ဒီ စခန်းကလူတွေက တစ်နေ့လုပ် တစ်နေ့စားတွေပဲ ဖြစ်တယ်၊ ဒါကြောင့် တိုက်ပွဲ ဖြစ်ရင် သူတို့ထပ်ပြီး စစ်ရှောင်ဖို့လည်း မလွယ်ဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းအတွင်းတွင် သျှမ်း လူမျိုး အများစု နေထိုင်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နောက်ပိုင်း ၌ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် TNLA တပ်ဖွဲ့တို့၏ တိုက်ပွဲ၊ TNLA တပ်ဖွဲ့ နှင့် RCSS/SSA တို့၏ တိုက်ပွဲ ကြောင့် စစ်ရှောင်ထွက်ပြေးလာခဲ့ရသူများ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ အတွင်းမှာလည်း သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ – နမ့်ခမ်းမြို့အကြား TNLA တပ်ဖွဲ့၏ ဆက်ကြေး တောင်းခံမှု နှင့် ပြည်သူ အိမ်ဝန်းထဲ ဝင်ရောက် နေထိုင်မှုရှိခဲ့သည်။

TNLA တပ်ဖွဲ့သည် မူဆယ် – နမ့်ခမ်း ကြား လမ်းပိုင်းတစ်လျှောက်ရှိ ကားများကို တားမြစ် အခွန်ကောက်ခြင်း၊ ဆိုင်ကယ်ဖြင့် လိုက်လံ အခွန်ကောက်ခြင်းများ၊ ရပ်ရွာ အသီးသီးရှိ အရပ်သား အိမ်ဝန်းထဲ လှည့်လည် ဝင်ရောက် နေထိုင်ခြင်းများ ပြုလုပ်နေသည်မှာ တစ်လကျော်ရှိနေကြောင်းလည်း သိရသည်။

ယင်းကိစ္စ ဖြစ်စဥ်များ နှင့် ပတ်သက်ပြီး ဖြစ်စဥ် သိရှိနိုင်ရန် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး တားအိုက်ကျော်ထံသို့ အကြိမ်ကြိမ် ဖုန်းဆက်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

လက်နက်ကိုင် တပ်ဖွဲ့များမှ လူနေကျေးရွာအတွင်း ရပ်ရွာအတွင်း ဝင်ရောက်နေထိုင်ခြင်း၊ လူထု နှင့် အတူ ရောနှော နေထိုင်ခြင်းတို့သည် ဂျီနီဗာကော (Geneva Call) ဥပဒေ နှင့် ဆန့်ကျင်သည့်အပြင် စစ်ရာဇဝတ်မှု မြောက်ကြောင်း လည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...