Wednesday, January 28, 2026

ဒီမော့ဆို စစ်ရှောင်စခန်းကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ကရင်နီပြည် ဒီမော့ဆိုမြို့ အနောက်ဖက်ခြမ်းရှိ ချယ်ရီကုန်း စစ်ရှောင်စခန်းကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လူထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။

စစ်ရှောင်များနေထိုင်သည့် နေရာ

ယမန်နေ့ (ဧပြီလ ၂၇ ရက်) ည ၁၁ နာရီခွဲအချိန် ဒီမော့ဆို အနောက်ဖက်ခြမ်းရှိ ချယ်ရီကုန်း စစ်ရှောင်စခန်းကို အကြောင်းမဲ့ စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လူထိခိုက်ဒဏ်ရာရသူ နှင့် သေဆုံးမှုများလည်း ရှိခဲ့ကြောင်း ဒီမော့ဆို ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ စစ်ရှောင်စခန်းဘက်ကို ကြဲချတာပါ။ စပြီးတော့ ဗုံးကြဲတာတော့ ည ၁၁ နာရီဝန်းကျင်လောက်က ကြဲတာ။ ည ၁၁ နာရီခွဲလောက်တော့ အတွဲလိုက်ပစ်တဲ့ ၂ လုံးတွဲ လက်နက်ကြီးတွေနဲ့ပါပစ်တယ်။ စစ်ရှောင်တွေတော့ ပုန်းခိုကျင်းရှိတဲ့နေရာ ပုန်းကြတယ်။ အသက်ဘေးလွတ်အောင် ပြေးရတာပါပဲ “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

စစ်ရှောင်များနေထိုင်သည့် နေရာ

အဆိုပါ စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှု နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်သတင်းဌာနမှ အသေးစိတ်ကို ဆက်သွယ်မေးမြန်းရာမှာ မြေပြင်၏ ဖုန်းလိုင်းအခက်ခဲကြောင့် ဆက်သွယ်၍ မရသေးပေ။

ထို့အပြင် ဒီမေ့ာဆို အနောက်ဖက်ခြမ်းရှိ ချယ်ရီကုန်း စစ်ရှောင်စခန်းတွင် စစ်ရှောင်ဦးရေ ရာနှင့်ချီ ခိုလှုံနေကြောင်းလည်း သိရသည်။

“ စစ်ရှောင်ဦးရေတော့ ရာဂဏန်းနဲ့ ရှိတာပါ။ သူတို့ မူလရွာမှာ နေထိုင်မရတော့လို့ ရွာတွေအုပ်စုအလိုက် စစ်ရှောင်ကြတဲ့ စခန်းတွေပါ” ဟု ၎င်းက ထပ်လောင်း ပြောသည်။

အလားတူ (ဧပြီလ ၁၅ ရက်) မွန်းလွဲ ၁ နာရီအချိန်ခန့်တွင်လည်း ဖယ်ခုံမြို့နယ် စစ်ရှောင်ပြည်သူများ အသုံးပြုသည့် ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီမှ Mi 35 တိုက်လေယာဉ်ဖြင့် ဗုံး ၄ လုံးထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ရှောင်ကလေးအပါအဝင် သူနာပြု ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...