နောင်ချိုမြို့က စစ်ကောင်စီ နှင့် PDF ကြား တိုက်ပွဲကြောင့် ကလေးငယ် နှစ်ဦးသေဆုံး၊ ဒဏ်ရာရသူလည်းရှိ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့ အကြား ထိတွေ့တိုက်ပွဲကြောင့် ကလေးငယ် နှစ်ဦး သေဆုံးရသည့်အပြင် အရပ်သားများလည်း ထိခိုက်ဒဏ်ရာရကြောင်း သတင်းသိရသည်။

နောင်ချို

ယမန်နေ့ ဧပြီလ ၅ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲဝန်းကျင်တွင် အာဏာသိမ်း စစ်ကောင်စီ နှင့် PDF ပူးပေါင်း တပ်ဖွဲ့ တို့က နောင်ချိုမြို့နယ် သံဘိုကျေးရွာ (ဝၢၼ်ႈသၢၼ်ႇၽူဝ်ႇ) အနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ ပစ်လိုက်သည့် လက်နက်ကြီး တစ်လုံးသည် အရပ်သား နေအိမ်ပေါ် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများ က ပြောသည်။

“အိမ်ပေါ်ကို လက်နက်ကြီးက ကျကွဲတာ၊ ၁၁ လပဲ ရှိသေးတဲ့ ကလေးငယ် နဲ့ အသက် ၁၄ နှစ်အရွယ် သူ့အမ က သေဆုံးရတယ်၊ သူတို့ မိဘတွေကလည်း ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားကြတယ်၊ အခုတော့ ဒဏ်ရာ ရတဲ့သူတွေကို ပြင်ဦးလွင် ဆေးရုံမှာ ပို့ဆောင်ကုသထားတယ်” ဟု အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ကျေးရွာထဲ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် သေဆုံးရသည့် (၁၁) လအရွယ် ကလေးငယ်သည် စိုင်းဝါဝါထွန်း ဖြစ်ပြီး အသက် (၁၄) နှစ်အရွယ် အစ်မဖြစ်သူက နန်းမအေး ဖြစ်ကြောင်း ဒေသခံ များက ပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားစဥ် အတွင်း စစ်ကောင်စီ တပ်ဖွဲ့သည် လက်နက်ကြီး ၁၂၀ မမ ကို ကုန်းညောင်ရွာဘက် ၁၀ လုံးထက်မနည်း ပစ်ခတ်သည့်အတွက် ကြံစိုက်ခင်း ၈ ဧက ထက်မနည်း မီးလောင် ပျက်စီးရပြီး လမ်းဘေး ကွမ်းယာရောင်းသည့် ဈေးသည်တစ်ဦးလည်း လက်နက်ကြီးစ ထိမှန် ဒဏ်ရာရသွားကြောင်း ဒေသခံများက ဆက်ပြောသည်။

“လက်နက်ကြီး ကျလို့ မီးလောင်ရာကနေ မီးညွှန့်က ကြံခင်းတွေဘက် ကူးသွားတာ၊ ပြည်သူ့ ကြံခင်း စုစုပေါင်း ၈ ဧကလောက်မီးထဲပါသွားတယ်၊ ဒါတောင် မသိရသေးတဲ့ဟာလည်း ရှိသေးတယ်၊ ပြီးတော့ ကုန်းညောင်ရွာက ကွမ်းယာရောင်းတဲ့ ဈေးသည်ကိုလည်း လက်နက်ကြီးစ ထိမှန်သွားတယ်၊ ဆေးရုံပို့ထားတယ်” ဟု အထက်ပါ အမျိုးသားက ဆက်လက်ပြောဆိုသည်။

နောင်ချိုမြို့နယ် သံဘိုရွာ (ဝၢၼ်ႈသၢၼ်ႇၽူဝ်ႇ) အနီးတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် PDF ပူးပေါင်းတပ်ဖွဲ့ တို့က မွန်းလွှဲပိုင်း ၃ နာရီမှ ၄ နာရီကျော် အထိ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ခဲ့ပြီး တိုက်ပွဲငြိမ်သွားသည့် ညနေ ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်ဖွဲ့ ကျေးရွာအတွင်း လာရောက်နေရာ ယူထားကြောင်းလည်း သိရသည်။

လက်ရှိအချိန်သည် နောင်ချိုမြို့ အတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီတပ်သည် အင်အား ၅၀၀ နီးပါးရှိနေပြီး ၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၄၀၀ ထက် မနည်းရှိနေကြောင်းလည်း ပြောဆိုနေကြသည်။

ထိတွေ့ ဖြစ်ပွားမှုကြောင့် ဒေသခံများ တချို့သည် နေရပ်စွန့်ခွာကာ စစ်ရှောင်ထွက်ပြေးနေရကြောင်းလည်း အမည် မဖော်လိုသူ လူငယ် တစ်ဦးက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။

“ဒေသခံတွေက မြို့ပေါ်ကို ထွက်ပြေးကြတယ်၊ အမျိုးရှိတဲ့သူက အမျိုးတွေဆီပြေးတာ၊ အမျိုးမရှိတဲ့သူတွေက အိမ်ငှားနဲ့ သွားနေရတယ်၊ ဒီအခြေအနေကို ကြည့်ရင် PDF နဲ့ စစ်ကောင်စီတွေက နောင်ချိုမြို့ထဲမှာ စစ်မျက်နှာ လာဖွင့်နေကြတာ၊ ခံရတာကတော့ ပြည်သူတွေပေါ့” ဟု အမည် မဖော်လိုသူ လူငယ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ရှောင်ထွက်ပြေးနေရသည့် အရပ်သား ပြည်သူများသည် နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာအုပ်စု ဟိုခဲကျေးရွာ၊ ရေဦးကျေးရွာ၊ လွယ်ငင်းကျေးရွာ၊ ကုန်းညောင်ကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ သံဘိုရွာ (ဝၢၼ်ႈသၢၼ်ႇၽူဝ်ႇ) အုပ်စုမှ သံဘိုရွာ (ဝၢၼ်ႈသၢၼ်ႇၽူဝ်ႇ)၊ ဘန့်ဘွေးကျေးရွာအုပ်စုမှ အင်းမရွာ တို့မှ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းမှာလည်း နောင်ချိုမြို့နယ် ကုန်းညောင်ကျေးရွာမှ ကြံစိုက်ခင်း သွားသည့် ဒေသခံ အမျိုးသား တစ်ဦးသည် မြေမြှုပ်မိုင်း နင်းမိခဲ့မှု ရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းမှာလည်း အာဏာသိမ်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တို့ အကြား ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေသခံ တစ်ဦးသည် စစ်ကောင်စီတို့၏ ပစ်သတ်မှု ခံရသည့် အပြင် ဒေသခံ ၅၀၀ ကျော်တို့ကလည်း စစ်ရှောင်ထွက်ပြေးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...