လဲချားမြို့ ပျံကျဈေး နေရာရွှေ့ခိုင်းသည့်အပေါ် စည်ပင်များ တာဝန်ယူစေချင်

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့ ပန်းခြံရှေ့တွင် ဈေးရောင်းချနေသည့် ပျံကျဈေးသည်များကို နေရာပြောင်းရွှေ့ ရောင်းချရသည့်အပေါ်ကို စည်ပင်သာယာရေးမှ တာဝန်ယူ ဖြေရှင်းစေလိုကြောင်း သတင်းရရှိသည်။

ပျံကျစျေးရောင်းသည့်နေရာမှာ ပွဲစျေးတန်းချရောင်းထား

လာမည့် ဧပြီ ၇ ရက်တွင် ကျောင်းပန်တွင် ရှင်းလောင်းပွဲ ပြုလုပ်ရန်အတွက် ပန်းခြံရှေ့တွင် ဈေးရောင်းချနေသည့် ပျံကျဈေးသည်များကို ပွဲကန်ထရိုက်ဆွဲ သူက နေရာပြောင်းရွှေ့ရောင်းချ ခိုင်းကြောင်း သိရသည်။

“မနက်ဖန်ကျရင် ကျောင်းပန်နားက ပန်းခြံဘက်မှာ ရှင်လောင်းပွဲလုပ်မှာ။ အခု ကျမတို့က အဲ့ပန်းခြံနားမှာ ပျံကျဈေးရောင်းနေတာ။ အခုက ပွဲဖြစ်တော့ နေရာ‌ရွှေ့ခိုင်းနေတာ။ အဲ့လိုပြောင်းရွှေ့ခိုင်းတော့ ဈေးသည်တွေက အခက်ခဲဖြစ်ပါတယ်” ဟု ပျံကျဈေးသည်တစ်ဦးက ပြောသည်။

ပျံကျစျေးရောင်းသည့်နေရာမှာ ပွဲစျေးတန်းချရောင်းထား

အဆိုပါ ပျံကျဈေးသည်များသည် ပွဲချိန်အတွင်း ပန်းခြံနားဈေးရောင်းချလိုပါက ၃ ရက်စာအတွက် ပွဲကန်ထရိုက် ဆွဲသူထံ ကျပ်ငွေ ၅ သောင်း ပေးရမည်ဖြစ်ကြောင်း ပျံကျဈေးသည်များက ပြောသည်။

“ပွဲကန်ထရိုက်ကတော့ နေရာမရွှေ့ချင်ဘူးဆိုရင်တော့ ဆိုင်ခန်းခ ၅ သောင်းပေးရမယ်တဲ့။ ပွဲ ၃ ရက်စာပေါ့။ ကျမတို့မှာ ဈေးရောင်းဖို့ နေရာက ရွှေ့ရဖို့က အရမ်းခက်ခဲပါတယ်။ ပြီးတော့ အခုလို ၅ သောင်းဆောင်ပြီး ဈေးရောင်းဖို့ဆိုလည်း ငွေရေးကြေးရေးက အခက်ခဲ ဖြစ်ပြန်တယ်” ဟု အထက်ပါ ပျံကျဈေးသည် ရောင်းချနေသူက ပြောသည်။

ပျံကျစျေးရောင်းသည့်နေရာမှာ ပွဲစျေးတန်းချရောင်းထား

အဆိုပါ ကိစ္စ နှင့် ပတ်သက်ပြီး စည်ပင်သာယာရေးအနေဖြင့် တာဝန်ယူ ဖြေရှင်းပေးရန်အတွက် ပျံကျ ဈေးသည်များက ပြောသည်။

“ သက်ဆိုင်ရာ စည်ပင်ဝန်ထမ်း လူကြီးတွေက တာဝန်ယူမှု တာဝန်ခံမှုလည်း မရှိဘူး။ အဲ့ဒီ ပွဲရက်အတွင်းမှာ ပျံကျဈေးသည်တွေ အတွက် ဈေးရောင်းချဖို့အတွက် စည်ပင်ဝန်ထမ်းတွေ ပြည်သူတွေအပေါ် ဘယ်လို တာဝန်ယူပြီး လုပ်ဆောင်သွားမလဲဆိုတာ မသိဘူး။ ဒါကို ဖြေရှင်းစေချင်တယ်” ဟု ၎င်းကပြောသည်။

လဲချားမြို့ ပျံကျဈေးသည်များသည် ယခင်က ဆေးရုံရှေ့တွင် စျေးရောင်းချနေကြပြီး ကိုဗစ် -၁၉ ကြောင့် လက်ရှိ ကျောင်းပန် အနီး ပန်းခြံမှာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...