ညောင်ရွှေမြို့နယ် ဒေသခံ ၃ ဦးကို စစ်ကောင်စီမှ ထပ်မံဖမ်းဆီး

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့ရှိ ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ ထပ်မံဖမ်းဆီးသွားခဲ့ကြောင်း သတင်းသိရှိရသည်။

ဖမ်းဆီးခံရသည့် ဇနီးမောင်နှံ

ယမန်နေ့ (ဧပြီလ ၅ ရက်) မနက်ပိုင်း ၁၀ နာရီခွဲ အချိန်၌ ညောင်ရွှေမြို့အတွင်း နေထိုင်သည့် အသက် ၄၀ နှစ်ဝန်းကျင် ကိုမျိုး ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့မှ အိမ်စီးကား ၃ စီးဖြင့် နေအိမ်အတွင်းသို့ သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့သည့်အပြင် ကို မျိုး၏ ဇနီးဖြစ်သူ နှင့် အစ်မဖြစ်သူကိုလည်း ထပ်မံ ဖမ်းဆီးသွားခဲ့ကြောင်း ညောင်ရွှေမြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်စီးကား ၃ စီးနဲ့ အရပ်ဝတ်ပြီး ဝင်ဖမ်းတာ။ သူတို့ ဖမ်းတဲ့အချိန်မှာ ပြန်ခုခံလို့ဆိုပြီး ခြေထောက်ကိုပစ်ပြီး ဖမ်းသွားတာ။ သူ့မိသားစုတွေကိုလည်း စစ်ဆေးပြီး သူ့မိန်းမ နဲ့ သူ့အစ်မကိုလည်း ခေါ်သွားတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ပြည်သူ ၃ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့ပြီးနောက် လက်ရှိမှာ ညောင်ရွှေမြို့ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်းလည်း သိရသည်။

ဖမ်းဆီးခံရသည့် အသက် ၄၀ နှစ်ဝန်းကျင် ကိုမျိုး ဆိုသူသည် ယခင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ၏ တပ်ဖွဲ့ဝင် တစ်ဦးဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတပ်ဖွဲ့မှ ခွဲထွက်လာပြီး ဂိမ်းဆိုင်ဖွင့်လှစ်ခဲ့ကာ ယခုလို ဖမ်းဆီးခြင်းခံရကြောင်း ညောင်ရွှေမြို့ဒေသခံတစ်ဦးက ပြောသည်။

“ သူကတော့ ကျမတို့ သိရသလောက် အရင်က PDF ထဲမှာလုပ်ဖူးတယ်။ လုပ်ပြီးနောက်ပိုင်းထွက်လာမှ ဂိမ်းဆိုင်ဖွင့်တာလို့ ကြားတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

လက်ရှိမှာ ညောင်ရွှေမြို့နယ်အတွင်းရှိ လူငယ်များ၊ PDF နှင့် ဆက်စပ်မိသူများကို စစ်ကောင်စီတပ်ဖွဲ့မှ ရှာဖွေပြီး ဆက်တိုက်ဖမ်းဆီးနေရာ ပြည်သူများမှာလည်း လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် (ဇန်နဝါရီ ၈ ရက်) တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ကူညီထောက်ပံ့သူများ၊ သတင်းပေးပို့သူနှင့် PDF ခေါင်းဆောင် အပါအဝင် (၁၂) ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...