နေဝန်းနီ စစ်ရှောင် လူငယ်များကို TNLA တပ်ဖွဲ့က တပ်သားသစ်အဖြစ် ခေါ်ဆောင်သွား

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်ရှိ နေဝန်းနီ စစ်ဘေးရှောင်စခန်းမှ လူငယ်များကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့က တပ်သားသစ် အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

နေဝန်းနီစစ်ရှောင်စခန်း

ယင်းကဲ့သို့ လူငယ်များ စစ်သားအဖြစ် ခေါ်ဆောင်သွားခြင်း မခံရခင် အချိန် ပြီးခဲ့သည့် မတ်လ (၂၀) ရက်နေ့ ည ၇ နာရီကျော် ဝန်းကျင်အချိန်၌ နေဝန်းနီ စခန်းအတွင်းရှိ ကျား/မ မရွေး သက်ကြီး ရွယ်အိုများကို TNLA ဖမ်းဆီး ခေါ်ဆောင်သွားသေးကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်သားလုပ်ဖို့ စာရင်းပါတဲ့သူကို လာခေါ်တာ ဆိုပြီး အိမ်တွေကို လိုက်ရှာတယ်၊ ကလေးတွေက အလုပ်သွား လုပ်နေတယ်၊ကျောင်းသွားတက်နေတယ် ပြောလည်း မရဘူး၊ သက်ကြီး ရွယ်အိုတွေကို ဆွဲထုတ်ပြီး ဖမ်းခေါ်သွားတာ၊ လူငယ်တွေနဲ့ အစားထိုး လာလဲမှ ဒီလူတွေ လွှတ်မယ်ဆိုပြီး တော့လည်းပြောသွားတယ်” ဟု ဖြစ်စဥ်ကို သိရှိသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နေဝန်းနီ စစ်ရှောင်စခန်း

TNLA တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် နေဝန်းနီ စစ်ရှောင်စခန်းမှ သက်ကြီးရွယ်အိုများတွင် မ (၃) ဦး ၊ ကျား (၁၀) ဦး စုစုပေါင်း (၁၃) ဦးဖြစ်ပြီး အားလုံးသည် အသက် ၅၀ ကျော် နှင့် (၈၀) ကျော် ရှိသည့် သက်ကြီး ရွယ်အိုများဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ သက်ကြီးရွယ်အိုများကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် ဆွေမျိုးများက လူငယ်များကို ပြန်ခေါ်ပြီး TNLA တပ်ဖွဲ့ထံ အစားထိုး သွားလဲခဲ့ရကြောင်း အထက်ပါ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နေဝန်းနီ စစ်ရှောင်စခန်း

“လူစားထိုး လဲလှယ်ဖို့ လူငယ်ရှိတဲ့သူတွေကလည်း လူငယ်တွေကို ပြန်ခေါ်ပြီးတော့ သက်ကြီးရွယ်အိုတွေနဲ့ သွားလဲလှယ် ခဲ့ရတယ်၊ လူစားထိုး လဲလှယ်ဖို့ မရှိတဲ့သူကလည်း အဲ့အတိုင်း နေနေကြရတာပဲ၊ အခုက တချို့သက်ကြီးရွယ်အိုတွေ ပြန်လွှတ်လာပြီ၊ နောက်တစ်သုတ် ထပ်လာခေါ်မယ်လို့လည်း TNLA က ပြောထားတယ်” ဟု အထက်ပါ အမျိုးသမီးက ဆက်ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် သက်ကြီးရွယ်အို တချို့ ပြန်လွှတ်လာသော်လည်း အစားထိုးရန် လူမရှိသည့် တချို့သော သက်ကြီးပိုင်းများက TNLA တပ်ဖွဲ့တွင်သာ ဆက်လက် ကျန်ရှိနေကြောင်း သိရသည်။

နေဝန်းနီ စစ်ရှောင်စခန်း

သက်ကြီးရွယ်အိုများအစား လူစားထိုး သွားလဲလှယ်သည့် လူငယ်အများစုသည် စုစုပေါင်း (၁၀) ဦးရှိနေပြီး အသက် (၁၈) နှစ် နှင့် ၂၀ ကျော် လူငယ်များ ဖြစ်ကြကြောင်းလည်း သိရသည်။

ယခု တစ်ကြိမ်သည် နေဝန်းနီ စစ်ရှောင်စခန်းမှ စစ်ရှောင်များ အနေဖြင့် ပထမဆုံး အကြိမ် စစ်မှုထမ်းရခြင်းဖြစ်ကြောင်း စခန်းမှ အမည်မဖော်လိုသူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ (TNLA) စခန်းထဲ ရောက်လာပြီး သက်ကြီးရွယ်အိုတွေကို လာခေါ်တဲ့ အချိန် ကျမတို့က နှလုံးရပ် မလို တောင် ဖြစ်ခဲ့တယ်၊ အရမ်းကြောက်တယ်လေ၊ ဒါက ကျမတို့ စစ်ရှောင်လာခဲ့တဲ့ (၁၀) နှစ်ကျော်အတွင်း ပထမဆုံး စစ်မှုထမ်းရတာပဲ” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ စစ်ရှောင်စခန်းအတွင်းမှ ပြည်သူများကို စစ်သားသစ် ကောက်ယူခြင်း နှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး တားအိုက်ကျော်ကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံ ဖြေကြားခြင်း မရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ထီဗွာကျေးရွာအုပ်စု ရှိ စစ်ရှောင်ကော်မတီများ ဆန်ပြန်ရောင်းချနေသည့် သတင်း မဟုတ်ဟုဆို

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များအတွက် ထောက်ပံ့ပေးသည့် ဆန်များကို စစ်ဘေးရှောင်ကော်မတီများမှ ပြန်ရောင်းချနေသည် သတင်းသည် မမှန်ကန်ကြောင်း စစ်ရှောင်ကော်မတီဝင်များက ပြောသည်။ တောင်ထီဗွာကျေးရွာအုပ်စုရှိ စစ်ရှောင်ကော်မတီဝင်များသည် စစ်ရှောင်များကိုထောက်ပံ့ပေးသည့် ဆန်များပြန်ရောင်းနေသည့်သတင်းကို ဇူလိုင် လဆန်ပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။ “တောင်ထီဗွာကျေးရွာအုပ်စု” တွင် ကျေးရွာပေါင်း ၂၁ ရွာရှိပြီး စစ်ဘေးရှောင်များသည်...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...