Wednesday, January 28, 2026

နေဝန်းနီ စစ်ရှောင် လူငယ်များကို TNLA တပ်ဖွဲ့က တပ်သားသစ်အဖြစ် ခေါ်ဆောင်သွား

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်ရှိ နေဝန်းနီ စစ်ဘေးရှောင်စခန်းမှ လူငယ်များကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့က တပ်သားသစ် အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

နေဝန်းနီစစ်ရှောင်စခန်း

ယင်းကဲ့သို့ လူငယ်များ စစ်သားအဖြစ် ခေါ်ဆောင်သွားခြင်း မခံရခင် အချိန် ပြီးခဲ့သည့် မတ်လ (၂၀) ရက်နေ့ ည ၇ နာရီကျော် ဝန်းကျင်အချိန်၌ နေဝန်းနီ စခန်းအတွင်းရှိ ကျား/မ မရွေး သက်ကြီး ရွယ်အိုများကို TNLA ဖမ်းဆီး ခေါ်ဆောင်သွားသေးကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်သားလုပ်ဖို့ စာရင်းပါတဲ့သူကို လာခေါ်တာ ဆိုပြီး အိမ်တွေကို လိုက်ရှာတယ်၊ ကလေးတွေက အလုပ်သွား လုပ်နေတယ်၊ကျောင်းသွားတက်နေတယ် ပြောလည်း မရဘူး၊ သက်ကြီး ရွယ်အိုတွေကို ဆွဲထုတ်ပြီး ဖမ်းခေါ်သွားတာ၊ လူငယ်တွေနဲ့ အစားထိုး လာလဲမှ ဒီလူတွေ လွှတ်မယ်ဆိုပြီး တော့လည်းပြောသွားတယ်” ဟု ဖြစ်စဥ်ကို သိရှိသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နေဝန်းနီ စစ်ရှောင်စခန်း

TNLA တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် နေဝန်းနီ စစ်ရှောင်စခန်းမှ သက်ကြီးရွယ်အိုများတွင် မ (၃) ဦး ၊ ကျား (၁၀) ဦး စုစုပေါင်း (၁၃) ဦးဖြစ်ပြီး အားလုံးသည် အသက် ၅၀ ကျော် နှင့် (၈၀) ကျော် ရှိသည့် သက်ကြီး ရွယ်အိုများဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ သက်ကြီးရွယ်အိုများကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် ဆွေမျိုးများက လူငယ်များကို ပြန်ခေါ်ပြီး TNLA တပ်ဖွဲ့ထံ အစားထိုး သွားလဲခဲ့ရကြောင်း အထက်ပါ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နေဝန်းနီ စစ်ရှောင်စခန်း

“လူစားထိုး လဲလှယ်ဖို့ လူငယ်ရှိတဲ့သူတွေကလည်း လူငယ်တွေကို ပြန်ခေါ်ပြီးတော့ သက်ကြီးရွယ်အိုတွေနဲ့ သွားလဲလှယ် ခဲ့ရတယ်၊ လူစားထိုး လဲလှယ်ဖို့ မရှိတဲ့သူကလည်း အဲ့အတိုင်း နေနေကြရတာပဲ၊ အခုက တချို့သက်ကြီးရွယ်အိုတွေ ပြန်လွှတ်လာပြီ၊ နောက်တစ်သုတ် ထပ်လာခေါ်မယ်လို့လည်း TNLA က ပြောထားတယ်” ဟု အထက်ပါ အမျိုးသမီးက ဆက်ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် သက်ကြီးရွယ်အို တချို့ ပြန်လွှတ်လာသော်လည်း အစားထိုးရန် လူမရှိသည့် တချို့သော သက်ကြီးပိုင်းများက TNLA တပ်ဖွဲ့တွင်သာ ဆက်လက် ကျန်ရှိနေကြောင်း သိရသည်။

နေဝန်းနီ စစ်ရှောင်စခန်း

သက်ကြီးရွယ်အိုများအစား လူစားထိုး သွားလဲလှယ်သည့် လူငယ်အများစုသည် စုစုပေါင်း (၁၀) ဦးရှိနေပြီး အသက် (၁၈) နှစ် နှင့် ၂၀ ကျော် လူငယ်များ ဖြစ်ကြကြောင်းလည်း သိရသည်။

ယခု တစ်ကြိမ်သည် နေဝန်းနီ စစ်ရှောင်စခန်းမှ စစ်ရှောင်များ အနေဖြင့် ပထမဆုံး အကြိမ် စစ်မှုထမ်းရခြင်းဖြစ်ကြောင်း စခန်းမှ အမည်မဖော်လိုသူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ (TNLA) စခန်းထဲ ရောက်လာပြီး သက်ကြီးရွယ်အိုတွေကို လာခေါ်တဲ့ အချိန် ကျမတို့က နှလုံးရပ် မလို တောင် ဖြစ်ခဲ့တယ်၊ အရမ်းကြောက်တယ်လေ၊ ဒါက ကျမတို့ စစ်ရှောင်လာခဲ့တဲ့ (၁၀) နှစ်ကျော်အတွင်း ပထမဆုံး စစ်မှုထမ်းရတာပဲ” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ စစ်ရှောင်စခန်းအတွင်းမှ ပြည်သူများကို စစ်သားသစ် ကောက်ယူခြင်း နှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး တားအိုက်ကျော်ကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံ ဖြေကြားခြင်း မရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...