ဖယ်ခုံမြို့နယ်တွင်း စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာအနီး စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲပြင်းထန်နေလျက်ရှိကြောင်း စုံစမ်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ယမန်နေ့ နှင့် ယနေ့ ဧပြီ ၅ ရက်နေ့တွင် စစ်ကောင်စီသည် တောင်စလုံးကျေးရွာဘက်တွင် တိုက်လေယာဉ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် လက်ရှိသတင်းရေးသားချိန်ထိ တိုက်ပွဲပြင်းထန်နေလျက်ရှိကြောင်း သိရသည်။

“ မနေ့ညကတည်းက စစ်ကောင်စီ တိုက်လေယာဉ် နဲ့ ဝင်ပစ်တာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ မနေ့ ညက တိုက်လေယာဉ်နဲ့တော့ ၂ လုံးလောက် ပစ်သွားတယ်။ ဒီနေ့ မနက် ၁၀ နာရီကတည်းက ဆက်ပစ်နေတာပဲ။ သူတို့က စစ်အင်အားဖြည့်လာတာကြောင့် တိုက်ပွဲပိုပြင်းထန်လာတာ” ဟု PNDF KK သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခွန်ဗွေးဟုန်းက ပြောသည်။

ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲ ပြန်လည်ပြင်းထန်လာရခြင်းသည် စစ်ကောင်စီတပ်ဖွဲ့က စစ်အင်အား ဖြည့်တင်းလာသည့် အတွက်ကြောင့် တိုက်ပွဲဆက်လက် ပြင်းထန်သွားနိုင်ကြောင်း သိရသည်။

“ အရင်ကတော့ ထိတွေ့မှုကြောင့် တိုက်ခိုက်ဖြစ်တာ။ အခုက စစ်ကောင်စီဘက်ကတော့ စစ်အင်အားတွေ ဖြည့်လာတာတော့ ရှိတယ်။ သူတို့ စစ်အင်အားတွေ ဖြည့်နေတော့ တိုက်ပွဲကတော့ ပိုပြီး ပြင်းထန်လာနိုင်တယ်။ အခု ကျနော်တို့ မြေပြင်သတင်းအရတော့ ခလရ ၂၄၀ ၊ ၂၄၇ တွေ ထပ်ပြီး အင်အားတိုးလာတယ်ပြောတယ်။ ဒါမဲ့ အတည်တော့ မပြုနိုင်သေးဘူး” ဟု ခွန်ဗွေးဟုန်းပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် လေယာဉ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် ပြည်သူနေအိမ်များ ပျက်ဆီးမှုရှိကြောင်း သိရသည်။

ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ်တို့သည် မတ်လ ပထမပတ်ကစပြီး ယနေ့ထိ တိုက်ပွဲဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲကြောင့် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့သည် နမ်းနိန်းကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် အရပ်သား ၁၉ ဦး နှင့် သံဃာ ၃ ပါး သေဆုံးသွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...