Wednesday, January 28, 2026

ဖယ်ခုံမြို့နယ်တွင်း စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာအနီး စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲပြင်းထန်နေလျက်ရှိကြောင်း စုံစမ်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ယမန်နေ့ နှင့် ယနေ့ ဧပြီ ၅ ရက်နေ့တွင် စစ်ကောင်စီသည် တောင်စလုံးကျေးရွာဘက်တွင် တိုက်လေယာဉ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် လက်ရှိသတင်းရေးသားချိန်ထိ တိုက်ပွဲပြင်းထန်နေလျက်ရှိကြောင်း သိရသည်။

“ မနေ့ညကတည်းက စစ်ကောင်စီ တိုက်လေယာဉ် နဲ့ ဝင်ပစ်တာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ မနေ့ ညက တိုက်လေယာဉ်နဲ့တော့ ၂ လုံးလောက် ပစ်သွားတယ်။ ဒီနေ့ မနက် ၁၀ နာရီကတည်းက ဆက်ပစ်နေတာပဲ။ သူတို့က စစ်အင်အားဖြည့်လာတာကြောင့် တိုက်ပွဲပိုပြင်းထန်လာတာ” ဟု PNDF KK သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခွန်ဗွေးဟုန်းက ပြောသည်။

ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲ ပြန်လည်ပြင်းထန်လာရခြင်းသည် စစ်ကောင်စီတပ်ဖွဲ့က စစ်အင်အား ဖြည့်တင်းလာသည့် အတွက်ကြောင့် တိုက်ပွဲဆက်လက် ပြင်းထန်သွားနိုင်ကြောင်း သိရသည်။

“ အရင်ကတော့ ထိတွေ့မှုကြောင့် တိုက်ခိုက်ဖြစ်တာ။ အခုက စစ်ကောင်စီဘက်ကတော့ စစ်အင်အားတွေ ဖြည့်လာတာတော့ ရှိတယ်။ သူတို့ စစ်အင်အားတွေ ဖြည့်နေတော့ တိုက်ပွဲကတော့ ပိုပြီး ပြင်းထန်လာနိုင်တယ်။ အခု ကျနော်တို့ မြေပြင်သတင်းအရတော့ ခလရ ၂၄၀ ၊ ၂၄၇ တွေ ထပ်ပြီး အင်အားတိုးလာတယ်ပြောတယ်။ ဒါမဲ့ အတည်တော့ မပြုနိုင်သေးဘူး” ဟု ခွန်ဗွေးဟုန်းပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် လေယာဉ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် ပြည်သူနေအိမ်များ ပျက်ဆီးမှုရှိကြောင်း သိရသည်။

ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ်တို့သည် မတ်လ ပထမပတ်ကစပြီး ယနေ့ထိ တိုက်ပွဲဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲကြောင့် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့သည် နမ်းနိန်းကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် အရပ်သား ၁၉ ဦး နှင့် သံဃာ ၃ ပါး သေဆုံးသွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...