ကွတ်ခိုင်မြို့နယ်မှ လူငယ်တစ်ဦး ဖမ်းခံရပြီး ယနေ့ထိ ပြန်မလွှတ်သေး

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် ဟိုမောကျေးရွာ အုပ်စုမှ လူငယ် အမျိုးသားတစ်ဦး ဖမ်းခံရပြီး ယနေ့ထိ ပြန်မလွှတ်သေးကြောင်း စုံစမ်းသိရသည်။

ဖမ်းဆီးခံရသူ လူငယ်

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့တွင် ဟိုမောကျေးရွာအုပ်စု လွယ်ခွမ်ကျေးရွာတွင် နေထိုင်သည့် ပြည်သူ့စစ်ဟောင်း ဖြစ်ခဲ့ဖူးသော အသက် ၂၀ အရွယ်ရှိ မိုင်းစိုးထွန်းကို ကွတ်ခိုင်မြို့ပေါ် မှတ်ပုံတင် လုပ်ဆောင်ပြီး အပြန် ရှုခင်းသာ အနီး၌ ဖမ်းဆီး ခံလိုက်ရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သူက ဆိုင်ကယ် နဲ့ သွားတာ၊ သူ့အဖော်ကလည်း နောက်ထပ် ဆိုင်ကယ် တစ်စီးနဲ့ အတူတူသွားတာ၊ ကွတ်ခိုင် ကနေ ပြန်လာပြီး ရှုခင်းသာနားအရောက်မှာ ဖမ်းခံလိုက်ရတာ၊ ကားတစ်စီးနဲ့ လူ ၅/၆ ယောက်လောက်က ဖမ်းပြီး ကားပေါ်တင်သွားတာ၊ ဆိုင်ကယ်ကိုတော့ ထားခဲ့တယ်” ဟု အမည်မဖော်လိုသူ နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူသည် မိုင်းစိုးထွန်း ဆိုသူ ဖြစ်ပြီး ယခင်တွင် မူဆယ်မြို့ရှိ ပြည်သူ့စစ် တပ်ဖွဲ့ တစ်ခု၌ ဝင်ရောက်ခဲ့ဖူးသူလည်း ဖြစ်ကြောင်း၊ ပြည်သူ့စစ်တပ်ဖွဲ့မှ ထွက်လာသည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောဆိုထားသည်။

“သူက ပြည်သူ့စစ်တော့ လုပ်ဖူးပေမယ့် ထွက်လာတာတော့ ကြာပြီ၊ တစ်နှစ်လောက်ရှိပြီ၊ မလုပ်ချင်လို့ ထွက်လာတယ်လို့ သိရတယ်၊ အခုသူ့ကို လာဖမ်းတဲ့ အဖွဲ့က အဲ့ပြည်သူ့စစ်တွေနဲ့ ပတ်သက်နေမလားတော့ မပြောတတ်ဘူး၊ ဒီနေ့ထိ မလွှတ်လာသေးဘူး ” ဟု အထက်ပါ နီးစပ်သူ ပုဂ္ဂိုလ်က ဆက်ပြောသည်။

မိုင်းစိုးထွန်းကို ဖမ်းဆီးခေါ်ဆောင်သွားသည့် အဖွဲ့သည် မည်သူ့ အဖွဲ့အစည်းက ဖြစ်ကြောင်းကိုလည်း မသိရသည့်အတွက် လိုက်လံရှာဖွေရန်လည်း ခက်ခဲကြောင်း ဆွေမျိုး နှင့် နီးစပ်သူက ပြောသည်။

လက်ရှိ မိုင်းစိုးထွန်း ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသည်မှာ ၄ ရက်မြောက်ရှိပြီ ဖြစ်သော်လည်း ပြန်မလွှတ် လာသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြကြောင်းလည်း သိရသည်။

ကွတ်ခိုင်မြို့အတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များအပြင် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ၊ ကချင်တပ်ဖွဲ့ (KIA) ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း (ပလောင်) တပ်ဖွဲ့ TNLA တို့က သွားလာလှုပ်ရှားနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...