Wednesday, January 28, 2026

ပင်လုံ ဝမ့်အဲန်ဘုန်းကြီးကျောင်း သံဃာ ၆၀ နီးပါး အစာအဆိပ်သင့်

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့ ရပ်ကွက် ၂ရှိ ဝမ့်အဲန်ဘုန်းကြီးကျောင်း အပါး (၆၀) နီးပါး အစားအဆိပ်သင့်ပြီး ဝမ်းလျောဝမ်းပျက် ၊ မူးဝေအော့အန်မှုတွေ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပင်လုံမြို့

ယနေ့ (မတ် ၃၁) သံဃာတော်များ မနက်ဆွမ်းအတွက် ငါးထမင်းနှယ်ကို သုံးဆောင်ပြီးနောက်ပိုင်း သံဃာ (၆၀) ဝန်းကျင် အထက်လန်အောက်လျောဖြစ်ခဲ့ကြောင်းသိရသည်။

“ ဘာကြောင့်ဖြစ်လဲတော့ အတိကျတော့မပြောနိုင်သေးဘူး။ မနက်တုန်းကတော့ ငါးထမင်းနှယ် ဆွမ်းဘုန်းလိုက်တယ်။ အဲဒါဘုန်းပြီးတော့ သံဃာတစ်ချို့ကတော့ အန်ကုန်တယ်။ မူးတာဖြစ်ကြတယ်။ ၆၀ ကျော်လောက်တော့ အကုန်ဖြစ်တယ်” ဟု ပင်လုံမြို့ သံဃာတော်များကို ကူညီပေးသူက ပြောသည်။

အဆိုပါ သံဃာတွေများကို လက်ရှိ ဆေးရုံတွင် ပို့ဆောင်ထားပြီးဖြစ်ပြီး အချို့သံဃာတော်များကလည်း သက်သာပြီး ကျောင်းသို့ ပြန်ရောက်ရှိသည်။

လက်ရှိမှာ ငါးထမင်းနှယ် ကို နမူနာအဖြစ်ယူဆောင်ပြီး တောင်ကြီးဓာတ်ခွဲခန်းသို့ ပို့ဆောင်ပြီး စစ်ဆေးနေကြောင်း သိရသည်။

အထက်လန်အောက်လျောဖြစ်ပွားသည့် သံဃာတော်များသည် များသောအားဖြင့် ကိုရင်ဖြစ်ကြသည်။

“ တစ်ချို့ကလည်းတော့သက်သာလာပြီ။ အခုတော့ ဆေးရုံမှာရောက်ဆေးကုကြတယ်။ သက်သာတဲ့ ကိုရင်တစ်ချို့ကိုတော့ ကျောင်းကို ပြန်ပို့လိုက်ပါပြီ။ အခုတော့ မိခင် နဲ့ ကလေးဆေးရုံကတော့ နမူနာလာ ယူသွားပြီး။ တောင်ကြီးဓာတ်ခွဲခန်းကို စစ်ဆေးကြည့်ဖို့ ပို့လိုက်ပြီ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ပင်လုံမြို့ ဝမ့်အဲန်ဘုန်းကြီးကျောင်းတွင် သံဃာပေါင်း ၁၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လုံမြို့တွင် စစ်ခေါင်းဆောင်မိသားစု ကျောင်းဆောင်ရေစက်ချပွဲ ပြုလုပ်၊ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုမှ လှူဒါန်းသည့် ကျောင်းဆောင်သစ် ရေစက်ချပွဲ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နေ့လယ်ပိုင်းတွင် ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်း (ဝမ်လုံ) တွင်...

ပင်လုံမြို့ သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် (၄) ဦး သေဆုံး

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ခြင်းကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် ဆိုင်ရှင်မိသားစု (၄) ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နံနက် ၁ နာရီခွဲကျော်တွင် ပင်လုံမြို့ ရပ်ကွက် (၁) ဈေးအရှေ့ဘက်ရှိ...

“တမြို့တည်းနေပေမယ့် မီးပေးမှုက တရားမျှတမှုမရှိ “

0
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့မှာ လျှပ်စစ်မီးပေးဝေမှုနဲ့ ပတ်သက်ပြီး မျှတမှုမရှိကြောင်း ရင်ဖွင့်ချင်လို့ ဒီစာကိုရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ပင်လုံမြို့ ရပ်ကွက် ၃ မှာ ညဘက်ဆို မီးပျက်နေတာကြာပါပြီ။ နေ့ပိုင်းဆိုရင်လည်း ၅ မိနစ်လောက် မီးလာပြီး ပြန်ပျက်လိုက်နဲ့ တောက်လျှောက်ကို ဖြစ်နေတာပါ။ မီးပျက်တဲ့အကြောင်းအရင်းကို မေးကြည့်တော့ မီးအားမနိုင်လို့...

ထွက်ပြေးသည့် လားရှိုး အဆင့်မြင့် ဆက်သွယ်ရေးတပ်မှူး ဒုဗိုလ်မှူးကြီး ညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံရ

0
သျှမ်းမြောက်၊ လားရှိုးမြို့တွင် အခြေစိုက်ခဲ့သည့် အဆင့်မြင့် ဆက်သွယ်ရေးတပ် (အမှတ် ၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် အတည်ပြု ပြောသည်။ သျှမ်းတောင်၊ ပင်လုံမြို့၊ စိန်နန်းတော် မိုတယ်တွင် တည်းခိုနေသည့် ဒုတိယ...

ပင်လုံမြို့နယ် ပြောင်းတွဲကား လက်နက်ကိုင်တပ်ဖွဲ့ က ငွေ တိုးကောက်

0
သျှမ်းပြည် ပင်လုံမြို့နယ်တွင် ပြောင်းဖူးများဈေးကျနေချိန် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP ၏ဂိတ်များတွင် ပြောင်းတင် တွဲကားများကို ပိုက်ဆံ တိုးကောက်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လုံမြို့နယ် နောင်လိုင်ကျေးရွာတွင် ယခု မတ်လ ပထမပတ်မှစ၍ SSPP ဂိတ်မှလည်း ပြောင်းဖူးတင်သည့် တွဲကားများကို ငွေတိုးကောက်လာမှုကြောင့် ပြောင်းပိုင်ရှင်များ...