Sunday, February 1, 2026

လဲချားမြို့ ရှင်လောင်းပွဲတိုင်း လောင်းကစားဝိုင်းထည့်သွင်းကျင်းပ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်တွင်း ပြုလုပ်ခဲ့သည့် ရှင်လောင်းပွဲထဲတွင် လောင်းကစားဝိုင်းများ ထည့်သွင်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လဲချားရှင်လောင်းပွဲ လောင်းကစားဝိုင်းထည့်

ယခုမတ်လကစ လဲချားမြို့နယ်ထဲတွင် ရှင်လောင်းပွဲ ကျင်းပပြုလုပ်ခဲ့သည့် ကျောင်းတိုင်းတွင် လောင်းကစားဝိုင်းများပါရှိကြောင်း ဒေသခံများထံသိရသည်။

“ ရှင်လောင်းပွဲတွေလုပ်တဲ့ ကျောင်းတိုင်းမှာတော့ လောင်းကစားဝိုင်းတွေပါတယ်။ အကြီးတော့မဟုတ်ဘူး။ ကုန်းကင်းအသေးလေးတွေပဲဖွင့်ထားကြတာ။ ကျောင်းဝန်းထဲမှာ ဖွင့်ထားတာတော့မဟုတ်ဘူး။ ပွဲဈေးတန်းထဲမှာပဲ ဖွင့်ထားတာ” ဟု လဲချားမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ရှင်လောင်းပွဲထဲတွင် လောင်းကစားဝိုင်းတွေပါရှိလာသော်လည်း အုပ်ချုပ်ရေးမှူးမှ တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းမရှိပေ။

လဲချားမြို့ ရှင်လောင်းပွဲ လောင်းကစားထည့်

ရှင်ပြုပွဲထဲတွင် လောင်းကစားဝိုင်းများပါရှိလာသည့်အတွက် ရိုးရာဓလေ့ကို ဖျက်ဆီးကြောင်း ၊ ဘုရားပွဲတွင် လောင်ကစားဝိုင်းတွေမပါရှိသင့်ကြောင်း လဲချားမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ ရှင်ပြုပွဲတွေမှာက လောင်းကစားဝိုင်းတော့မရှိသင့်ဘူး။ အခုကလည်း နိုင်ငံရေးမကောင်းတော့ ဖြစ်ချင်တိုင်းဖြစ်နေတာပဲ။ အခုလို လောင်းကစားဝိုင်းတွေရှိလာတော့လည်း ရိုးရာဓလေ့ကို ဖျက်ဆီးသလိုဖြစ်တာပေါ့။ ဟိုအရင်တွေကတုန်းကတော့ ဘုရားပွဲတွေ၊ ရှင်လောင်းပွဲတွေမှာ လောင်းကစားဝိုင်တွေမပါဖူးဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိ လဲချားမြို့နယ်ထဲတွင် ရှင်လောင်းပွဲ ၆ ပွဲ ပြီးစီးသွားပြီဖြစ်ပြီး ပွဲတိုင်း လောင်းကစားဝိုင်းပါရှိကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂ နှစ်ကာလအတွင်း သျှမ်းပြည်တဝှမ်း လောင်းကစားတွေ ပေါများလာပြီး လွတ်လပ်စွာ ဖွင့်လှစ်လာပြီး မည်သည့်အဖွဲ့မှ တာဝန်ယူဖြေရှင်းခြင်းမရှိကြပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Mong_Nawng_Intersection

သျှမ်းပြည်အလယ်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လှုပ်ရှားနေ

0
စစ်ကော်မရှင် ထိန်းချုပ်ထားသည့် သျှမ်းပြည်အလယ်ပိုင်းဒေသတွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ် လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

စစ်ကော်မရှင် ဌာနဆိုင်ရာဝန်ထမ်းများ ပြန်ဝင်မည်ဟု သတင်းထွက်ပေါ်နေသည့် သိန္နီမြို့တွင် လောင်းကစားဝိုင်းများ ပြန်ဖွင့်နေ

0
ကိုးကန့် တပ် (MNDAA) ထိန်းချုပ်သည့် သိန္နီမြို့တွင် လောင်းကစားဝိုင်းများ ပြန်လည် ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ ယခု စက်တင်ဘာလဆန်းပိုင်းတွင် စစ်ကော်မရှင် လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများသည် သိန္နီမြို့သို့ ပြန်ဝင်လာမည်ဟု သတင်းထွက်ပေါ်လာသေးသည်။ ထိုသတင်းထွက်ပေါ်လာပြီးသည့်နောက်ပိုင်း စက်တင်ဘာလ ၁၄ ရက်မှ စတင်ပြီး သိန္နီမြို့ ရပ်ကွက် (၃) အတွင်းရှိ...

စစ်ကောင်စီထိန်းချုပ် မူဆယ်မြို့ တရားဉပဒေစိုးမိုးမှုမရှိ၊ လောင်းကစားရုံ/မူးယစ်ဆေးပေါများ

0
“၁၀၂၇ စစ်ဆင်ရေး”အတွင်း ချန်ထားခဲ့သည့် စစ်ကောင်စီထိန်းချုပ်ရာ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အတွင်း လောင်းကစားရုံနှင့် မူးယစ်ဆေးဝါး ပေါများလာသည့်အပြင် တရားဉပဒေ စိုးမိုးမှုလည်း မရှိတော့ကြောင်း စုံစမ်းသိရသည်။ မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့အတွင်း လောင်းကစားရုံများ၊ KTV များ အထူးပေါများနေကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူ များလာသည်နှင့်အမျှ လုယက်မှု၊...

လားရှိုးမြို့ ပွဲအမျိုးမျိုးအကြောင်းပြ ၃လ နီးပါးကြာ လောင်းကစားဝိုင်းများ အကြီးအကျယ်လုပ်

0
သျှမ်းပြည် လားရှိုးမြို့တွင် ပွဲအမျိုးမျိုး အကြောင်းပြပြီး သုံးလနီးပါး လောင်းကစားဝိုင်းများ အကြီးအကျယ် ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်၍ လက်ရှိ မတ်လအထိ ၃လနီးပါး ပွဲအမျိုးမျိုး အကြောင်းပြကာ လောင်းကစားဝိုင်းများကို MNDAA ခွင့်ပြုချက်ဖြင့် အကြီးအကျယ်...

ရင်တထိတ်ထိတ် … တပေါင်းပွဲ

0
သံရှည်ဆွဲကာ ဆွဲဆွဲငင်ငင် ဆိုလိုက်တဲ့ အသံ ဟာ အေးစိမ့်လှတဲ့ လေထုကို ဖြိုခွင်းပြီး တပေါင်းပွဲခင်း ကွင်းပြင်ဆီကနေ ပျံ့လွှင့်လာတာ ဖြစ်ပါတယ်။ မနက် ၄ နာရီ အချိန် သျှမ်းဇာတ်ပွဲကနေ သျှမ်းဘာသာစကားနဲ့ အပိတ် နှုတ်ဆက် အက ဟာ စောင့်ခြုံ ကွေးနေကြတဲ့ ဈေးသည်တွေကို...