ခိုလမ်မြို့တပ်ထိန်းတပ်မှူးဇနီးက စာချုပ်ပါအတိုင်း ပစ္စည်းသိမ်းယူခြင်းဖြစ်ဟု အုပ်ချုပ်ရေးမှူးပြော

သျှမ်းပြည် လွိုင်လင်ခရိုင် ခိုလမ်မြို့ ရပ်ကွက် ၆ အတွင်းရှိ နေအိမ်တစ်ခုကို တပ်ထိန်းတပ်မှူး ဇနီးက အိမ်ရှင် မရှိသည့်အချိန် နေအိမ်သော့ကို ရိုက်ချိုးကာ ပစ္စည်းသွားသိမ်းယူခြင်းသည် ငွေချေး စာချုပ်အတိုင်းသွားရောက် ယူဆောင်ခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်မှူး ထံသိရှိရသည်။

အိမ်သော့ဖျက်ထားပုံ

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် ခိုလမ်မြို့ ရပ်ကွက် ၆ အတွင်းနေထိုင်သည့် အမျိုးသမီးတစ်ဦးက တပ်မှူးဇနီးထံ စီးပွားရေးအတွက် ငွေသိန်း ၃၀ သွားရောက်ချေယူခဲ့ပြီး ပြန်မဆပ်နိုင်သည့်အတွက်ကြောင့် စာချုပ်ထဲတွင် ပါရှိသည့်ရက်အတိုင်း နေအိမ်တွင်း ပစ္စည်းများကို သွားရောက်သိမ်းယူခဲ့ကြောင့် အုပ်ချုပ်ရေးမှူးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သွားသိမ်းယူလာခဲ့တာတော့ဟုတ်တယ်။ စာချုပ်ထဲကအတိုင်းပဲ ရက်အတိကျ နဲ့ ပစ္စည်း ၃ မျိုးကိုပဲ သွားယူခဲ့တာ။ သွားယူတဲ့အချိန် အိမ်မှာတော့ လူမရှိဘူး။ ဒါမဲ့ တံခါးကတော့ဖွင့်ထားတယ်။ သူတို့က ငွေချေးယူပြီး ရက်အတိကျအတိုင်းမဆပ်နိုင်လို့ သွားယူလိုက်တာ” ဟု ခိုလမ်မြို့ ရပ်ကွက် ၆ အုပ်ချုပ်ရေးမှူးက ပြောသည်။

၎င်းတို့သည် ပြီးခဲ့သည့် ၂၀၂၂ ဧပြီလ ၁၄ ရက်နေ့တွင် အတိုးမဲ့အနေဖြင့် ခိုလမ်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် သွားရောက်စာချုပ်ချုပ်ဆိုခဲ့ပြီး ငွေချေးယူခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ဆိုသည်။

အလားတူ မတ်လ ၂၅ ရက်နေ့တွင် သိမ်းယူခဲ့သည့် ပစ္စည်းများသည်လည်း စာချုပ်ထဲအတိုင်းပါဝင်ထားသည့် စတီးခုံး နှင့် ကုတင် ၃ လုံးကို သွားရောက်သိမ်းယူခဲ့ကြောင်းသိရသည်။

အိမ်အဝင်သော့ဖျက်ထားပုံ

“ သူတို့ ငွေချေးဖို့ကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာပဲ စာချုပ်လာချုပ်ကြတာ။ သူတို့ချုပ်တဲ့ချိန်တော့ ကျနော်သိတယ်။ ငွေပေးကြတဲ့အချိန်တော့ ကျနော်မသိဘူး။ သွားသိမ်းယူခဲ့တာလည်း စာချုပ်ထဲကပါထားတဲ့ ပစ္စည်းတွေပဲသွားယူတာ။ ကျွန်းသစ်တွေနဲ့လုပ်ထားတဲ့ စတီးခုံ နဲ့ ကုတင် ၃ လုံးကို သွားသိမ်းယူလာတာ။ ကျန်တာတော့မယူသွားဘူး” ဟု အုပ်ချုပ်ရေးမှူးက ထပ်လောင်းပြောသည်။

ခိုလမ်မြို့ ရပ်ကွက် ၆ အတွင်းနေထိုင်သည့်အမျိုးသမီးသည် စီးပွားရေးလုပ်ရန် အတွက် တပ်မှူးဇနီးထံ ငွေ သိန်း ၃၀ ချေးယူခဲ့ကြောင်းသိရသည်။

သို့သော်လည်း တဖက် ငွေချေးသည့် အမျိုးသမီးက တပ်မှူးဇနီးသည် နေအိမ်ကို သော့ဖျက်ပြီး နေအိမ်ထဲရှိပစ္စည်းများကို သယ်ယူသွားကြောင်း၊ လူမရှိသည့်အချိန်လာရောက်ယူခြင်းသည် အလွန်ပင်ရုပ်ဆိုးကြောင်း ချေးငွေယူသည့်အမျိုးသမီးနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ လူမရှိတဲ့အချိန်သော့ဖျက်ယူတာလေ။ တကယ်ဆိုလူလာတဲ့အချိန်ထိစောင့်သင့်တယ်လေ။ အခုက သူတို့ယူသွားတဲ့ပစ္စည်းကမနည်းဘူး” ဟု ၎င်းကဆိုသည်။

ခိုလမ်မြို့နယ်သည် စစ်ကောင်စီ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာနေရာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်မှုနှင့် တောင်သူအကျပ်

0
၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်ဆနီးပါး တိုးမြှင့်ထုတ်ချေးပေးမည်ဟု စစ်ကော်မရှင် လက်အောက်ခံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ စပါးတစ်ဧကလျှင် ၁ သိန်းခွဲကျပ်မှ ၃ သိန်းကျပ်အထိ တိုးမြှင့်ပေးလိုက်သော်လည်း မြေပြင်တွင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...