ကွတ်ခိုင်မြို့နယ် ရွှေတူးဖော်မှုကြောင့် လယ်ယာ စိုက်ပျိုးမှုအတွက် ရေများ ခမ်းခြောက်နေ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မိုင်းယုလေး နှင့် နမ့်ဖက်ကာကြား ရွှေတူးဖော်မှုကြောင့် ဒေသခံများ၏ လယ်ယာ စိုက်ပျိုးမှု အတွက် ရေများ ခမ်းခြောက်မှု ရင်ဆိုင်ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

Photo – Local (နမ့်မောချောင်း )

မိုင်းယုလေး နှင့် နမ့်ဖက်ကာကြားရှိ နမ့်မောချောင်း တစ်လျှောက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှောင်းပိုင်း ကာလမှ စတင်ကာ ရွှေတူးဖော်မှုများ စတင် လုပ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး စိုက်ပျိုးရေးအတွက် အသုံးပြုရသည့် ရေများ ခမ်းခြောက်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့နားတစ်ဝိုက်က လယ်တွေတော့ ဒီနှစ်ထဲ စိုက်ပျိုးဖြစ်တော့မယ် မထင်ဘူး၊ ရေမရှိတော့ဘူးလေ၊ ကုမ္ပဏီ တွေက ရွှေတွေတူးနေတာ၊ စက်တွေနဲ့ လာတူးနေတယ်လို့ သိရတယ်၊ အခုချိန်မှာ နမ့်မောချောင်းရဲ့ ရေက ခြေသလုံး လောက်ပဲ ရှိတော့တယ်” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နမ့်မောချောင်းသည် နမ့်ဖက်ကာ နှင့် (၈) မိုင်ခန့် ကွာဝေးပြီး ရွှေတူးဖော်လုပ်ငန်းသည် တစ်ပတ်မှ တစ်ရက်နားကာ ချောင်းရေထဲ ‌ရွှေကျင်လုပ်ငန်းများ အဆက်မပြတ် လုပ်နေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ နမ့်မောချောင်းကို မှီခိုအားထားရသည့် ကျေးရွာများ အနေဖြင့် လင်လိုင်ရွာ၊ ဟိုခိုရွာ၊ မိုင်းယု၊ ပန်လော၊ မန်တုံ၊ ကုန်စုံ၊ ဟိုနားရွာ စသည့် ကျေးရွာများ ဖြစ်နေကြောင်း သတင်းသိရသည်။

Photo – Local (နမ့်မောချောင်း )

“ဘယ်ကုမ္ပဏီက လာပြီး တူးနေတာလဲတော့ မသိဘူး၊ ရေတွေ ခမ်းခြောက် ရင်တော့ ဒေသခံတွေရဲ့ စားဝတ်နေရေး အပိုင်း ထိခိုက်လာတယ်၊ လယ်စိုက်ဖို့အတွက် မိုးရေတစ်ခုတည်းကိုပဲ အားကိုးလို့ မရနိုင်ဘူးလေ၊ ဒါကြောင့် ဒီချောင်းရေသာ မရှိရင် မလွယ်ဘူး” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

အဆိုပါ နမ့်မောချောင်း တစ်လျှောက် ရွှေတူးဖော်မှု လုပ်ငန်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA) တို့က ခွင့်ပြုပေးထားကြောင်း သတင်းများ ထွက်ပေါ်သော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကွတ်ခိုင်မြို့နယ်အတွင်းသည် အာဏာသိမ်း စစ်ကောင်စီ အပြင် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့ စစ်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေသော်လည်း ယခုလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိသည်အထိ ပြုလုပ်သည့် ရွှေတူးဖော်မှုများကို တားမြစ် လုပ်ဆောင်ခြင်း မရှိသည့်အပြင် ရှယ်ယာပါဝင်ခြင်းလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

ကွတ်ခိုင်မြို့နယ် အတွင်းသည် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ အပြင် တိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်ကြသည့် ကချင်တပ်ဖွဲ့ KIA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တအာင်း (ပလောင်) တပ်ဖွဲ့ TNLA နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ကလည်း သွားလာလှုပ်ရှားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...