FPNCC အဖွဲ့များ ပန်ဆန်းဆွေးနွေးမှုအပြီး တရုတ်ပြည် ကူမင်းသို့ သွားရန် စီစဥ်ထား

တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့သည် သျှမ်းပြည် ပန်ဆန်းဆွေးနွေးမှုအပြီး တရုတ်ပြည် ကူမင်းသို့ ဆက်သွားရန် အစီအစဥ်ရှိကြောင်း သတင်း သိရသည်။

ပန်ဆန်းဆွေးနွေးပွဲ

မတ်လ ၁၅ – ၁၆ နှစ်ရက်သာ ပြုလုပ်သည့် ပန်ဆန်းမြို့မှ FPNCC အဖွဲ့ တွေ့ဆုံဆွေးနွေးမှု နှင့် ပတ်သက်ပြီး FPNCC အဖွဲ့ဝင် ဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် KIO/KIA ၏ ပြောရေးဆိုခွင့်ရှိသူထံသို့ ဆက်သွယ်မေးမြန်း ရာတွင် သိရှိရခြင်း ဖြစ်သည်။

“FPNCC ရဲ့ ဆွေးနွေးမှု ထုတ်ပြန်ချက်တော့ တွေ့ရပါတယ်၊ ဒါပေမဲ့ ဆွေးနွေးပွဲ တက်ရောက်တဲ့ ကိုယ်စားလှယ် အဖွဲ့တွေက ပြန်မရောက်သေးတော့ အသေးစိတ် အချက်အလက်တွေကို မသိရသေးဘူး၊ ဒီကနေ တစ်ဆင့် နောက်တကြိမ် ကူမင်းကို သွားမယ်ဆိုတာကတော့ ကျနော်လည်း အတည်မပြုနိုင်သေးဘူး” ဟု KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၅ နှင့် ၁၆ ရက်တွင် သျှမ်းပြည် UWSA ထိန်းချုပ်ရာ နယ်မြေဖြစ်သည့် ပန်ဆန်းမြို့၌ FPNCC တို့က တွေ့ဆုံခဲ့ပြီး၊ အဆိုပါ တွေ့ဆုံမှု အပြီး၌ အချက် ၇ ချက်ပါသည့် ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။

ပန်ဆန်းဆွေးနွေးပွဲ

အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်မ နှင့် တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ လူနည်းစု တိုင်းရင်းသားများ၏ အင်အား နှင့် အစွမ်းအစများကိုသာ အားကိုးကြရမှာဖြစ်ကြောင်း ပြောဆိုထုတ်ပြန်ထားသည်။

ထို့အပြင် ပြည်တွင်းရေး ပဋိပက္ခ ချုပ်ငြိမ်းရန် နှင့် နယ်စပ်ဒေသ တည်ငြိမ်ရန်အတွက် တရုတ်အစိုးရနှင့်လည်း ဆက်လက် လက်တွဲလုပ်ကိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တွေ့ဆုံဆွေးနွေးမှုကို FPNCC အဖွဲ့ဝင် (၇) ဖွဲ့ ဖြစ်ကြသည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ ဗိုလ်မှူးကြီး နော်ဘူ ၊ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဥက္ကဋ္ဌ တာအိုက်ဖုန်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (NDAA) မိုင်းလား၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) တို့ တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ နှင့် ဖေဖော်ဝါရီလအတွင်း FPNCC အဖွဲ့ဝင်များ နှင့် တရုတ်နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးဂျွန် (Deng Xijun) တို့ တွေ့ဆုံခဲ့ပြီးနောက် FPNCC တပ်ဖွဲ့ဝင်များ အချင်းချင်း တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...