Tuesday, January 27, 2026

FPNCC အဖွဲ့များ ပန်ဆန်းဆွေးနွေးမှုအပြီး တရုတ်ပြည် ကူမင်းသို့ သွားရန် စီစဥ်ထား

တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့သည် သျှမ်းပြည် ပန်ဆန်းဆွေးနွေးမှုအပြီး တရုတ်ပြည် ကူမင်းသို့ ဆက်သွားရန် အစီအစဥ်ရှိကြောင်း သတင်း သိရသည်။

ပန်ဆန်းဆွေးနွေးပွဲ

မတ်လ ၁၅ – ၁၆ နှစ်ရက်သာ ပြုလုပ်သည့် ပန်ဆန်းမြို့မှ FPNCC အဖွဲ့ တွေ့ဆုံဆွေးနွေးမှု နှင့် ပတ်သက်ပြီး FPNCC အဖွဲ့ဝင် ဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် KIO/KIA ၏ ပြောရေးဆိုခွင့်ရှိသူထံသို့ ဆက်သွယ်မေးမြန်း ရာတွင် သိရှိရခြင်း ဖြစ်သည်။

“FPNCC ရဲ့ ဆွေးနွေးမှု ထုတ်ပြန်ချက်တော့ တွေ့ရပါတယ်၊ ဒါပေမဲ့ ဆွေးနွေးပွဲ တက်ရောက်တဲ့ ကိုယ်စားလှယ် အဖွဲ့တွေက ပြန်မရောက်သေးတော့ အသေးစိတ် အချက်အလက်တွေကို မသိရသေးဘူး၊ ဒီကနေ တစ်ဆင့် နောက်တကြိမ် ကူမင်းကို သွားမယ်ဆိုတာကတော့ ကျနော်လည်း အတည်မပြုနိုင်သေးဘူး” ဟု KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၅ နှင့် ၁၆ ရက်တွင် သျှမ်းပြည် UWSA ထိန်းချုပ်ရာ နယ်မြေဖြစ်သည့် ပန်ဆန်းမြို့၌ FPNCC တို့က တွေ့ဆုံခဲ့ပြီး၊ အဆိုပါ တွေ့ဆုံမှု အပြီး၌ အချက် ၇ ချက်ပါသည့် ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။

ပန်ဆန်းဆွေးနွေးပွဲ

အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်မ နှင့် တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ လူနည်းစု တိုင်းရင်းသားများ၏ အင်အား နှင့် အစွမ်းအစများကိုသာ အားကိုးကြရမှာဖြစ်ကြောင်း ပြောဆိုထုတ်ပြန်ထားသည်။

ထို့အပြင် ပြည်တွင်းရေး ပဋိပက္ခ ချုပ်ငြိမ်းရန် နှင့် နယ်စပ်ဒေသ တည်ငြိမ်ရန်အတွက် တရုတ်အစိုးရနှင့်လည်း ဆက်လက် လက်တွဲလုပ်ကိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တွေ့ဆုံဆွေးနွေးမှုကို FPNCC အဖွဲ့ဝင် (၇) ဖွဲ့ ဖြစ်ကြသည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ ဗိုလ်မှူးကြီး နော်ဘူ ၊ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဥက္ကဋ္ဌ တာအိုက်ဖုန်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (NDAA) မိုင်းလား၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) တို့ တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ နှင့် ဖေဖော်ဝါရီလအတွင်း FPNCC အဖွဲ့ဝင်များ နှင့် တရုတ်နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးဂျွန် (Deng Xijun) တို့ တွေ့ဆုံခဲ့ပြီးနောက် FPNCC တပ်ဖွဲ့ဝင်များ အချင်းချင်း တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...