Wednesday, January 28, 2026

ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအတွင်း ဒေသခံ ၁၁ ဦး ပျောက်ဆုံးနေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာ (ဝၢၼ်ႈၼမ့်ၼဵၼ်ႈ) အတွင်း ဒေသခံ ၁၁ ဦး ပျောက်ဆုံးနေလျက် ရှိကြောင်း စုံစမ်းသိရှိရသည်။

လက်နက်ကြီး ကျည်ကြောင့် နေအိမ်များ ထိခိုက်ပျက်စီးပုံ

အဆိုပါ ဒေသခံ ၁၁ ဦးသည် မတ်လ ၁၁ ရက်နေ့က စစ်ကောင်စီသည် နမ့်နိန်းကျေးရွာအတွင်း ဝင်ရောက်လာပြီး ဘုန်းကြီး ၃ပါး နှင့် အရပ်သား ၁၉ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး အရပ်သား ၁၁ ဦးလည်း ယနေ့ထိ ပျောက်ဆုံးနေသေးကြောင်း သိရသည်။

“အဲ့နေ့ကတည်း ပျောက်သွားတယ်။ ကျနော်တို့ ဝင်သွားတာတော့ အလောင်းက သံဃာ အပါအဝင်၂၂ လောင်းတွေ့ခဲ့တာ။ ဒေသခံ ၁၁ ယောက်လောက်တော့ အခုထိ ပျောက်နေသေးတယ်။ ပြန်မတွေ့သေးဘူး။ ကျနော်တို့လည်း ရှာလို့မတွေ့သေးဘူး။ စစ်ကောင်စီက အဲ့ရွာထဲဝင်လာပြီးတော့ ဒေသခံတွေကို သတ်ခဲ့ပြီးတော့ ကျန်တဲ့သူကို ဖမ်းသွားတာလည်း ဖြစ်နိုင်တယ်”ဟု PNPF –KK ခွန်ဘင်ဂျမင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ၁၁ ဦးကို ယနေ့ မတ်လ ၁၇ ရက်နေ့ထိ ရှာမတွေ့သေးသည့်အတွက်ကြောင့် စစ်ကောင်စီက ဒိုင်းကာအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။

“ကျနော်တို့ အခုထိ ရှာနေတာတော့ ပြန်မတွေ့သေးဘူး။ စစ်ကောင်စီက သူတို့ကို ဖမ်းသွားပြီးတော့ ဒိုင်းကာအဖြစ်ခေါ်သွားတယ်လို့ပြောတယ်။ သူတို့က ပြည်သူတွေကိုခေါ်ပြီး တော့ ဒိုင်းကာအဖြစ် ဖမ်းခေါ်တာတော့ လူ့အခွင့်ရေး ချိုးဖောက်တယ်လို့မြင်တယ်” ဟု ခွန်ဘင်ဂျမင်က ပြောသည်။

အလားတူ ယမန်နေ့တွင်လည်း ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအနီး တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ပြည်သူများကို ဒိုင်းကာအဖြစ် အသုံးပြုနေသည်ကို ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု KRU ပြန်ကြားရေး ကိုလင်းလင်းက ပြောသည်။

ပင်လောင်းမြို့နယ်တွင် မတ်လက စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ဒေသခံပြည်သူ စုစုပေါင်း (၂၆) ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီ ဒု – ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း ကယားပြည်နယ်တစ်ဝှမ်း လုံခြုံရေးတင်းကြပ်ရာတွင် လက်နက်ခဲယမ်းများကို အပြည့်အဝ အသုံးချရန်အတွက် တပ်မတော်သားများကို မှာကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...