ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအတွင်း ဒေသခံ ၁၁ ဦး ပျောက်ဆုံးနေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာ (ဝၢၼ်ႈၼမ့်ၼဵၼ်ႈ) အတွင်း ဒေသခံ ၁၁ ဦး ပျောက်ဆုံးနေလျက် ရှိကြောင်း စုံစမ်းသိရှိရသည်။

လက်နက်ကြီး ကျည်ကြောင့် နေအိမ်များ ထိခိုက်ပျက်စီးပုံ

အဆိုပါ ဒေသခံ ၁၁ ဦးသည် မတ်လ ၁၁ ရက်နေ့က စစ်ကောင်စီသည် နမ့်နိန်းကျေးရွာအတွင်း ဝင်ရောက်လာပြီး ဘုန်းကြီး ၃ပါး နှင့် အရပ်သား ၁၉ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး အရပ်သား ၁၁ ဦးလည်း ယနေ့ထိ ပျောက်ဆုံးနေသေးကြောင်း သိရသည်။

“အဲ့နေ့ကတည်း ပျောက်သွားတယ်။ ကျနော်တို့ ဝင်သွားတာတော့ အလောင်းက သံဃာ အပါအဝင်၂၂ လောင်းတွေ့ခဲ့တာ။ ဒေသခံ ၁၁ ယောက်လောက်တော့ အခုထိ ပျောက်နေသေးတယ်။ ပြန်မတွေ့သေးဘူး။ ကျနော်တို့လည်း ရှာလို့မတွေ့သေးဘူး။ စစ်ကောင်စီက အဲ့ရွာထဲဝင်လာပြီးတော့ ဒေသခံတွေကို သတ်ခဲ့ပြီးတော့ ကျန်တဲ့သူကို ဖမ်းသွားတာလည်း ဖြစ်နိုင်တယ်”ဟု PNPF –KK ခွန်ဘင်ဂျမင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ၁၁ ဦးကို ယနေ့ မတ်လ ၁၇ ရက်နေ့ထိ ရှာမတွေ့သေးသည့်အတွက်ကြောင့် စစ်ကောင်စီက ဒိုင်းကာအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။

“ကျနော်တို့ အခုထိ ရှာနေတာတော့ ပြန်မတွေ့သေးဘူး။ စစ်ကောင်စီက သူတို့ကို ဖမ်းသွားပြီးတော့ ဒိုင်းကာအဖြစ်ခေါ်သွားတယ်လို့ပြောတယ်။ သူတို့က ပြည်သူတွေကိုခေါ်ပြီး တော့ ဒိုင်းကာအဖြစ် ဖမ်းခေါ်တာတော့ လူ့အခွင့်ရေး ချိုးဖောက်တယ်လို့မြင်တယ်” ဟု ခွန်ဘင်ဂျမင်က ပြောသည်။

အလားတူ ယမန်နေ့တွင်လည်း ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအနီး တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ပြည်သူများကို ဒိုင်းကာအဖြစ် အသုံးပြုနေသည်ကို ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု KRU ပြန်ကြားရေး ကိုလင်းလင်းက ပြောသည်။

ပင်လောင်းမြို့နယ်တွင် မတ်လက စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ဒေသခံပြည်သူ စုစုပေါင်း (၂၆) ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီ ဒု – ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း ကယားပြည်နယ်တစ်ဝှမ်း လုံခြုံရေးတင်းကြပ်ရာတွင် လက်နက်ခဲယမ်းများကို အပြည့်အဝ အသုံးချရန်အတွက် တပ်မတော်သားများကို မှာကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...