ရွှေမှော်အောက်ပျောက်တော့မည့်သျှမ်းရွာလေး

သျှမ်းပြည်နယ်လို့ ပြောဆိုလိုက်ရင် လူတွေရဲ့ မျက်လုံးတွေမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ အေးချမ်းတဲ့ တောင်ပေါ် ဒေသလို့ လှမ်းမြင် ခံစားကြပါမယ်။

ဒါပေမယ့် သျှမ်းပြည်နယ် အရှေ့ပိုင်း ဒေသမှာတော့ တချိန် တခါ က သစ်တောတွေ အုံ့ဆိုင်းပေမယ့် အခု အခါ မှာတော့ သတ္တု တူးဖော်ရေးတွေ အပြိုင်အဆိုင် တူးဖော်နေတဲ့အတွက် တောင်တွေ ကတော့ ကတုံး တွေဖြစ်နေပါပြီ။

သတ္တု တူးဖော်မှုကြောင့် သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် နားဟိုင်းလုံ ကျေးရွာ ကတော့ ပြောင်းရွှေ့ ရမယ့် အနေအထား ရောက်နေပြီးလို့ နားဟိုင်းလုံ ကျေးရွာ ဒေသခံတွေက ပြောဆိုလိုက်ပါတယ်။

နားဟိုင်းလုံကျေးရွာဟာ ထိုင်း လာအို နိုင်ငံနဲ့ကပ်လျက် တည်ရှိတဲ့ သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် ခရိုင် တာလေ မြို့နယ် မိုင်းလင်းကျေးရွာအုပ်စုဝင် ကျေးရွာတရွာ ဖြစ်ပါတယ်။

လက်ရှိ နားဟိုင်းလုံ ကျေးရွာ အခြေအနေ

ယခုရက်ပိုင်း မိုးတွေ ဆက်တိုက်ရွာသွန်းတဲ့အတွက် ရွှေတူးဖော်တဲ့ တောင်ပေါ်ကရေတွေ ညသန်းခေါင်ချိန်မှာ ရုတ်တရက် ကျဆင်းလာလို့ နမ့်ခမ်းချောင်း ရေလျှံပြီး နားဟိုင်းလုံရွာကို ရေလွှမ်းတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

နားဟိုင်းလုံ အနီးပတ်ဝန်းကျင်တွေမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေကြသလို တောင်ကျချောင်းရေကို ပိတ်ပြီးတော့လည်း ရွှေတွေ ကျင်နေကြတဲ့အတွက် နားဟိုင်းလုံ ကျေးရွာ အတွင်း စီးဆင်းနေတဲ့ နမ့်ခမ်းချောင်း ကတော့ နုန်းတွေ အပြည့်နဲ့ ပျောက်ကွယ် စပြုနေပါပြီ။

“စက်တင်ဘာ ၃ရက်နေ့ က ည သန်းခေါင်မှာ နမ့်ခမ်းချောင်း က တွေ မြင့်တက်လာပြီး ကျမတို့အိမ်ထဲ ရေဝင်ပါတယ်။ နမ့်ခမ်းချောင်း ဘေးက အိမ်ခြေ ၂၀ ကျော် ရေဝင်ပါတယ်” လို့ နားဟိုင်းလုံဒေသ သားဖွားဆရာမ ဒေါ်နန်းလာ က ပြောပါတယ်။

တောင်ကျရေနဲ့အတူပါလာတဲ့ သဲတွေနေအိမ်ခြံဝင်းထဲဝင်လာလို့ ရှင်းလင်းနေတဲ့ နားဟိုင်းလုံရွာသူ တဦး
(ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)

နားဟိုင်းလုံ ဒေသခံတွေ အားထားတဲ့ နမ့်ခမ်းချောင်းကတော့ ပျောက်ကွယ်သွားပြီး သဲတွေ နုန်းတွေပဲ ရှိတော့ကြောင်း နန်းလာက ဆိုုပါတယ်။

“ နမ့်ခမ်းချောင်းက ဘေးမှာနေတဲ့ သူတွေ အတွက်တော့ အန္တရာယ် အရမ်းများတယ်။ မိုးရွာရင် အိပ်မပျော်ဘူး။ တောင်ရေကျရင် နေအိမ်တွေထဲ ရေရုတ်တရက် ဝင်လာမှာကို စိုးရိမ်နေရတယ်” လို့ လည်း ဆရာမ နန်းလာ က ပြောပါတယ်။

ရွှေတူးဖော်မှုနဲ့ ပတ်သတ်ပြီး လက်ရှိ အစိုးရ အနေနဲ့ လာရောက် ကြည့်ရှုမှု မရှိကြောင်းလည်း ဒေသခံတွေ ကပြောပါတယ်။

နားဟိုင်းလုံ ဒေသ မှာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနစ် က စပြီး ရွှေတူးဖော်ကြတဲ့ အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ မြစ်ချောင်းတိမ်ကောမှုတွေ လယ်ယာ ပေါင်းများစွာ ပျက်စီးမှုတွေ စတင်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ က ပြောကြပါတယ်။

“ ဒီရက်ပိုင်းမှာ မိုးတွေ အရမ်း ရွာတော့ နမ့်ခမ်းချောင်းက နုန်းတွေ မြင့်တက်လာတာနဲ့အတူ ရွာဝင် တံတားတွေ ပျက်တယ်။ တိရစ္ဆာန်တွေ သေတယ်။ အိမ်တွေ လည်း ရေဝင်တယ် ” လို့ နားဟိုင်းလုံ ဒေသခံ စိုင်းလျောဝ်က ပြောပါတယ်။

“ ရွာပြောင်းရတော့မယ့် အလားအလာရှိတယ် ”- လို့လည်း စိုင်းလျောဝ် က ဆို့နစ်စွာ ပြောပါတယ်။

ပျက်စီး ဆုံးရှုံးမှုနဲ့ရွာ အခြေအနေ ကို အုပ်ချုပ်ရေးမှူးက စာရင်းလာကောက်သွားကြောင်းလည်း ဒေသခံတွေ ကပြောပြပါတယ်။

အဲ့ဒီဒေသ မှာ ရွှေတူးဖော်မှုကြောင့် လယ်ယာမြေ ဧက ၃၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း မြန်မာ နိုင်ငံ တောင်သူလယ်သမား များကွန်ရက် ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

နားဟိုင်းလုံ ကျေးရွာ ပတ်ဝန်းကျင် မှာ ရွှေတူးဖော်နေတဲ့ ကုမ္ပဏီ ၂၀ ကျော် ရှိပြီး ကျေးရွာတွေကို တရားဝင် လျော်ကြေးငွေ ပေးနေတာကတော့ ကုမ္ပဏီ ၉ ခု သာ ရှိကြောင်း ၊ တရားမဝင် ခိုးတူးနေတဲ့ အဖွဲ့တွေလည်း ရှိကြောင်း နားဟိုင်းလုံ ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့် နားဟိုင်းလုံ ကျေးရွာ မှာ အဓိက ရွှေတူးဖော်နေတဲ့ ကုမ္ပဏီတွေက စိုင်းတစ် ၊ စိုင်းစိုက်ပျိုးရေး၊ လွယ်ခမ်း လုံ၊ တာချီလိ်တ်ရွှေတော် နဲ့ ရွှေသျှမ်းမင်း ကုမ္ပဏီတွေ ဖြစ်တယ်လို့ သျှမ်းပြည်နယ် အရှေ့ပိုင်း သတ္တုလုပ်ငန်းရှင် အသင်းက ထုတ်ပြန်ထားပါတယ်။

တဖက်မှာလည်း ရွှေတူးဖော်မှုကြောင့့် တောင်ကျချောင်းရေတွေနဲ့အတူ မြေစာတွေသဲနုန်းတွေဟာ နမ့်ခမ်းချောင်း ထဲစီးဝင်တာပြည့်လျှံရုံမျှမက ချောင်းဘေးက လယ်ယာမြေတွေထဲ စီးဝင်ကုန်လို့ပျက်စီး မှုများပြားတယ်လို့ ဒေသခံတွေကပြောဆိုပါတယ်။

ရွှေတူးဖော်ရာ မှာ အသုံးပြုတဲ့ ဓာတုပစ္စည်း တွေဟာ နမ့်ခမ်းချောင်းထဲ စီးဝင်တာကြောင့် ငါးတွေ ဖားတွေ သေဆုံးတာ၊ လယ်ယာတွေ ပျက်စီးတာတွေဆက်တိုက်ဖြစ်လာနေတယ်လို့ လယ်သမားတွေကပြောပါတယ်။

သတ္တုလုပ်ငန်းရှင်တွေကတော့ – နမ့်ခမ်းချောင်း ထဲက နုန်းတွေကို စက်ယန္တရားကြီးတွေ နဲ့ နှစ်စဉ်ဆယ် ယူပေးနေ တယ်၊ စိုက်ပျိုးလို့ မရတဲ့လယ်ယာ ၃၀၀ ကျော်ကို နှစ်စဉ်လျော်ကြေးငွေ ဘတ် သိန်း ၄၀ ပေးနေတယ်လို့ ပြောပါတယ်။

“ လက်ရှိမှာ ကျနော်တို့ပျက်စီး တာတွေ ပြုပြင်ပေးဖို့ လုပ်နေပါတယ်” သတ္တုလုပ်ငန်းစဉ် အသင်း မှ တာဝန်ရှိသူ က ပြောပါတယ်။

ရွှေတူးဖော်တဲ့နေရာမှာ ရွှေရလိုမှု များတဲ့ အတွက် ဆိုက်ယာနိုက်ဆေးရည် ကို အလွန်အကျွံ သုံးစွဲပြီ ရွှေထုတ်ယူကြ တယ်- လို့သတ္တုတွင်း ဦးစီးဌာန ဒုညွှန်ကြားရေးမှူး (ငြိမ်း) ဦးစိန်မြင့် က ပြောပါတယ်။

“ ရွှေတူးဖော် တဲ့အခါမှာ ရွှေလုပ်ငန်းတွေ မှာ ဘယ်လို ဓာတုပစ္စည်းတွေ အသုံးပြုလဲ။ ဘယ်လို စွန့်ပစ်နေလဲ ဆိုတာ သက်ဆိုင်ရာ က စုံစမ်းသင့်ပါတယ်” လို့ ဦးစိန်မြင့် က ဆိုပါတယ်။

ဆိုက်ယာနိုက် ဆေးရည် ကို မသုံးစွဲဖို့ အတွက် သတ္တုတွင်း ဦးစီးဌာန က ပိတ်ပင်ထားပေမယ့် ရွှေများများ ရလိုရင်တော့ ဆေးရည်ကို အလွန်အကျွံ သုံးကြကြောင်း၊ ပြီးတော့ ရွှေ ထုတ်ယူပြီး စည်းမဲ့ကမ်းမဲ့ စွန့်ပစ်တာတွေ ကြောင့် ရေတွေ အဆိပ်သင့် ကြောင်း ဦးစိန်မြင့်က ပြောပြပါတယ်။

ကျေးလက်လူထု အားကိုးရသည့်နမ့်ခမ်းချောင်း ပျောက်ကွယ်

ဆက်လက်ပြီး ဒေသခံ အမျိုးသား တဦး က “ နုန်းတွေ လာဆယ်ပေမယ့် မိုးရွာရင် တောင်ပေါ် ကနုန်းတွေ ပြန်ကျလာတယ် ဘာမှ မထူးဘူး။ ကျနော်တို့သောက်ရေကန်တွေ ရေညှိလိုလို စိမ်းနေတယ်။ သောက်လို့မရတော့ဘူး။ ရေသန့် ဝယ်သောက်နေရတယ်”လို့ နားဟိုင်းလုံ ကျေးရွာ အခြေအနေကို ပြောပြပါတယ်။

ရွှေတူးဖော်မှုကြောင့် ရွာသားတွေသေဆုံးနေရ

၂၀၁၅ ခုနစ် အောက်တိုဘာ လတုန်းက ရွှေတူးဖော်ရေးစီမံကိန်းဘက်မှာရှိတဲ့ ချောင်းဦးကို ကြည့်ဖို့ အသွား နားဟိုင်းလုံရွာသားတယောက်ကို လွိုင်ခမ်းလုံ ကုမ္ပဏီ လုံခြုံရေး တာဝန်ယူ နေတဲ့ မိုင်းဖြတ် အခြေစိုက် တပ် က တပ်သားတွေ က သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့်လည်း အသက် ၅၀ ကျော် နားဟိုင်းလုံရွာသား စိုင်းဆမ် သေဆုံးခဲ့ရပါတယ်။

နားဟိုင်းလုံ ဒေသခံ တောင်သူ စိုင်းဆမ် သေဆုံးမှု ဟာ ဒေသခံတွေ အတွက် ခြိမ်းခြောက်မှု တခုလိုဖြစ်နေတဲ့အတွက် ဦးစိုင်းဆမ် သေဆုံးပြီး နောက်ပိုင်းမှာတော့ ဒေသခံတွေ ရွှေတူးဖော်မှု ကို မကန့်ကွက်ရဲတော့ကြောင်းလည်း သိရပါတယ်။

လုံးစိုင်းဆမ် သေဆုံးမှု နဲ့ ပတ်သတ်ပြီး တာချီလိတ် ခရိုင် တရားမှာ အမှုဖွင့်ခဲ့ပေမယ့် အမှုနဲ့ ပတ်သတ်ပြီး လုံးစိုင်းဆမ် ရဲ့ မိသားစုဝင်တွေက တစုံတရာ မသိရှိခဲ့ရပါဘူး။

“ အဖေ သေဆုံးတဲ့ အမှု က ပြီးသွားပြီလို့ ပြောတယ်။ ဘယ်လို ချခဲ့လဲ ဆိုတာတော့ ကျနော်တို့ လည်းမသိရဘူး။ အမှုကို ဘယ်လို ဖွင့်ခဲ့တာလဲ ကအစ မသိရဘူး။ တရားရုံးက စစ်ဆေးတဲ့အခါလည်း ကျနော်တို့ ကိုခေါ် တာတွေ မရှိခဲ့ဘူး” လို့ လုံးစိုင်းဆမ် ရဲ့ သားဖြစ်သူ စိုင်းလျောဝ်က ဆိုပါတယ်။

“ အမိန့်ချတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး တော့ သေနတ်ထိမှန်ပြီး သွေးလွန်သေဆုံးသွားတယ်လို့ပြောပြပါတယ်။ ဘယ်သူ က ပစ်တယ်ဆိုတာကတော့ မပြောပြဘူး ဗျ” လို့ စိုင်းလျောဝ်က ထပ်မံပြောပါတယ်။

လုံးစိုင်းဆမ် ၏ မိသားစုဝင်တွေကတော့ တောင်ယာလုပ်ကိုင်နေသူ ဖြစ်ပြီး၊ တရားရေးသဘောကို နားလည်မှု မရှိသလို မြန်မာ စကားကိုလည်း ရေရေလည်လည် မပြောဆိုနိုင် ကြပါဘူး။

နားဟိုင်းလုံ ကျေးရွာ ရွှေ့ပြောင်း နိုင်

နားဟိုင်းလုံ ကျေးရွာ ကလယ်ယာတွေကို အဓိက အားကိုး နေရတဲ့ ဒေသဖြစ်တဲ့ အတွက် လယ်ယာ ပြန်လုပ်နိုင်အောင် ရွှေတူးဖော်မှု ရပ်ဆိုင်းဖို့ ကန့်ကွက်ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ဒေသ တခုဖြစ်ကြောင်းလည်း နားဟိုင်းလုံ ဒေသခံ တွေက ပြောပါတယ်။

ဒါ့အပြင် ရွှေတူးဖော်မှု ရပ်တန့်ရေးကန့်ကွက်မှု မအောင်မြင်ရခြင်းမှာ ရွာ သားအချင်းချင်း စည်းလုံးမှု မရှိသလို ကုမ္ပဏီ တွေရဲ့ သွေးခွဲ တဲ့ လုပ်ရပ်တွေ ကြောင်း လည်း ပါဝင်တယ် လည်း ဒေသခံတွေက ဆိုပါတယ်။

ရွှေတူးဖော်မှု ကြောင့် နားဟိုင်းလုံ ကျေးရွာ က တနှစ်ထက် တနှစ် အခြေအနေ ပိုဆိုးရွားလာပြီး နမ့်ခမ်းချောင်းလည်း ပျောက်ကွယ်သွားတဲ့အတွက် ကျေးရွာ ရွှေ့ပြောင်းရမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

“ ကျမတို့ ရွာက ပြောင်းရွှေ့ ရတော့မယ့် အနေအထားရောက်နေပါပြီ။ ဆက်နေမယ်ဆိုရင်တော့ ရွှေတူးဖော်တာတွေ လုံးဝ ရပ်မှ ရမယ်။ ဆက်တူးရင်တော့ ပြောင်းရမှာပါ။ ဒေသခံတွေကတော့ စိုးရိမ်မှု တွေနဲ့ ပဲ နေထိုင်နေရပါတယ်” လို့ နန်းလာ က ပြောလိုက်ပါတယ်။

လက်ရှိ သျှမ်းပြည်နယ် အရှေ့ပိုင်းမှာ ရွှေတူးဖော် ထုတ်လုပ်မှုအတွက် ပြည်ထောင်စု အစိုးရ ကို အခွန်ပေးဆောင်နေတဲ့ ကုမ္ပဏီ ၄၀ ခန့်ရှိကြောင်း သိရပါတယ်။

ရွှေတူးဖော်မှု တွေ များနေတဲ့ သျှမ်းရှေ့ ပြည်သူတွေ ကတော့ ယခင်က စိမ်းစို တဲ့ တောတောင်တွေ မြစ်ချောင်းတွေ ကို ဒဏ္ဍာရီ ဆန်တဲ့ ပုံပြင် တပုဒ်လို ဖြစ်သွားမှာ ကို စိုးရိမ် နေကြပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာဒုက္ခသည်များ စခန်းပြင်ပ၌ နယ်ကျော် တရားဝင်အလုပ်လုပ်ကိုင်နိုင်မည့်  ထိုင်းအုပ်ချုပ်ရေးဦးစီးဌာန (DOPA) ထုတ်ပြန်

0
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ကြသည့် မြန်မာရွှေ့ပြောင်းဒုက္ခသည်များ အနေဖြင့် သတ်မှတ်ထားသော ပြည်နယ် ၄၃ ခုတွင် အစိုးရက ခွင့်ပြုထားသည်။  ထို အလုပ်အကိုင်အမျိုးအစားများ၌ တရားဝင် ထွက်ခွာလုပ်ကိုင်ခွင့်ရှိတော့မည်ဖြစ်ကြောင်း ထိုင်းအုပ်ချုပ်ရေး ဦးစီးဌာန (DOPA) က တရားဝင် ရှင်းလင်းထုတ်ပြန်ကြောင်း The Nation Thailand ဖော်ပြသည်။ ထိုင်းအုပ်ချုပ်ရေးဦးစီးဌာန၏ ရှင်းလင်းချက်အရ ၁၉၈၄...

စိုက်ပျိုးစရိတ်မြင့်တက်မှုကြောင့် လင်းခေး ကြံနှင့် နှမ်းစိုက်ပျိူးသူများ လျော့နည်းလား

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးမြို့နယ်တွင် စိုက်ပျိုးစရိတ်များမြင့်တက်လာပြီး သီးနှံဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် ကြံ နှင့် နှမ်းစိုက်ပျိုးမှု လျော့နည်းလာကြောင်း စုံစမ်းသိရသည်။ ယခုနှစ် အတွင်း ကုန်စျေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာသည့်အပြင် စိုက်ပျိုးရေး သုံးပစ္စည်းများ၏ စျေးနှုန်းများလည်း မြင့်တက်လာကာ သီးနှံစျေးနှုန်းများ ကျဆင်းနေသည့်အတွက် တောင်သူများအကြား ကြံနှင့် နှမ်းစိုက်ပျိုးမှု လျော့နည်းလာနေကြောင်း...

အွန်လိုင်းအလုပ်ခေါ်စာမှတဆင့် ပင်လောင်းမိန်းကလေးများ တရုတ်နယ်စပ်တွင် လူကုန်ကူးခံရ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို ယုံစားမိသည့် ပင်လောင်းမြို့နယ်မှ မိန်းကလေး ၁၄ ဦး လူကုန်ကူးခံရကြောင်း သတင်းရရှိသည်။ အဆိုပါ လူကုန်ကူးခံရသည့် မိန်းကလေးများသည် အသက် ၁၈ နှစ်မှ အသက် ၂၅ နှစ်အရွယ်ရှိကြသည်။ ပြီးခဲ့သည့် မတ်လအတွင်း ပင်လောင်းမြို့နယ် တောင်လေးကျေးရွာမှ မိန်းကလေးများသည် အွန်လိုင်းမှတစ်ဆင့်...

ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

နမ့်စန် မတ်ကျန်းပြည်သူ့စစ်နယ်မြေ KBZ ဘဏ်ခွဲ ဦးအောင်ကိုဝင်း ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့

0
သျှမ်းပြည် နမ့်စန်မြို့နယ် ပန်လျန်းဆိုင်ဒေသရှိ မတ်ကျန်းပြည်သူ့စစ် ထိန်းချုပ်နယ်မြေထဲ KBZ Bank ကမ္ဘောဇဘဏ်ခွဲတစ်ခုကို ဦးအောင်ကိုဝင်း ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက်ပိုင်းတွင် နမ့်စန်မြို့နယ်ရှိ မတ်ကျန်းဌာနေပြည်သူ့စစ် ထိန်းချုပ်ရာ ပန်လျန်းဆိုင်ဒေသ ပန်လင်းကျေးရွာ၌ ကမ္ဘောဇဘဏ်လီမိတက်မှ KBZ Bank...