SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းဒေသ လျှပ်စစ်မီးဓာတ်အားဖွင့်ပွဲ စစ်ကောင်စီခန့် သျှမ်းဝန်ကြီးချုပ် တက်ရောက်ဖွင့်ပေး

ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်ရှိ SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းဒေသတွင် ၆၆/၁၁ ကေဗွီ (၅) အမ်ဗွီအေ လျှပ်စစ်ဓာတ်အားဖွင့်ပွဲကို စစ်ကောင်စီ လက်အောက်ခံ သျှမ်းပြည် ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် ဝမ်ဟိုင်းဒေသ လျှပ်စစ်မီးဓာတ်အားဖွင့်ပွဲ တက်ရောက်

အဆိုပါ လျှပ်စစ်ဓာတ်အား ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့သည့် မတ်လ ၁၂ ရက်တွင် ကျေးသီးမြို့နယ် ၊ ဝမ်ဟိုင်း ဒေသရှိ ပါခီးကျေးရွာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သျှမ်းပြည်ဝန်ကြီးချုပ် ကိုယ်တိုင် ဖွင့်ပွဲကို တက်ခဲ့ပါတယ်၊ ပြီးတော့ ရလခ တိုင်းမှူးလည်းတက်တယ်၊ ဒေသအတွင်းက လူထုကိုယ်စားလှယ်တစ်ဦးကလည်း စကားပြောပြီး လက်ဆောင်တွေ အပြန်အလှန် ပေးကမ်းပြီးတော့ အဲ့နေ့က ဖွင့်ပွဲအခမ်းအနား ပြီးသွားတယ်” ဟု အမည်မဖော်လိုသည့် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် ဝမ်ဟိုင်းဒေသ လျှပ်စစ်မီးဓာတ်အားဖွင့်ပွဲ တက်ရောက်

ဝမ်ဟိုင်းဒေသ လျှပ်စစ်ဓါတ်အား ဖွင့်ပွဲ အခမ်းအနားတွင် စစ်ကောင်စီခန့် သျှမ်းပြည် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းတို့နှင့် အတူ သျှမ်းပြည် အစိုးရ အဖွဲ့ဝင်များက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ယင်း လျှပ်စစ်ဓါတ်အားလိုင်းသည် ကျိုင်းတောင်းရေအားလျှပ်စစ်မှ လိုင်းခွဲရရှိထားသည့် လျှပ်စစ်မီးဖြစ်ပြီး ဝမ်ဟိုင်းဒေသ ပတ်ပတ်လည်ကျေးရွာများအထိ လျှပ်စစ်မီးရရှိကြောင်း ဝမ်ဟိုင်းဒေသ အမည်မဖော်လိုသူ အသက် ၂၀ ကျော် လူငယ်တစ်ဦးက ပြောသည်။

“အရင်ကဆိုရင် ဝမ်ဟိုင်းဒေသက ရေပြာအိုင်ကနေ ထုတ်တဲ့ ရေအားလျှပ်စစ်နဲ့ မီးဖြန့်တယ်လေ၊ ဒါပေမဲ့ အိမ်ခြေတွေ၊ လူဦးရေတွေ များလာတော့ မီးအားက မနိုင်ဘူး၊ အခု ဒီ ကျိုင်းတောင်း မီး ရတာ လည်းကြာပါပြီ၊ ဖွင့်ပွဲကိုတော့ ပြီးခဲ့တဲ့ ၁၂ ရက် (မတ်လ) မှာ လုပ်တာပေ့ါ၊ ဝမ်ဟိုင်းပတ်ပတ်လည်ရွာထိ မီးရတယ်” ဟု ဝမ်ဟိုင်းဒေသ အမည်မဖော်လိုသူ အသက် ၂၀ ကျော် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် ဝမ်ဟိုင်းဒေသ လျှပ်စစ်မီးဓာတ်အားဖွင့်ပွဲ တက်ရောက်

လက်ရှိတွင် ဝမ်ဟိုင်းဒေသမှာလည်း မီးတိုင်အသစ်များ စိုက်ထူနေလျက်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာလည်း သျှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးသည် မိုင်းကိုင်မြို့သို့ ရောက်ရှိခဲ့ပြီး စေတီပုထိုးများ ပြုပြင်မွမ်းမံရန်အတွက် ကျပ် သိန်း ၁၀၀ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဝမ်ဟိုင်းဒေသအတွင်း စစ်ကောင်စီခန့် သျှမ်းပြည် ဝန်ကြီးချုပ် နှင့် တိုင်းမှူးများကိုယ်တိုင် လျှပ်စစ်ဓါတ်အား ဖွင့်လှစ်ပွဲ ပြုလုပ်ခြင်း နှင့် ပတ်သက်ပြီး အသေးစိတ် သိရှိရန်အတွက် SSPP/SSA ထံသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် ဝမ်ဟိုင်းဒေသ လျှပ်စစ်မီးဓာတ်အားဖွင့်ပွဲ တက်ရောက်

ပြီးခဲ့သည့် မတ်လ ၁၁ ရက်တွင်လည်း လားရှိုးခရိုင်ရှိ မိုင်းရယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် SSPP/SSA တို့သည် လေးကြိမ်ထ က်မနည်းတွေ့ဆုံမှု ရှိခဲ့ပြီး စတုတ္ထအကြိမ်မြောက် တွေ့ဆုံမှုတွင် ဝမ်ဟိုင်းဒေသ၏ ပညာရေး နှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ အချက်များကို တင်ပြ တောင်းဆိုမှု ရှိခဲ့ကြောင်းလည်း သိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...