Saturday, April 27, 2024

SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းဒေသ လျှပ်စစ်မီးဓာတ်အားဖွင့်ပွဲ စစ်ကောင်စီခန့် သျှမ်းဝန်ကြီးချုပ် တက်ရောက်ဖွင့်ပေး

Must read

ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်ရှိ SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းဒေသတွင် ၆၆/၁၁ ကေဗွီ (၅) အမ်ဗွီအေ လျှပ်စစ်ဓာတ်အားဖွင့်ပွဲကို စစ်ကောင်စီ လက်အောက်ခံ သျှမ်းပြည် ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် ဝမ်ဟိုင်းဒေသ လျှပ်စစ်မီးဓာတ်အားဖွင့်ပွဲ တက်ရောက်

အဆိုပါ လျှပ်စစ်ဓာတ်အား ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့သည့် မတ်လ ၁၂ ရက်တွင် ကျေးသီးမြို့နယ် ၊ ဝမ်ဟိုင်း ဒေသရှိ ပါခီးကျေးရွာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သျှမ်းပြည်ဝန်ကြီးချုပ် ကိုယ်တိုင် ဖွင့်ပွဲကို တက်ခဲ့ပါတယ်၊ ပြီးတော့ ရလခ တိုင်းမှူးလည်းတက်တယ်၊ ဒေသအတွင်းက လူထုကိုယ်စားလှယ်တစ်ဦးကလည်း စကားပြောပြီး လက်ဆောင်တွေ အပြန်အလှန် ပေးကမ်းပြီးတော့ အဲ့နေ့က ဖွင့်ပွဲအခမ်းအနား ပြီးသွားတယ်” ဟု အမည်မဖော်လိုသည့် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် ဝမ်ဟိုင်းဒေသ လျှပ်စစ်မီးဓာတ်အားဖွင့်ပွဲ တက်ရောက်

ဝမ်ဟိုင်းဒေသ လျှပ်စစ်ဓါတ်အား ဖွင့်ပွဲ အခမ်းအနားတွင် စစ်ကောင်စီခန့် သျှမ်းပြည် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းတို့နှင့် အတူ သျှမ်းပြည် အစိုးရ အဖွဲ့ဝင်များက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ယင်း လျှပ်စစ်ဓါတ်အားလိုင်းသည် ကျိုင်းတောင်းရေအားလျှပ်စစ်မှ လိုင်းခွဲရရှိထားသည့် လျှပ်စစ်မီးဖြစ်ပြီး ဝမ်ဟိုင်းဒေသ ပတ်ပတ်လည်ကျေးရွာများအထိ လျှပ်စစ်မီးရရှိကြောင်း ဝမ်ဟိုင်းဒေသ အမည်မဖော်လိုသူ အသက် ၂၀ ကျော် လူငယ်တစ်ဦးက ပြောသည်။

“အရင်ကဆိုရင် ဝမ်ဟိုင်းဒေသက ရေပြာအိုင်ကနေ ထုတ်တဲ့ ရေအားလျှပ်စစ်နဲ့ မီးဖြန့်တယ်လေ၊ ဒါပေမဲ့ အိမ်ခြေတွေ၊ လူဦးရေတွေ များလာတော့ မီးအားက မနိုင်ဘူး၊ အခု ဒီ ကျိုင်းတောင်း မီး ရတာ လည်းကြာပါပြီ၊ ဖွင့်ပွဲကိုတော့ ပြီးခဲ့တဲ့ ၁၂ ရက် (မတ်လ) မှာ လုပ်တာပေ့ါ၊ ဝမ်ဟိုင်းပတ်ပတ်လည်ရွာထိ မီးရတယ်” ဟု ဝမ်ဟိုင်းဒေသ အမည်မဖော်လိုသူ အသက် ၂၀ ကျော် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် ဝမ်ဟိုင်းဒေသ လျှပ်စစ်မီးဓာတ်အားဖွင့်ပွဲ တက်ရောက်

လက်ရှိတွင် ဝမ်ဟိုင်းဒေသမှာလည်း မီးတိုင်အသစ်များ စိုက်ထူနေလျက်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာလည်း သျှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးသည် မိုင်းကိုင်မြို့သို့ ရောက်ရှိခဲ့ပြီး စေတီပုထိုးများ ပြုပြင်မွမ်းမံရန်အတွက် ကျပ် သိန်း ၁၀၀ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဝမ်ဟိုင်းဒေသအတွင်း စစ်ကောင်စီခန့် သျှမ်းပြည် ဝန်ကြီးချုပ် နှင့် တိုင်းမှူးများကိုယ်တိုင် လျှပ်စစ်ဓါတ်အား ဖွင့်လှစ်ပွဲ ပြုလုပ်ခြင်း နှင့် ပတ်သက်ပြီး အသေးစိတ် သိရှိရန်အတွက် SSPP/SSA ထံသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် ဝမ်ဟိုင်းဒေသ လျှပ်စစ်မီးဓာတ်အားဖွင့်ပွဲ တက်ရောက်

ပြီးခဲ့သည့် မတ်လ ၁၁ ရက်တွင်လည်း လားရှိုးခရိုင်ရှိ မိုင်းရယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် SSPP/SSA တို့သည် လေးကြိမ်ထ က်မနည်းတွေ့ဆုံမှု ရှိခဲ့ပြီး စတုတ္ထအကြိမ်မြောက် တွေ့ဆုံမှုတွင် ဝမ်ဟိုင်းဒေသ၏ ပညာရေး နှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ အချက်များကို တင်ပြ တောင်းဆိုမှု ရှိခဲ့ကြောင်းလည်း သိသည်။

Leave a Comments

- Advertisement -spot_img

Latest article