Wednesday, January 28, 2026

တောင်ကြီးတွင် စစ်ကောင်စီ လက်အောက်ခံ PNO မှ ဦးဆောင်ပြီး KNDF နဲ့ PDF တပ်ဖွဲ့ကို အလိုမရှိကြောင်း ဆန္ဒပြ

သျှမ်းပြည် တောင်ကြီးမြို့ ကံကြီးရပ်ကွက် တပေါင်းကွင်းတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) မှ ဦးဆောင်ပြီး နမ့်နိန်းကျေးရွာအတွင်း သတ်ဖြတ်မှု နှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF နှင့် PDF တို့ကို အလိုမရှိ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပအိုဝ်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

ယနေ့ (မတ်လ ၁၅ ရက်) မနက် ၉ နာရီမှ စပြီး တပေါင်းကွင်းတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) မှ ဦးဆောင်ပြီး ပြည်သူများထံ “တစ်အိမ်ကို တစ်ယောက် မတက်မနေရ “ ခြိမ်းခြောက် ပြောဆိုပြီး နမ့်နိန်းကျေးရွာအတွင်း သတ်ဖြတ်မှု နှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF နှင့် PDF တို့ကို အလိုမရှိကြောင်း ဆန္ဒပြပွဲ တရပ်ကျင်းပပြုလုပ်ခဲ့သည်။

“ ဒီ ပင်ပုံ၊ တောင်မဲသင်း၊ လုံးပျဉ်၊ နမ့်နိန်းရွာက ဖြစ်စဉ်အားလုံးက မြန်မာ့တပ်မတော်မှလည်း မဟုတ်ဘူး။ ဒီဖြစ်စဉ်အားလုံးက PNA လည်းမဟုတ်ဘူး။ အဲ့ဒီတော့ အကြမ်းဖက်သမားဖြစ်တဲ့ KNDF ကနေ စခဲ့တဲ့ လုပ်ငန်းအားလုံးတွေ ဖြစ်တယ် “ ဟု ပင်လောင်းမြို့နယ် ဦးဇင်းတစ်ပါးက မိန့်ကြားပါသည်။

ပြီးခဲ့သည့် (မတ်လ ၁၁ ရက်) နမ့်နိန်းကျေးရွာအတွင်း သံဃာတော် ၃ ပါး အပါအဝင် အရပ်သား ၂၈ ဦးကို အစုလိုက်အပြုံလိုက် သတ်ခံရမှု ဖြစ်စဉ်အပေါ် KNDF နှင့် PDF လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံတွေက စွပ်စွဲပြီး ကန့်ကွက်ဆန္ဒပြပွဲ တစ်ရပ်ကို ပြုလုပ်ခြင်းဖြစ်သည်။

ပအိုဝ်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

အဆိုပါ ဆန္ဒပြပွဲ နှင့် ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ (PNO/ PNA) မှ ကျေးရွာရှိ ဒေသခံများကို တစ်အိမ်လျှင်တစ်ဦး မတက်မနေရ ခေါ်ဆောင်ခဲ့ကြောင်း မတက်လျှင် ကျပ်ငွေ (၅) သောင်း ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်း တောင်ကြီးဒေခံ အမျိုးသားတစ်ဦးက ပြောသည်။

“ တောင်ဖက်ရွာတွေ တစ်အိမ်တစ်ယောက် မလာမနေရလို့ ဖိအားပေးနေတယ်။ နောင်ကား၊ လွယ်ကောင်း ဖက်ကလူတွေ မလာချင်ဘူး။ အတင်းခေါ်နေတယ်။ မသွားရင် တစ်အိမ် (၅) သောင်းပေးရတယ် “ ဟု ၎င်းက ပြောသည်။

ဆန္ဒပြပွဲအတွင်း ဆောင်ပုဒ်များမှာ “ သတင်းမှန် ဖုံးကွယ်ရေးသား ဖော်ပြသော မီဒီယာများ အလိုမရှိ” “ ပအိုဝ်းဒေသအတွင်း ကျူးကျော်စစ်တလင်း ဖန်တီးမှု အလိုမရှိ” KNDF နှင့် အကြမ်းဖက် PDF အပေါင်းအပါများ ပအိုဝ်းဒေသမှ အမြန်ဆုံးဆုတ်ခွာရေး.. ဒို့အရေး ဒို့အရေး ဒို့အရေး “ ဟုဆိုပြီး ရေးသား ဆန္ဒထုတ်ဖော်ကြသည်။

ပအိုဝ်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

ထို့အပြင် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအတွင်း သတ်ဖြတ်မှု နှင့် ပတ်သက်၍ ပအိုဝ်းတိုင်းရင်းသားများစုပေါင်းပြီး ဆန္ဒပြပွဲကျင်းပမှုအပေါ် စစ်ကောင်စီတပ်ဖွဲ့မှ လူမျိုး၊ ဘာသာ၊ သာသနာကို မှိုင်းတိုက်နေခြင်း ဖြစ်ကြောင်း အသက် ၂၀ နှစ်အရွယ် ခွန်ရှိုင်း (အမည်လွှဲ) က ပြောသည်။

“ ကျနော်တို့ ပအိုဝ်းလူမျိုးတွေက ပိန်းကိုပိန်းတာပါ။ အခုထိ ကျွန်စိတ် မပျောက်သေးဘူး။ ကျနော်တို့ လူငယ်တွေ အခွင့်အရေး မရှိဘူး။ လူငယ်တွေပြောရင်လည်း လူငယ်နေရာမှာ လူငယ်လိုနေ ဆိုတာကြီးဘဲ။ ကျနော်တို့ လူမျိုးတွေ စစ်တပ်က မှိုင်းတိုက်ထားတဲ့ လူမျိုး၊ ဘာသာ၊ သာသနာ ကနေ မလွတ်မြောက်နိုင်သေးဘူး “ ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါ ၂၄ ရက်) မှစပြီး စစ်ကောင်စီတပ်ဖွဲ့၊ ပအိုဝ်းပြည်သူ့စစ် PNA တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ခြင်းကြောင့် ကျေးရွာ (၆) ရွာ နှင့် ဒေသခံ ပြည်သူ (၆,၀၀၀) ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်းမှာ ပြည်သူ (၃,၁၂၄) ဦး သတ်ဖြတ်ခံထားရပြီး (၂၀,၃၅၉) ဦးမှာ ဖမ်းဆီးခံနေရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း AAPP မှ ယမန်နေ့ (မတ်လ ၁၄ ရက်) ရက်စွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...