တောင်ကြီးတွင် စစ်ကောင်စီ လက်အောက်ခံ PNO မှ ဦးဆောင်ပြီး KNDF နဲ့ PDF တပ်ဖွဲ့ကို အလိုမရှိကြောင်း ဆန္ဒပြ

သျှမ်းပြည် တောင်ကြီးမြို့ ကံကြီးရပ်ကွက် တပေါင်းကွင်းတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) မှ ဦးဆောင်ပြီး နမ့်နိန်းကျေးရွာအတွင်း သတ်ဖြတ်မှု နှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF နှင့် PDF တို့ကို အလိုမရှိ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပအိုဝ်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

ယနေ့ (မတ်လ ၁၅ ရက်) မနက် ၉ နာရီမှ စပြီး တပေါင်းကွင်းတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) မှ ဦးဆောင်ပြီး ပြည်သူများထံ “တစ်အိမ်ကို တစ်ယောက် မတက်မနေရ “ ခြိမ်းခြောက် ပြောဆိုပြီး နမ့်နိန်းကျေးရွာအတွင်း သတ်ဖြတ်မှု နှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF နှင့် PDF တို့ကို အလိုမရှိကြောင်း ဆန္ဒပြပွဲ တရပ်ကျင်းပပြုလုပ်ခဲ့သည်။

“ ဒီ ပင်ပုံ၊ တောင်မဲသင်း၊ လုံးပျဉ်၊ နမ့်နိန်းရွာက ဖြစ်စဉ်အားလုံးက မြန်မာ့တပ်မတော်မှလည်း မဟုတ်ဘူး။ ဒီဖြစ်စဉ်အားလုံးက PNA လည်းမဟုတ်ဘူး။ အဲ့ဒီတော့ အကြမ်းဖက်သမားဖြစ်တဲ့ KNDF ကနေ စခဲ့တဲ့ လုပ်ငန်းအားလုံးတွေ ဖြစ်တယ် “ ဟု ပင်လောင်းမြို့နယ် ဦးဇင်းတစ်ပါးက မိန့်ကြားပါသည်။

ပြီးခဲ့သည့် (မတ်လ ၁၁ ရက်) နမ့်နိန်းကျေးရွာအတွင်း သံဃာတော် ၃ ပါး အပါအဝင် အရပ်သား ၂၈ ဦးကို အစုလိုက်အပြုံလိုက် သတ်ခံရမှု ဖြစ်စဉ်အပေါ် KNDF နှင့် PDF လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံတွေက စွပ်စွဲပြီး ကန့်ကွက်ဆန္ဒပြပွဲ တစ်ရပ်ကို ပြုလုပ်ခြင်းဖြစ်သည်။

ပအိုဝ်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

အဆိုပါ ဆန္ဒပြပွဲ နှင့် ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ (PNO/ PNA) မှ ကျေးရွာရှိ ဒေသခံများကို တစ်အိမ်လျှင်တစ်ဦး မတက်မနေရ ခေါ်ဆောင်ခဲ့ကြောင်း မတက်လျှင် ကျပ်ငွေ (၅) သောင်း ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်း တောင်ကြီးဒေခံ အမျိုးသားတစ်ဦးက ပြောသည်။

“ တောင်ဖက်ရွာတွေ တစ်အိမ်တစ်ယောက် မလာမနေရလို့ ဖိအားပေးနေတယ်။ နောင်ကား၊ လွယ်ကောင်း ဖက်ကလူတွေ မလာချင်ဘူး။ အတင်းခေါ်နေတယ်။ မသွားရင် တစ်အိမ် (၅) သောင်းပေးရတယ် “ ဟု ၎င်းက ပြောသည်။

ဆန္ဒပြပွဲအတွင်း ဆောင်ပုဒ်များမှာ “ သတင်းမှန် ဖုံးကွယ်ရေးသား ဖော်ပြသော မီဒီယာများ အလိုမရှိ” “ ပအိုဝ်းဒေသအတွင်း ကျူးကျော်စစ်တလင်း ဖန်တီးမှု အလိုမရှိ” KNDF နှင့် အကြမ်းဖက် PDF အပေါင်းအပါများ ပအိုဝ်းဒေသမှ အမြန်ဆုံးဆုတ်ခွာရေး.. ဒို့အရေး ဒို့အရေး ဒို့အရေး “ ဟုဆိုပြီး ရေးသား ဆန္ဒထုတ်ဖော်ကြသည်။

ပအိုဝ်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

ထို့အပြင် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအတွင်း သတ်ဖြတ်မှု နှင့် ပတ်သက်၍ ပအိုဝ်းတိုင်းရင်းသားများစုပေါင်းပြီး ဆန္ဒပြပွဲကျင်းပမှုအပေါ် စစ်ကောင်စီတပ်ဖွဲ့မှ လူမျိုး၊ ဘာသာ၊ သာသနာကို မှိုင်းတိုက်နေခြင်း ဖြစ်ကြောင်း အသက် ၂၀ နှစ်အရွယ် ခွန်ရှိုင်း (အမည်လွှဲ) က ပြောသည်။

“ ကျနော်တို့ ပအိုဝ်းလူမျိုးတွေက ပိန်းကိုပိန်းတာပါ။ အခုထိ ကျွန်စိတ် မပျောက်သေးဘူး။ ကျနော်တို့ လူငယ်တွေ အခွင့်အရေး မရှိဘူး။ လူငယ်တွေပြောရင်လည်း လူငယ်နေရာမှာ လူငယ်လိုနေ ဆိုတာကြီးဘဲ။ ကျနော်တို့ လူမျိုးတွေ စစ်တပ်က မှိုင်းတိုက်ထားတဲ့ လူမျိုး၊ ဘာသာ၊ သာသနာ ကနေ မလွတ်မြောက်နိုင်သေးဘူး “ ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါ ၂၄ ရက်) မှစပြီး စစ်ကောင်စီတပ်ဖွဲ့၊ ပအိုဝ်းပြည်သူ့စစ် PNA တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ခြင်းကြောင့် ကျေးရွာ (၆) ရွာ နှင့် ဒေသခံ ပြည်သူ (၆,၀၀၀) ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်းမှာ ပြည်သူ (၃,၁၂၄) ဦး သတ်ဖြတ်ခံထားရပြီး (၂၀,၃၅၉) ဦးမှာ ဖမ်းဆီးခံနေရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း AAPP မှ ယမန်နေ့ (မတ်လ ၁၄ ရက်) ရက်စွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

ကဒူးကြီးဒေသ စစ်ဘေးရှောင်များ သောက်သုံးရေအခက်ကြုံ

0
သျှမ်းပြည်တောင်ပိုင်း၊မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် နေထိုင်သည့် စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် သောက်သုံးရေအခက်ကြုံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ကဒူးကြီးဒေသမှ ဒေသခံ တစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး၊ ခြောက်သွေ့ရာသီရောက်ရှိလာသဖြင့် သောက်သုံးရေလည်း ခက်ခဲလာကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အသက် ၃၀ အရွယ်ရှိ အမျိုးသမီးတစ်ဉီးက...

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...