ပင်လုံ လျှပ်စစ်မီး ဝါယာရှော့ခ်ကြောင့် နေအိမ်နှစ်လုံး မီးလောင်ပြာကျမှုဖြစ်

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့ အမှတ် (၁) ရပ်ကွက်တွင် လျှပ်စစ်မီးမှတစ်ဆင့် ရှော့ခ်ဖြစ်ပြီး နေအိမ်နှစ်လုံး မီးလောင်ပြာကျမှု ဖြစ်ပွားခဲ့ကြောင်း သတင်း သိရှိရသည်။

ပုံ – Aike Naw (Facebook) ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွား

ယမန်နေ့ မတ်လ ၂ ရက် မနက်ပိုင်း ၉ နာရီ အချိန်မှ စတင်ပြီး ပင်လုံမြို့ အမှတ် (၁) ရပ်ကွက်ရှိ နေအိမ်တစ်လုံးသည် လျှပ်စစ်ထမင်းအိုး သယ်ထားရာမှ တစ်ဆင့် ရှော့ခ် ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကာ ၎င်းအနီးနားရှိ နေအိမ်တစ်လုံးလည်း မီးလောင်ပြာကျမှု ဖြစ်ပွားခဲ့ကြောင်း ပင်လုံမြို့ ရပ်ကွက် (၁) အုပ်ချုပ်ရေးမှူးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အိမ်ရှင်က ထမင်းအိုး သယ်ထားပြီး ခြံသွားတာလို့တော့ ပြောတယ်။ ခလုတ်လည်း မပိတ်ထားရတော့ ခြံသွားတဲ့အချိန်မှာ မီးလောင်သွားတာပေါ့။ ရိုးရိုး ထင်း နဲ့ ထမင်းသယ်ထားရင်တော့ ဘာမှမဖြစ် လောက်ပါဘူး။ အခုက လျှပ်စစ်အိုးတွေဆိုတော့ အိုးထဲက ရေတွေခန်းသွားရင် မရတော့ဘူး။ အိုးအပူလွန်ပြီး မီးလောင်သွားတာ” ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။

ပုံ – Aike Naw (Facebook) ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွား

အဆိုပါ မီးလောင်မှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ပြာကျမှု ဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုမှာ ကျပ်ငွေ ၂၈ သိန်း ပမာဏရှိကြောင်း သိရသည်။

ထို့အပြင် မီးလောင်မှု နှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများ၊ မီးခလုတ်များကို အသုံးမပြုရန် နှင့် မီးလောင်လွယ်သည့် ပစ္စည်းများကို မသိမ်းထားရန် ၎င်းက တိုက်တွန်းထားသည်။

“ လူတွေက အကြောင်း အမျိုးမျိုးကြောင့် အခက်ခဲတော့ ရှိတာပေါ့နော်။ လျှပ်စစ်ဝါယာ အဟောင်းတွေ မလဲနိုင်တာတို့၊ မဝယ်တာတို့ပေါ့။ တစ်ခါတလေ ဝါယာကြိုးတွေက အရမ်းဟောင်းပြီဆိုရင် လဲသင့်ရင် လဲရတော့မယ်။ ပြီးတော့ အိမ်ကိုသန့်ရှင်းအောင်လုပ်သင့်တာလုပ်ပေါ့နော်။ မီးလောင်လွယ်တဲ့ဟာတွေဆို ရှင်းသင့်တာ ရှင်းရမယ်။ ဒါမှ မီးလောင်တာ မဖြစ်ဘူး၊ မီးမကူးတာ မဖြစ်တော့ဘူး “ ဟု ၎င်းက ထပ်လောင်းပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်း လျှပ်စစ်မီး ပုံမှန်လာခြင်း မရှိသေးသလို လျှပ်စစ်ဗို့အားမှာလည်း အနိမ့်၊ အမြင့် ပုံမှန်လာခြင်း မရှိသဖြင့် လျှပ်စစ်ဝါယာကြိုးမှ တစ်ဆင့် ရှော့ခ်ဖြစ်ရာ မီးလောင်မှု ဖြစ်ပွားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...