မိုင်းပန် တပေါင်းပွဲ အကြောင်းပြပြီး စစ်ကောင်စီမှ လောင်းကစားထည့်ဖွင့်လှစ်

သျှမ်းပြည် လင်းခေးခရိုင် မိုင်းပန်မြို့တွင် တပေါင်းပွဲကို အကြောင်းပြပြီး စစ်ကောင်စီတပ်ဖွဲ့မှ လောင်းကစားထည့် ဖွင့်လှစ်နေကြောင်း စုံစမ်းသိရှိရသည်။

Photo:Local (မိုင်းပန်မှာ ပြုလုပ်သည့် တပေါင်းပွဲ)

ယနေ့ မတ်လ ၁ ရက်နေ့မှစပြီး ၅ ရက်နေ့အထိ မိုင်းပန်မြို့အဝင် မဟာတေဇာဓိပတိ စေတီတော်မှ ပြုလုပ်သည့် တပေါင်းပွဲကို အကြောင်းပြပြီး စစ်ကောင်စီတပ်ဖွဲ့မှ လောင်းကစားများကို ဖွင့်လှစ်နေကြောင်း မိုင်းပန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီညကစပြီးတော့ တပေါင်းလပြည့်အထိ လောင်းကစားတွေ ဖွင့်သွားမယ်လို့ သိရတယ်။ ဒီလောင်းကစားဝိုင်း ထဲမှာ ကုန်းကင်း၊ လေးကောင်ဂျင်နဲ့ ဖဲဝိုင်းတွေ အကုန်ပါတယ်။ ဒီလောင်းကစားကိုတော့ စစ်ကောင်စီရဲ့ လက်အောက်ခံ ဌာနဆိုင်ရာတွေရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်ထားတယ်” ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်း ဖွင့်လှစ်လာခြင်းကြောင့် ခိုးဆိုးလုယက်မှုများ ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

ထို့အပြင် ကြက်သွန်ဖြူ ဈေးနှုန်းမြင့်တက်လာသည့် ကာလမှာ လောင်းကစားဝိုင်း ပြုလုပ်လာလျှင် ခြံအတွင်းရှိ ကြက်သွန်ဖြူများ ခိုးခံရမည်ကို တောင်သူများက စိုးရိမ်နေရကြောင်း မိုင်းပန်ဒေသခံ တောင်သူအမျိုးသား တစ်ဦးကပြောသည်။

“ မိုင်းပန်မှာက ကြက်သွန်ဖြူဘဲ စိုက်စားကြတာလေ။ အခုလည်း တစ်ပိဿကို (၅,၀၀၀)၊ (၆,၀၀၀) ကျပ် အထိ ဈေးတက်နေတာ။ လောင်းကစားဝိုင်းတွေ လုပ်လာတော့ ကြက်သွန်တွေ ခိုးခံရမှာကြောက်တယ်။ အခုခြံထဲမှာက နုတ်ပြီးသား၊ မနုတ်ရသေးတဲ့ဟာတွေကော အများကြီး ကျန်သေးတယ်။ ခိုးခံရမှာကြောက်လို့ တချို့တွေတောင် ခြံမှာသွားအိပ်စောင့်ရတယ်“ ဟု ၎င်းတောင်သူတစ်ဦးက ပြောသည်။

လောင်းကစားဝိုင်း ဖွင့်လှစ်လာမှုနှင့် ပတ်သက်ပြီး အရေးယူပေးပါရန် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့ကို တိုင်ကြားထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်း ပြုလုပ်သည့် ပွဲတိုင်းတွင် စစ်ကောင်စီမှ လောင်းကစား ထည့်သွင်းလာနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

0
သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ကျင်းပနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၁၄ ရက်)တွင် မိုးနဲမြို့နယ် ကန်တုံ (ကင်တုံ) ကျေးရွာ ကန်တုံကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် မိုင်းနဲမြို့ခံများ ပူးပေါင်းကာ စေတီထီးတင်ပွဲကို ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...