Wednesday, January 28, 2026

ပင်လောင်းမြို့ အရပ်သား (၃) ဦး သတ်ဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ပြင်းထန်နေချိန် တောင်မဲတင်းကျေးရွာ ဒေသခံ (၃) ဦး သတ်ဖြတ်ခံခဲ့ရကြောင်း စုံစမ်းသိရသည်။

ပုံ – ကြယ်တံခွန် လူမှုကူညီရေးပရဟိတအသင်း

ယမန်နေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းတွင် ပင်လောင်းမြို့နယ် တောင်မဲတင်းကျေးရွာဒေသခံ ၃ ဦး သတ်ဖြတ်ခံရခဲ့ကြောင်း ပင်လောင်းမြို့ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကို အတည်ပြု ပြောဆိုသည်။

“ သတ်ဖြတ်ခံရတာတော့ ဟုတ်တယ်။ ဘယ်တပ်ဖွဲ့က သတ်လိုက်တာလည်းတော့ မသိဘူး။ တောင်မဲတင်းရွာက ဒေသခံတွေ ဖြစ်တယ်။ ဘယ်သူက သတ်လိုက်တာလဲတော့ အတိကျ မသိရသေးဘူး။ ၃ ယောက်သတ်ခံရတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်းတွင်လည်း ယမန်နေ့ (ဖေဖော်ဝါရီ ၂၇) ရက် ည ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီက လက်နက်ကြီးကို ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူနေအိမ်ပေါ်တို့ ကျရောက်ခဲ့ပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မိုးဗြဲ PDF တပ်ရင်း ၂ က ထုတ်ပြန်ထားသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်သူသည် အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး နှင့် အသက် ၂၇ နှစ်အရွယ် အမျိုးသား တို့ ဖြစ်သည်။

ပုံ – ကြယ်တံခွန် လူမှုကူညီရေးပရဟိတအသင်း

တိုက်ပွဲကြောင့် ပြည်သူနေအိမ်တချို့လည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ အိမ်တွေလည်း ထိသွားတယ်။ ပြည်သူ ၂ ဦးက ထိခိုက်သွားတယ်။ ဒဏ်ရာကတော့ ပြင်းထန်တယ်။ သူတို့နေတဲ့နေရာက စစ်ဘေးရှောင်တွေနေတဲ့နေရာ။ စစ်ကောင်စီကလည်း အဲ့လိုနေရာတွေမှာ ရွေးပြီးတော့ ပစ်တာ” ဟု မိုးဗြဲ PDF တပ်ရင်း ၂ က ပြောသည်။

စစ်တပ်အာဏာသိမ်း ၂ နှစ်ပြည့်အချိန်ထိ စစ်ကောင်စီ နှင့် ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့သည် ဖယ်ခုံမြို့နယ်အတွင်းသာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခုနောက်ပိုင်း ပင်လောင်းမြို့နယ်ထဲအထိ တိုက်ပွဲဖြစ်ပွားလာသည့် အတွက်ကြောင့် ပြည်သူများက စိုးရိမ်နေကြသည်။

ပုံ – ကြယ်တံခွန် လူမှုကူညီရေးပရဟိတအသင်း

ပင်လောင်းမြို့နယ်အတွင်းတွင်လည်း ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်အတွင်း စစ်ဘေးရှောင်များ ထွက်ပြေးတိမ်းရှောင်လာသူ ရှိထားပြီး စစ်ဘေးရှောင်စခန်း ၂၀ ခန့် ရှိထားသည်။

တိုက်ပွဲသည် ပင်လောင်းမြို့နယ်အတွင်းသို့ ကူးစက်လာသည့်အတွက်ကြောင့် စစ်ရှောင်များထပ်မံပြီး စစ်ရှောင်ရမည်ကို စိုးရိမ်နေရကြောင်း တိုက်ပွဲဆက်မဖြစ်ပွားရန်အတွက် ပရဟိတ အဖွဲ့များက တောင်းဆိုလိုက်သည်။

“ တိုက်ပွဲတွေက ဒီဘက်ထိရောက်လာပြီဆိုတော့ စိတ်ပူရတယ်။ ပြည်သူတွေလည်း လယ်ယာတွေ သွားလို့မရတော့ဘူး။ ထွက်ပြေးနေရတယ်။ ဖြစ်နိုင်ရင်တော့ တိုက်ပွဲကတော့ မဖြစ်စေချင်ဘူးလေ။ အရင်ကတည်းက ထွက်ပြေးလာတဲ့သူတွေကလည်းရှိထားတယ်” ဟု ပင်လောင်းမြို့နယ်အတွင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသည့် ပရဟိတ အဖွဲ့က ပြောသည်။

ပင်လောင်းမြို့နယ်အတွင်းတွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၄ ဦး ပျောက်ဆုံးနေကာ လက်ရှိ သတင်းရေးသားသည့်အချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...