သျှမ်းပြည်နယ်အရေးကို ကချင်ြပည်နယ်အခြေစိုက် စစ်တိုင်းရုံးထံ ညှိုင်းနှိုင်းအကြောင်းကြားတော့ အလုပ်ဖြစ်မလား သျှမ်းပြည်နယ်အစိုးရကြီး

သျှမ်းပြည်မြောက်ပိုင်း မန်ပန်ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ လူသစ်အဓမ္မ ခေါ်ယူစုဆောင်း တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရပ်တန့်ပေးဖို့ လူထုရွေးကောက်ခံ မိုင်းရယ်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ် မှ စိုင်းထူးမြင့်က သျှမ်းပြည်နယ်လွှတ်တော် အတွင်းကို ပြီးခဲ့တဲ့ ဂျွန်လ ၂၅ ရက် (၂၀၁၇ ခု) က တင်ပြ တောင်းဆိုတဲ့ အပေါ် သျှမ်းပြည်နယ်အစိုးရ ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်က ကွင်းဆင်းဆောင်ရွက်နိုင်ရန် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် မပခ စစ်တိုင်းမှူးထံ ညှိနှိုင်းအကြောင်းကြားစာ ကို ဂျူလိုင် ၁၄ ရက်နေ့ (၂၀၁၇ ခု) ရက်စွဲနဲ့ ပေးပို့လိုက်တာတွေ့ရပါတယ်။

မန်ပန် ဆိုတာ သျှမ်းလူမျိုးတွေ အနေများတဲ့ မြို့နယ်တိုင်း၊ ခရိုင်တိုင်းမှာ ရှိနိုင်ပါတယ်။ ထို့အတူ ကချင်ပြည်နယ်ကလည်း သျှမ်းလူမျိုးတွေ တည်ထောင်တဲ့ မြို့ရွာတွေ ခပ်များများ ဆိုတော့ မန်ပန် ရွာ သေခြာရှိနိုင်မှာမလွဲပေ။

သို့ပေမယ့် သျှမ်းပြည်နယ်လွှတ်တော်မှာ သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့ နေ လူထုကိုယ်စားပြု လွှတ်တော်အမတ်က တင်ပြတဲ့ အကြောင်းအရာကို သျှမ်းပြည်နယ် အစိုးရက ဘာကြောင့် ကချင်ပြည်နယ် ရှိ စစ်တိုင်းရုံးကို ဖြေရှင်းပေးဖို့ ညှိနှိုင်းအကြောင်းကြားစာ ပေးပို့ရပါသလဲ ။ စဉ်းစား စရာပါ။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်းပါတီ ပြောခွင့်ရ စိုင်းလိတ်ကတော့ ဒီကိစ္စက လုံး၀ မမှားသင့်တဲ့ကိစ္စလို့ ပြောပါတယ်။

“ ဒီကိစ္စမှာ သျှမ်းပြည်နယ်အစိုးရ ရဲ့ ပမာဒလေခ အမှားလား၊ ဒါမှမဟုတ် ဥပါယ်တံမျဉ်အမှား လားဆို တာ သေချာသုံးသပ်ဖို့လိုအပ်ပါတယ်။ သျှမ်းပြည်နယ်လွှတ်တော်ကလည်းပဲ ကြပ်ကြပ်မတ်မတ် တာဝန် ယူစိစစ်ဖို့လိုအပ်တယ်။ ဒါဟာ လုံး၀မမှားသင့်တဲ့ အမှားမျိုးပါ” – လို့ ပြောပါတယ်။

အဆိုပါ – သျှမ်းပြည်နယ်အစိုးရ ဝန်ကြီးချုပ် ကိုယ်စား လုံခြုံရေး နှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး နိုင်လင်းအောင် မှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် သို့ လိပ်မူ တဲ့ စာမှာ – စိုင်းမြင့်ထူး ၊ သျှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မိုင်းရယ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ၏ ၂၇၊ ၆ ၊ ၂၀၁၇ ရက်စွဲပါ တင်ပြစာ တွင် မိုင်းရယ်မြို့နယ် စလန်းပုန်းထွန်ကျေးရွာအုပ်စုသို့ ဒေသဖွံ့ဖြိုးရေး လုပ် ငန်း အတွက် ပြည်သူလူထုအား သွားရောက်တွေ့ဆုံရာတွင် ကျေးရွာနေပြည်သူများမှ မန်ပန်ဌာန နေ ပြည်သူ့စစ်၏ အတင်းအဓမ္မ လူသစ်ခေါ်ယူစုဆောင်းနေမှုမကို လုံး၀ သဘောမတူပါကြောင်း၊ အမြန် ဆုံးပိတ်ပင်ဟန့်တားပေးရန် တောင်းဆိုလာကြောင်း ——- လူထု ဘ၀လုံခြုံမှု၊ ကိုယ်စိတ်နှလုံးအေး ချမ်းမှု နှင့် လူ့အခွင့်အရေးချိုးဖေါက်ခံရမှုမှ ကင်းဝေးစေရေးအတွက် ကူညီဖြေရှင်းပေးပါရန် ရည်ညွန်း ပါစာဖြင့် တင်ပြလာသဖြင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးပါရန် ညှိနှိုင်းအကြောင်း ကြားပါ သည် — ဆိုပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထံ လိပ်မူပေး ပို့တာဖြစ်ပါတယ်။

အမှန်ကတော့ ဒီစာဟာ ခုတ်ရာတခြား ရှရာတခြား ပါဘဲ။ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်ထံ ပေးပို့ရမဲ့အစား ကချင်ပြည်နယ်မှာ ရှိတဲ့ စစ်တိုင်းကြီးကို သွားလိုက်တော့ ဟိုစစ်တိုင်းက ဘယ်လို လာပြီး ကြပ်မတ် ဆောင်ရွက်မှာလဲ။ ဒီလိုမှားပို့လိုက်တဲ့အတွက် အခုထက်ထိ ဒေသအတွင်း ဆိုင်ရာ အဖွဲ့အစည်းတွေ ကွင်းဆင်း စစ်ဆေး ပေးတာမျိုးလဲ မရှိသေးဘူးလို့ မိုင်းရယ်မြို့နေ ပြည်နယ်လွှတ်တော်အမတ် စိုင်းမြင့်ထူး က အခု လိုပြောပါတယ်။

“လွှတ်တော်မှာ တင်ပြီးတဲ့နောက်ပိုင်း အခုထက်ထိ လာရောက်စစ်ဆေး ဖြေရှင်းပေးတာမရှိသေးဘူး။ ကျနော့်မှာလဲ ဒီမိတ္တူရတယ်။ ဒီလိုအမှားမျိုးမဖြစ်သင့်ဘူးပေါ့ဗျာ။ မှားရိုက်တာလား၊ ဒါမှ မဟုတ် တခြား အစီအစဉ် ရှိတာလားမပြောတတ်ဘူး၊ အခု ထက်ထိ တော့ ဘယ်သူမှ လာမကြည့်သေးဘူး” လို့ပြောပါတယ်။

ဒေသအတွင်း လူထုအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ သျှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ စိုင်းဝမ်းလျဲန်းခမ်းက –  “အခု စာတင်တာလဲ သျှမ်းပြည်ကပြသနာဖြစ်နေတယ်၊ လွှတ်တော်ကလဲ သျှမ်းပြည်နယ်လွှတ်တော်၊ အစိုးရကလဲ သျှမ်းပြည် နယ် အစိုးရ ဆိုတော့ ဒီလိုအဖြစ်အပျက်မျိုး ဖြစ်သွားတာ စိတ်မကောင်းဘူး။ ဖြစ်လဲမဖြစ်သင့်ဘူး၊ တင်ပြ တဲ့ကိစ္စက လူထုကြုံတွေ့နေရတဲ့ အခက်အခဲကို အမှန်တင်ပြတာဘဲ။ အစိုးရက လူထု ရွေးကောက်တင် မြောက်တဲ့အစိုးရ ဆိုတော့ လူထု ခံစားနေရတဲ့ ဒုက္ခ အ၀၀ ကို ပေါ့ပေါ့တန်တန် မလုပ်သင့်ဘူး၊ မထား သင့်ဘူး။ အရေးပေး၊ အလေးပေး ဖြေရှင်းပေးသင့်တယ်။ လူထု မျက်ရည်ကျနေတဲ့ ကိစ္စကို တလွှဲတ ချော်လုပ်တာ လုံး၀ကို မဖြစ်သင့်ဘူး။ စိတ်လဲမကောင်းဘူးပေါ့ဗျာ” – လို့ ပြောပါတယ်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ မန်ပန် ရွာ ဆိုတာ ရှိပါတယ်။ အဲဒီ မန်ပန်ရွာက ပြည်သူ့ စစ်ရှိရင်တော့ အစိုးရ တပ်မတော် လက်နက်တပ်ဆင်ပေးတဲ့ ၁၅ ဦး အထက် အဖွဲ့ မိမိအိမ်မှာနေထိုင်၊ မိမိလုပ်တဲ့ထမင်းကို စားတဲ့ တကယ့်ပြည်သူ့စစ်အဖွဲ့ ပဲ ရှိနိုင်ပါတယ်။ ဒါတောင်မှ ရှိချင်မှလဲရှိမှာပါ။

အခု မန်ပန်ဌာနေ ပြည်သူ့ စစ်ကတော့ ၁၉၉၆ ခွန်ဆာဦးဆောင်တဲ့ MTA တပ်ဖွဲ့လက်နက်ချ အလင်းဝင် လိုက်တဲ့နောက်ပိုင်း ထိုစဉ်စစ်အစိုးရက သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့အဖြစ် တန့်ယန်းမြို့နယ် မိုင်းတွမ်းကျေးရွာအုပ်စု မှာ အခြေချနေထိုင်စေပြီး ထိုဒေသ လားရှိုးမြို့ အရှေ့တောင်ဘက်တလွှား သွားလာနေထိုင်လှုပ်ရှားနေတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။

၂၀၀၉ ခု နှစ် အပစ်ရပ်တပ်ဖွဲ့များ အသွင်ပြောင်းဖို့ စစ်အစိုးရ ဖိအားပေးချိန် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တွေနဲ့ စစ်အစိုးရ အကြား စစ်ရေးတင်းမာလာတဲ့အချိန် က စလို့ ဒေသအတွင်း နေထိုင်တဲ့ ပလောင်လူငယ်၊ သျှမ်းလူငယ်အများအပြားကို တပ်သားသစ်စုဆောင်းပြီး စစ်အစိုးရထံ အကြိမ်ကြိမ် လူသစ်ပို့ဆောင်ပေးခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စိုင်းမြင့်ထူး က – “လူထုအနေနဲ့လဲ ဒီခေတ်ဒီအချိန် နိုင်ငံရေးအခြေအနေကို လေ့လာသင့်တယ်။ အခုက အစိုးရကလဲ လူထု ရွေးကောက်တင်မြောက်ထားတဲ့အစိုးရ၊ ခေတ်ကလဲ ဒီမို ကရေစီခေတ်ဆိုတော့ ကြီးနိုင်၊ ငယ်ညှင်း တာတွေ၊ လူ့အခွင့်အရေးချိုးဖေါက်တာတွေ မရှိသင့် တော့ ဘူး။ မန်ပန်ဌာနေပြည်သူ့စစ်ကော၊ တပ်မတော်ကကော လူထုအပေါ် နားလည်သင့်တယ်။ ပြည်သူ့စစ်ဆိုတာ ဒေသအတွင်းက လူထု ဘဲဆိုတော့ လူထုအကျိုးကိုဘဲ သယ်ပိုးပေးသင့်တယ် ၊ လူထု ရွေးကောက်တင်မြောက်တဲ့ လူထုအစိုးရကလဲ လူထုခံစားနေရတဲ့ အခက်အခဲကို အလေးထား ဖြေရှင်းပေးသင့်တယ်” လို့ ပြောပါတယ်။

လက်ရှိသျှမ်းနယ်အစိုးရကို ၂၀၁၅ ပြည်လုံးကျွတ်ရွေးကောက်ပွဲကနေအနိုင်ရရှိထားတဲ့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ နေပြည်တော်အစိုးရက တိုက်ရိုက်ခန့်အပ် ထားတာဖြစ်ပါတယ်။ သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် လားရှိုးမြို့နယ်NLD ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာလင်းထွဋ်ကို ရွေးချယ်ခန့်အပ်ထားတာဖြစ်ပါတယ်။ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်ကိုတော့ တပ်မတော်ကနေ တိုက်ရိုက်ခန့်အပ်ထားတာဖြစ်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စပါးကျီအစား အကြွေးကျီသာ ပြည့်နှက်နေသည့် ပုံးအင်းလွင်ပြင်

0
စပါးရိတ်သိမ်းပြီးစ ရိုးပြတ်များသာ ကျန်ရှိတော့သည့် ပုံးအင်းလွင်ပြင်၏ တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းကို ငေးကြည့်ရင်း အသက် ၄၀ အရွယ် နန်းဟွမ်တယောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ လယ်ကွင်းထဲတွင် ရိတ်သိမ်းစရာ စပါးနှံများ မရှိတော့၍ အလုပ်အားသွားပြီ ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် ရှေ့ဆက်ရမည့် ဘဝခရီးအတွက် ပူပန်မှုများက အပြည့်နေရာယူထားဆဲ...

စစ်စရိတ်နှင့် သယံဇာတ – တအာင်းဒေသတွင် မြေရှားသတ္တုတူးဖော်မှု အရှိန်အဟုန်ဖြင့် တိုးလာနေ

0
ကမ္ဘာ့နည်းပညာလောက၏ လျှပ်စစ်ကား (EV) ဘက်ထရီများနှင့် ခတ်မီစစ်လက်နက်များ ထုတ်လုပ်ရန်အတွက် လေးလံမြေရှားဒြပ်စင် (Heavy Rare Earth) များသည် မရှိမဖြစ် လိုအပ်လာနေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် ကမ္ဘာ့အကြီးဆုံး ရင်းမြစ်တစ်ခုမှာ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများသည် ကချင်ပြည်နယ်မှတစ်ဆင့် သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း (ပလောင်)...

တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်

0
မနက်တိုင်း ကျနော့မှာ နာရီနှိုးစက် သီးသန့်ပေးထားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ (၇) ကီလိုလောက်ရှိတဲ့ အမွေးပွ "နှိုးစက်ကြီး" က ကျနော့်ရင်ဘတ်ပေါ် တက်ထိုင်ပြီး နှိုးတတ်လို့ပါ။ သူကတော့ ကျနော်ရဲ့ ပထမဆုံး ကိုယ်တိုင်မွေးထားတဲ့ "အိုက်တမ်" ဆိုတဲ့ ကြောင်လေးပေါ့။ "အိုက်တမ်" ဆိုတာ မြန်မာလိုဆိုရင်တော့ "အမဲလေး"...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...