ကွတ်ခိုင်မြို့နယ်အတွင်း ၆ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ လုပ်ငန်းခွင် မဝင်ရ

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ ၆ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဒေသခံများ လုပ်ငန်းခွင် မဝင်ရသဖြင့် ဝင်ငွေ ထိခိုက်မှု ရှိလာကြောင်း စုံစမ်းသိရသည်။

ကွတ်ခိုင်မြို့

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညပိုင်းမှ စတင်ကာ ကွတ်ခိုင်မြို့နယ် ကောင်းလိန်အုပ်စု အတွင်း နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံများက တိုက်ပွဲအတွင်းမှ လက်နက်ကြီးများ ထိမှန်မည်ကို စိုးရိမ်မှုကြောင့် အပြင်မထွက်ရဲ ကြကြောင်း ကောင်းလိန်အုပ်စုမှ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာဘက်ကို လက်နက်ကြီးကျမှာ၊ စစ်သားတွေ လာပစ်မှာကို ကြောက်လို့ အပြင်မထွက်ရဲကြဘူး၊ လုပ်ငန်းခွင်လည်း မသွားရဲကြဘူး၊ အဆင်ပြေတဲ့ သူတွေအတွက်တော့ ဘာမှ မဖြစ်ပေမဲ့၊ သိပ်အဆင်မပြေတဲ့သူတွေ အတွက် တော့ ခက်ခဲတာပေါ့၊ စားရေးသောက်ရေးတွေ ဝင်ငွေပိုင်း လိုအပ်ချက်တွေ ရှိလာတယ်” ဟု ကောင်းလိန်ဒေသခံ အမျိုးသားက ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားရာသည် ကွတ်ခိုင်မြို့နယ် ကောင်းလိန်အုပ်စုမှ နားဖယ်ရွာ၊ ကောင်းလိန်ရွာ ၊ မန်ပြိန်းအုပ်စုမှ ကောင်းခမ်းရွာ နှင့် ခါဖော့ရွာတို့နှင့် နီးစပ်နေသည့်အကြောင်းလည်း သိရသည်။

အဆိုပါ တိုက်ပွဲသည် ကွတ်ခိုင်မြို့နယ် ကောင်းလိန်ကျေးရွာအုပ်စု ဘက်ရှိ KIA တပ်မဟာ – ၆၊ တပ်ရင်း – ၉ ဌာနချုပ်ကို ဦးတည်ပြီး စစ်ကောင်စီ တပ်ဖွဲ့က တိုက်ခိုက်နေကြောင်း ၃ ရက်နေ့ မြောက် တိုက်ပွဲတွင် စစ်ကောင်စီဘက် လေယာဥ် စစ်ကူ ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ရှိခဲ့ကြောင်းလည်း သိရသည်။

“၃ ရက်မြောက် တိုက်ပွဲမှာ (ဖေဖော်ဝါရီလ ၁၄) ရက် က စစ်ကောင်စီမှ လေယာဥ်နဲ့လာပြီးတော့ ဗုံးကြဲတာ အများကြီးပဲ အလုံးရေတွေ မရေနိုင်ဘူး၊ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ ရွာနဲ့က ၃ ဖာလုံလောက်ဝေးတယ်၊ ရွာဘက်ကိုတော့ မကျဘူး” ဟု ကောင်းလိန်ဒေသခံက ထပ်လောင်းပြောသည်။

ထို့အပြင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်လည်း မနက်ပိုင်း ၈ နာရီမှ နေ့လည်ပိုင်း ၁၂ နာရီ အထိ တိုက်ပွဲပစ်ခတ်သံများ ကြားရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့မှာလည်း ခြေလျင်တပ်အပြင် ကားဖြင့်ပါ KIA တပ်ရင်း – ၉ ဘက် ရိက္ခာ နှင့် အင်အား ထပ်ဖြည့်ပြီး စစ်ကြောင်းထိုးလာသည့် တပ်မ ၉၉ ဖြင့် ကေအိုင်အေ တပ်မဟာ – ၄၊ တပ်ရင်း – ၈ တို့အကြား ကွတ်ခိုင် – သိန္နီကြား ၃၈ မိုင် မန်ပြိန်းအုပ်စုရှိ ကောင်းခမ်းရွာ၊ လွယ်ဆမ်ဆစ်တောင်နားက နမ့်ပါချီးရွာ အနီးတို့တွင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း နမ့်ဖလွန်ရွာတောင်ဘက် KIA တပ်မဟာ – ၆ တပ်ရင်း – ၉ နှင့် စစ်ကောင်စီ ခလရ ၄၅ တပ် တို့အကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် အရပ်သား တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စပြီး ဒီဇင်ဘာ (၃၁) ရက်ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း စစ်ကောင်စီတပ်၏ တိုင်းရင်းသားဒေသများထံ တိုက်လေယာဥ်ဖြင့် ထိုးစစ်ဆင်မှု နှင့် စစ်မြေပြင် ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...