Wednesday, January 28, 2026

ပင်လောင်း စစ်ရှောင်စခန်း မိုးကာများလိုအပ်

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ရှောင်စခန်းများ မိုးကာ လိုအပ်နေသေးကြောင်း စုံစမ်းသိရှိရသည်။

ပင်လောင်းမြို့နယ်တွင်းရှိ စစ်ရှောင်စခန်း

ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) မနက်ပိုင်း ၅ နာရီဝန်းကျင် အချိန်၌ ပင်လောင်းမြို့နယ်အတွင်းတွင် မိုးများစတင်ရွာသွန်းကာ မိုးသီးများကြွေကျနေသဖြင့် မိုးကာဖြင့် ဖြစ်သလို ဆောက်ထားရသည့် စစ်ရှောင်စခန်းတွင် မိုးလုံလေလုံမရှိကြောင်း၊ မိုးကာအဆောက်အဦးများ အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူဒေသခံတစ်ဦးက ပြောသည်။

“ မိုးကာ နဲ့ ဆောက်ထားရင် မိုးကြီးရွာရင် မလုံဘူးဗျ။ အကာက ဖြစ်သလို ကာထားတော့ မိုးမလုံဘူး။ ကောင်းကောင်း ကာထားဖို့လည်း မတတ်နိုင်ကြဘူးလေ။ ဒီမနက် မိုးကြီးရွာတော့ မိုးတွေယိုတယ်၊ သူတို့ အနေအထိုင် အခင်းတွေက အစ အမိုးအကာတွေကော အခက်ခဲဖြစ်နေတယ် “ ဟု ၎င်းက ပြောသည်။

ပင်လောင်းမြို့နယ်အတွင်း စစ်ရှောင်စခန်း စုစုပေါင်း ၂၀ ခန့်ရှိရာ မိုးလုံလေလုံ မရှိသေးသည့် ကျေးရွာဘက်ရှိ စစ်ရှောင်စခန်းအများစုသည် မိုးကာ၊ အထိုင်အခင်း၊ စောင်များ လိုအပ်နေကြောင်း သိရသည်။

ထို့အပြင် ပင်လောင်းမြို့အဝင် ပြည်ထောင်စု ကားလမ်းမပေါ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ ရှိနေသောကြောင့် စစ်ရှောင်များအတွက် ရိက္ခာများ သယ်ယူရန် အခက်အခဲဖြစ်နေသေးကြောင်းလည်း ပင်လောင်းမြို့မှ ယာဥ်မောင်းတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အသွားအလာတော့ ခက်ခဲနေတယ်ဗျ။ ဆေးဝါး၊ ရိက္ခာ ပစ္စည်းတစ်ခုခု သယ်လာရင် စစ်ဆေးမေးမြန်းတယ်။ ဆေးဝါး၊ ရိက္ခာတွေ အများကြီး သယ်လာတာတွေ့ရင် သိမ်းမယ်။ အသွားအလာတော့ ခက်ခဲနေဆဲဘဲ “ ဟု ယာဥ်မောင်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည် (ကရင်နီ) တွင် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေသည် (၅,၀၀၀) ကျော် ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...