ပင်လောင်း စစ်ရှောင်စခန်း မိုးကာများလိုအပ်

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ရှောင်စခန်းများ မိုးကာ လိုအပ်နေသေးကြောင်း စုံစမ်းသိရှိရသည်။

ပင်လောင်းမြို့နယ်တွင်းရှိ စစ်ရှောင်စခန်း

ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) မနက်ပိုင်း ၅ နာရီဝန်းကျင် အချိန်၌ ပင်လောင်းမြို့နယ်အတွင်းတွင် မိုးများစတင်ရွာသွန်းကာ မိုးသီးများကြွေကျနေသဖြင့် မိုးကာဖြင့် ဖြစ်သလို ဆောက်ထားရသည့် စစ်ရှောင်စခန်းတွင် မိုးလုံလေလုံမရှိကြောင်း၊ မိုးကာအဆောက်အဦးများ အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူဒေသခံတစ်ဦးက ပြောသည်။

“ မိုးကာ နဲ့ ဆောက်ထားရင် မိုးကြီးရွာရင် မလုံဘူးဗျ။ အကာက ဖြစ်သလို ကာထားတော့ မိုးမလုံဘူး။ ကောင်းကောင်း ကာထားဖို့လည်း မတတ်နိုင်ကြဘူးလေ။ ဒီမနက် မိုးကြီးရွာတော့ မိုးတွေယိုတယ်၊ သူတို့ အနေအထိုင် အခင်းတွေက အစ အမိုးအကာတွေကော အခက်ခဲဖြစ်နေတယ် “ ဟု ၎င်းက ပြောသည်။

ပင်လောင်းမြို့နယ်အတွင်း စစ်ရှောင်စခန်း စုစုပေါင်း ၂၀ ခန့်ရှိရာ မိုးလုံလေလုံ မရှိသေးသည့် ကျေးရွာဘက်ရှိ စစ်ရှောင်စခန်းအများစုသည် မိုးကာ၊ အထိုင်အခင်း၊ စောင်များ လိုအပ်နေကြောင်း သိရသည်။

ထို့အပြင် ပင်လောင်းမြို့အဝင် ပြည်ထောင်စု ကားလမ်းမပေါ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ ရှိနေသောကြောင့် စစ်ရှောင်များအတွက် ရိက္ခာများ သယ်ယူရန် အခက်အခဲဖြစ်နေသေးကြောင်းလည်း ပင်လောင်းမြို့မှ ယာဥ်မောင်းတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အသွားအလာတော့ ခက်ခဲနေတယ်ဗျ။ ဆေးဝါး၊ ရိက္ခာ ပစ္စည်းတစ်ခုခု သယ်လာရင် စစ်ဆေးမေးမြန်းတယ်။ ဆေးဝါး၊ ရိက္ခာတွေ အများကြီး သယ်လာတာတွေ့ရင် သိမ်းမယ်။ အသွားအလာတော့ ခက်ခဲနေဆဲဘဲ “ ဟု ယာဥ်မောင်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည် (ကရင်နီ) တွင် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေသည် (၅,၀၀၀) ကျော် ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...