တရားဝင် သေနတ်ကိုင်ဆောင်ခွင့်ရခြင်းသည် သျှမ်းပြည်အတွင်း ရာဇဝတ်မှု ပိုများလာနိုင်

သာမာန်အရပ်သား နှင့် ပြည်သူ့ဝန်ထမ်းများ သေနတ်ကိုင်ဆောင်ခွင့်၊ လက်နက် ခဲယမ်းကိုင်ဆောင်ခွင့်အတွက် လက်နက် လိုင်စင်ထုတ်ပေးခြင်းကို စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့စွဲ နှင့် ထုတ်ပြန်ခဲ့သည်။

Credit to Owner(၂၀၂၁ ခုနှစ် ဇွန်လ- စစ်ကောင်စီ ဥက္ကဋ္ဌ ရုရှားခရီးစဉ်တွင် လက်နက်ငယ်စမ်းသပ်ပစ်ခတ်နေစဥ်)

ထို ထုတ်ပြန်ချက်ကြောင့် လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသည့် သေနတ်အမျိုးအစား နှင့် ပါမစ်ဖြင့် ကိုင်ဆောင်ခွင့် ပြုသည့် သေနတ်အမျိုးအစားဟု ဆိုကာ နှစ်မျိုးပါရှိသည်။

တရားဝင် သေနတ်ကိုင်ဆောင်ခွင့် ရရှိခြင်း နှင့် ပတ်သက်ပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိချိန် နှင့် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေချိန် ပဋိပက္ခအရှိန် မြင့်တင်စေနိုင်သည့်အကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ ဥပဒေကျွမ်းကျင်သူများ နှင့် အများပြည်သူတို့က ဝေဖန်ပြောဆိုနေကြသည်။

ထို့အပြင် သျှမ်းပြည်သည် လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံ နေထိုင်လှုပ်ရှားရာ ဖြစ်ပြီး ပဋိပက္ခများ ပေါများရာလည်း ဖြစ်သည့်အတွက် အခြေအနေများ ပိုမိုရှုပ်ထွေးလာနိုင်သည့်အကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ ဉီးသန်းစိုးနိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေတာကတော့ တပြည်လုံးပါ။ ဒါပေမယ့် သျှမ်းပြည်ကတော့ ပိုပြီးတော့ ဆိုးတာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင် အဖွဲ့အစည်းမျိုးစုံ အပြိုင်အဆိုင် ဖြစ်နေကြတာကို။ အဲ့တော့ သျှမ်းပြည်မှာက တရား ဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့ သတ်ဖြတ်မှုတွေ များပြား လာနိုင်တယ်၊ အခြေအနေတွေကို ပိုပြီးရှုပ်ထွေးလာနိုင်တယ်လို့ ကျနော်တို့ကတော့ ရှု့မြင်မိပါတယ်” ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူ ဉီးသန်းစိုးနိုင်က ပြောသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ လိုင်စင် နှင့် ကိုင်ဆောင်သည့် သေနတ်ကို ပြည်သူ့ဝန်ထမ်း မဟုတ်သော သာမာန်အရပ်သားများ လျှောက်ထား ကိုင်ဆောင်နိုင်ပြီး ပါမစ်ဖြင့် သေနတ်ကို အစိုးရပိုင် သေနတ်အဖြစ် မှတ်ပုံတင်ရန်ဖြစ်ကြောင်း သိရှိရသည်။

သာမာန်အရပ်သားများ လျှောက်ထားရာတွင် လုံခြုံရေးကြောင့် သေနတ်ကိုင်ဆောင်ရန် အမှန်တကယ်လိုအပ်သူ ဖြစ်ရမည် ဆိုသည့် သတ်မှတ်ချက် ထည့်သွင်းသော်လည်း ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုမို ဦးတည်သွားနိုင်သည့် အကြောင်း ဥပဒေ ပညာရှင် ရှေ့နေ ဦးဇော်ဝင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လုံခြုံရေး အခြေအနေတွေကို အရင်ကထက် ပိုပြီးတော့ ဆိုးရွားစေတယ်လို့ပဲ မြင်မိတယ်၊ ဥပဒေ သမား အနေနဲ့တော့ ဒီလို အခြေအနေမျိုးမှာ ဒီလို သေနတ်ကိုင်ဆောင်ခွင့် လိုင်စင် နဲ့ ထုတ်ပေးတဲ့ ဥပဒေ ထွက်ပေါ်လာဖို့ မသင့်ဘူး၊ သေနတ်တွေ လက်နက်ခဲယမ်းတွေကို ကိုင်ဆောင်ဖို့ လိုင်စင်နဲ့ ထုတ်ပေးခြင်းဟာ အခြေအနေတစ်ရပ်ကို ပိုမို ဆိုးရွားအောင် ဖန်တီးခြင်းလို့ပဲ ကျနော်သုံးသပ်လိုပါတယ်” ဟု ဥပဒေ ပညာရှင် ရှေ့နေ ဦးဇော်ဝင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသည့် သေနတ်များကို ပွိုင့် ၃၈ လက်မ နှင့် ၄င်းထက် ပြောင်းဝငယ်သည့် ဆုံလည် သေနတ်၊ ပွိုင့် ၃၈ လက်မ သို့မဟုတ် နိုင်းမီလီမီတာနဲ့ ၄င်းထက် ပြောင်းဝငယ်သည့် ပစ္စတို သေနတ်၊ တွဲဘို့ နှင့် ၄င်းထက် ပြောင်းဝငယ်သည့် ပြောင်းချောသေနတ်၊ ပွိုင့် ၂၂ လက်မ နှင့် ၄င်းထက်ပြောင်းဝကျယ်သည့် အမဲလိုက် သေနတ် နှင့် လေသေနတ်တို့ဖြစ်ကြောင်း သိရသည်။

ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုလိုက်သည့် သေနတ်များကမူ ပွိုင့် ၃၈ လက်မ သို့မဟုတ် နိုင်းမီလီမီတာဖြင့် ၄င်းထက် ပြောင်းဝကျယ်သည့် ပစ္စတိုသေနတ်၊ ရိုင်ဖယ်သေနတ်နှင့် စက်သေနတ် ကလေးအုပ်စုဝင် သေနတ်များဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ သျှမ်းပြည် အခြေအနေသည် လက်နက် အဖွဲ့အစည်းများ များပြားသည့် အပြင် မြန်မာ – ထိုင်း၊ မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေး ဇုန်လည်း ဖြစ်နေသည့်အတွက် ရှိပြီးသား အကြောင်းရင်းမသိ ပစ်ခတ် သတ်ဖြတ် မှုများထက် ပိုမိုဖြစ်ပေါ်လာနိုင်သည့်အကြောင်းလည်း မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့နေ သျှမ်းလူငယ် အိုက်စိုင်း (နာမည်လွဲ) က ပြောသည်။

“ကျနော်တို့ နယ်ဘက်မှာဆိုရင် ကလေး အချင်းချင်း ခိုက်ရန်ဖြစ်တာကို မိဘတွေက သေနတ်နဲ့ အချင်းချင်း ချနေတာတွေရှိတယ်၊ အဲ့ဒါက သေနတ်ကိုင်ခွင့် တရားဝင် မဖြစ်သေးတဲ့အချိန်ပါ၊ အခုလိုသာ သေနတ်ကိုင်ခွင့် တရားဝင် ဖြစ်လာပြီဆိုရင် အကြောင်းရင်းမသိ သတ်ဖြတ်မှုတွေ၊ ပိုင်ရှင်မဲ့ အလောင်းတွေ၊ ပိုများလာနိုင်တယ်၊ ဒေသအတွင်း ဖြစ်နေတဲ့ ခိုးဆိုးလုယက်မှုတွေကို ကာကွယ်ဖို့ထက် မြို့လယ်ခေါင် နေ့ခင်းကြောင်တောင် ရာဇဝတ်မှုတွေ ဖြစ်လာမှာကိုတောင် စိုးရိမ်မိတယ်” ဟု မူဆယ်မြို့နေ အိုက်စိုင်းက ဆိုသည်။

လက်ရှိအချိန်သည် စစ်အာဏာသိမ်းမှုအောက် နိုင်ငံတဝန်းလုံး ပဋိပက္ခများ အရှိန်အဟုန် ပြင်းထန်စွာ ဖြစ်ပွားနေသလို အပြန်အလှန် ပစ်ခတ်သတ်ဖြတ်မှုများ၊ တရားဥပဒေစိုးမိုးမှုအတွက် စိန်ခေါ်ချက်များ နှင့် ပိုမိုဆိုးရွားသည့် အခြေအနေများ ကြုံတွေ့နိုင်သဖြင့် စိုးရိမ်ပူပန်မှုများလည်း ပိုမိုရှိလာနိုင်ကြောင်း ပြည်သူများက ဝေဖန်ပြောဆိုနေကြသည်။

မြန်မာနိုင်ငံသည် ယခင်အချိန်ကတည်းက လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်သူများ ရှိခဲ့ပြီး နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် ဦးအောင်ကိုဝင်း နှင့် သျှမ်းပြည်မှ ကြံ့ခိုင်ရေး ကိုယ်စားလှယ်ဟောင်း တချို့လည်း လိုင်စင်ဖြင့် သေနတ်ကိုင်ဆောင်ခွင့် ရှိသည့်အကြောင်း လွှတ်တော်မှတ်တမ်းများ အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...