နောင်ချိုတိုက်ပွဲ စစ်ကောင်စီ ၂၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့တွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) PDF တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၂၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများကိုလည်း PDF တို့က သိမ်းဆည်းရမိကြောင်း သတင်းသိရသည်။

စစ်ကောင်စီထံမှ သိမ်းဆည်းရမိသည့် လက်နက်များ

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ကောင်စီဘက်မှ လေကြောင်း တိုက်ခိုက်မှု အပါအဝင် လက်နက်ကြီး လက်နက်ငယ် များဖြင့် MDF – PDF ကို ထိုးစစ်ဆင်တိုက်ခိုက်လာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၂၅ ဦး သေဆုံးကြောင်း (MDY-PDF) က ထုတ်ပြန်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ တပ်ရင်း/တပ်ဖွဲ့များရှိရာ ပြင်ဦးလွင် နှင့် နောင်ချိုဘက်သို့ စစ်ကောင်စီဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်ရာ MDY- PDF များမှ ခုခံ တွန်းလှန်နိုင်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်ခဲယမ်း မြောက်များစွာကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ တိုက်ပွဲ အတွင်း MDY PDF ဘက်မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ရပြီး မျက်မြင် အတည်ပြုချက်များအရ စစ်ကောင်စီဘက်မှ ၂၅ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရသူများလည်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့အပြင် အဆိုပါ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် နောင်ချိုမြို့မှ ကျေးရွာ ၄ ရွာနေ ပြည်သူ ၁၅၀ ကျော်သည် နေအိမ်စွန့်ခွာကာ စစ်ရှောင်ထွက်ပြေးနေရသဖြင့် အစားအသောက် နှင့် အနွေးထည်အတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

“စစ်ရှောင်လာရတာကတော့ ၁၀ ရက်နေ့ ကတည်းကပေါ့၊ ဒီက ဘုန်းကြီး နဲ့ ရွာလူကြီးတွေကပဲ ကူညီပြီး စီစဥ်ပေးထားတယ်။ ဒါပေမယ့် လူပေါင်း ၁၅၀ ကျော် အတွက်တော့ မလုံလောက်နိုင်သေးဘူးပေါ့၊ အဓိကကတော့ အနွေးထည် နဲ့ အစားအသောက်တွေ ကူညီထောက်ပံ့မှု လိုအပ်တယ်” ဟု စစ်ရှောင်ကို ကူညီပေးနေသည့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ရှောင်ထွက်ပြေးရသူများသည် လုံခန်ရွာ၊ နားခါးရွာ၊ ခေးနင်းရွာ (ဒိုးပင်ရွာ)၊ ပိန်းညို့ရွာ နှင့် ကြံခင်း (ပိန်းအွယ်ကျေးရွာ) ဒေသခံရွာသား ၁၅၀ ကျော်တို့က ဟိုခိုရွာရှိ ဘုန်းကြီးကျောင်းသို့ စစ်ရှောင်ခိုလှုံနေပြီး လက်ရှိတွင် အစားအသောက် နှင့် အနွေးထည်များ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် မြေပြင် ထိတွေ့တိုက်ပွဲ ငြိမ်သက်သွားသော်လည်း နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာမှုများ ရှိနေသေးသည့် အတွက် စစ်ရှောင်များက နေရပ်မပြန်နိုင်သေးပေ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ အတွင်းမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ခေးနင်းရွာ (ဒိုးပင်ရွာ)၊ ဟိုခိုရွာ နှင့် ကုလားကွဲရွာတို့က ဒေသခံ ၁,၀၀၀ ကျော် စစ်ရှောင်ထွက်ပြေးခဲ့ရသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး ဒီဇင်ဘာ (၃၁) ရက်နေ့ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း တကယ်တမ်း စစ်မြေပြင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...