နောင်ချို ဒေသခံ ၁၅၀ ကျော် စစ်ရှောင်နေရ၊ ကူညီထောက်ပံ့မှု လိုအပ်

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ (PDF) တို့ တိုက်ပွဲကြောင့် ဒေသခံ ရွာသား ၁၅၀ ကျော် စစ်ရှောင်ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

လက်နက်ကြီးထိမှန်ပျက်စီးသည့် အဆောက်အအုံ

အဆိုပါ စစ်ရှောင်ထွက်ပြေးရသည့် နောင်ချိုမြို့နယ်မှ လုံခန်ရွာ၊ နားခါးရွာ၊ ခေးနင်းရွာ (ဒိုးပင်ရွာ) နှင့် ပိန်းညို့ရွာတို့မှ ဒေသခံရွာသား ၁၅၀ ကျော်တို့က ဟိုခိုရွာရှိ ဘုန်းကြီးကျောင်းသို့ စစ်ရှောင်ခိုလှုံနေပြီး လက်ရှိတွင် အစားအသောက်နှင့် အနွေးထည်များ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်ရှောင်လာရတာကတော့ ၃ ရက်ရှိနေပြီပေါ့၊ ဒီက ဘုန်းကြီး နဲ့ ရွာလူကြီးတွေကပဲ ကူညီပြီး စီစဥ်ပေးထားတယ်။ ဒါပေမဲ့ လူပေါင်း ၁၅၀ ကျော် အတွက်တော့ မလုံလောက်နိုင်သေးဘူးပေါ့၊ အဓိကကတော့ အနွေးထည် နဲ့ အစားအသောက်တွေ လိုအပ်တယ်” ဟု စစ်ရှောင်ကို ကူညီပေးနေသည့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က တိုက်လေယာဥ် သုံးစီးဖြင့် နောင်ချိုမြို့နယ်အတွင်း လှုပ်ရှားနေသည့် PDF တပ်ဖွဲ့များကို ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ကျေးရွာ ၄ ရွာမှ ဒေသခံ ၁၅၀ ကျော်တို့က စစ်ရှောင်ထွက်ပြေးနေရခြင်းဖြစ်သည်။

လက်နက်ကြီးထိမှန်ပျက်စီးသည့် အဆောက်အအုံ

ယင်းတိုက်ပွဲကြောင့် ဒေသခံများ စစ်ရှောင်ထွက်ပြေးရသည့်အပြင် လုံခန်ကျေးရွာမှ ဘုန်းကြီးကျောင်း လက်နက်ကြီးထိ ပျက်စီးသည့်အပြင် ဒေသခံ နေအိမ် ၂ အိမ်လည်း ပျက်စီးရကြောင်း ဒေသခံများက ပြောသည်။

“လုံခန်ရွာက အိမ် ၂ လုံး ပျက်တယ်၊ ဘုန်းကြီးကျောင်းလည်း ပျက်တယ်၊ တခြား မသိရသေးတဲ့ ထိခိုက်ပျက်စီးမှုလည်း ရှိကောင်းရှိမှာပါ။ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုလည်း ရှိတယ်လို့ သတင်းတွေ ကြားရတယ်၊ ဒါပေမဲ့ အသေးစိတ်တော့ မသိရသေးဘူး” ဟု အထက်ပါ စစ်ရှောင်ကူညီသူ အမျိုးသားက ဆက်ပြောသည်။

လက်ရှိတွင် မြေပြင် ထိတွေ့တိုက်ပွဲ ငြိမ်သက်သွားသော်လည်း နှစ်ဖက် တပ်ဖွဲ့ စစ်ရေးတင်းမာမှုများ ရှိနေသေးသည့် အတွက် စစ်ရှောင်များက နေရပ်မပြန်နိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ အတွင်းမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ခေးနင်းရွာ (ဒိုးပင်ရွာ)၊ ဟိုခိုရွာ နှင့် ကုလားကွဲရွာတို့က ဒေသခံ ၁,၀၀၀ ကျော် စစ်ရှောင်ထွက်ပြေးခဲ့ရသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး ဒီဇင်ဘာ (၃၁) ရက်နေ့ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း တကယ်တမ်း စစ်မြေပြင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...