ကွတ်ခိုင်မြို့နယ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်အတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့သည် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ရှုခင်းသာအနီး ကားများ ရပ်ထားစဥ်

ယနေ့ (ဖေဖော်ဝါရီ ၁၀) ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့ ရှုခင်းသာအနီး၌ ပစ်ခတ်သံများ ထွက်ပေါ်လာပြီး နမ့်ခိုက်ဂိတ်မှ စတင်ကာ ယာဥ်တန်းများ ရပ်နားထားရကြောင်း ဒေသခံ ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲသံက လမ်းရဲ့ အပေါ်ဘက်မှာ ကြားရတာ၊ လမ်းမကြီး နဲ့ သိပ်ဝေးမယ်မထင်ဘူး၊ သေနတ်သံတွေက အတိုင်းသားကြားနေရတယ်၊ နမ့်ခိုက်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကလည်း ကားသမားတွေကို ရှေ့ဆက် မသွားဖို့ တားထားကြတယ်၊ အဲ့မှာ နာရီဝက်လောက် ကြာပြီး အသံငြိမ်မှ ဆက်သွားခွင့်ပြုတာ” ဟု ကြုံတွေ့ရသည့် ကားသမားက ပြောသည်။

ကားသမားများသည် နာရီဝက်ကြာအောင် ရပ်ထားရပြီး ကားနှင့်အတူ တခြား ဆိုင်ကယ်သမားများ ဖြတ်သန်း သွားလာခွင့်လည်း နမ့်ခိုက်စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီ တပ်သားများက တားမြစ်ထားကြောင်း အထက်ပါ ကားသမားက ဆက်ဆိုသည်။

အဆိုပါ တိုက်ပွဲသံသည် နာရီဝက်နီးပါး ထွက်ပေါ်လာပြီး ၁၀ နာရီခွဲကျော်၌ အသံငြိမ်သွားကြောင်း နှင့် တိုက်ပွဲအတွင်း မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းတို့ ပါဝင်သည်ကို အသေးစိတ် မသိရသေးပေ။

ရှုခင်းသာအနီး ကားများ ရပ်ထားစဥ်

ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းတွင်လည်း ကွတ်ခိုင်မြို့နယ် မန်ပြိန်းအုပ်စု ကောင်းခန်ရွာအနီး၌ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

လားရှိုး – မူဆယ် ပြည်ထောင်စု လမ်းပိုင်းရှိ ကွတ်ခိုင် နှင့် သိန္နီမြို့နယ်တို့အတွင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး ဒေသခံများ နှင့် ကားသမားများအတွက် သွားရေးကြန့်ကြာမှု နှင့် လုံခြုံရေးအတွက် စိုးရိမ်ရကြောင်းလည်း အထက်ပါ ကားသမားက ဆက်ပြောသည်။

“ကားသမားတွေ အတွက်ကျ ဒီဘက်လမ်းတွေမှာ ဒီလိုတိုက်ပွဲတွေကို တစ်ခေါက်မက ကြုံတွေ့နေရတယ်၊ တချို့ ခရီးသည်တွေဆို ဒီလိုမျိုးတခါမှ မကြုံဖူးတော့ ကြောက်လန့်နေတာရှိတယ်၊ ပြီးတော့ အရေးကြီး ခရီး ဆိုရင်လည်း ကြန့်ကြာမှုတွေ ရှိနိုင်တယ်၊ ဒေသခံတွေလည်း အဲ့လိုပါပဲ၊ ဘယ်သူမဆို ကြောက်ကြရတယ်” ဟု ၎င်းက ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်းသည် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသည့် ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့က သွားလာလှုပ်ရှားနေသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး ဒီဇင်ဘာ (၃၁) ရက်နေ့ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း တကယ်တမ်း စစ်မြေပြင်တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ တော်လှန်ရေး အင်အားစုများ နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...