RCSS တပ်မတော် # အစိုးရတပ်မတော် တို့အကြား ငြိမ်းချမ်းရေးပျက်လေမလား….

ဂျွန်၊ ဂျူလိုင်လ ကနေ ကနေ့အထိ အစိုးရ တပ်မတော် သျှမ်းပြည်တပ်မတော် RCSS/SSA တို့အကြား တိုက်ပွဲ သတင်းတွေ ဆက်တိုက်ဖတ်နေရပါတယ်။ ၎င်းလက်နက်ကိုင်တပ်နှစ်ဖွဲ့အကြား စစ်ရေးပဋိပက္ခ ကြောင့် ဒေသခံတွေ လဲဖမ်းဆီးခံနေရပါတယ်။ အမှန်တော့ ဒီနှစ်ဖွဲ့ဟာ ပြည်နယ်အဆင့်၊ ပြည်ထောင် စုအဆင့်၊ တနိုင်ငံလုံးအဆင့် အပစ်ရပ်ထားကြတာဖြစ်တဲ့အတွက် ဒီလိုမျိုးသတင်း မရှိသင့်တော့ ပါဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ဘာတွေ လက်တွဲလုပ်နေကြလဲ၊ ဘာတွေ ဆွေးနွေးနေ ကြလဲ၊ ဖြစ်နေတဲ့ ပြဿနာကို ဘယ်လိုလက်တွဲ ဖြေရှင်းနေကြလဲဆိုတဲ့ သတင်းတွေပဲ ပိုမိုတက်လာ သင့်တယ်လို့ မြင်မိပါတယ်။

အထူးခြားဆုံးကတော့ – မနေ့က သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ကနေ အသိတယောက် ဖုန်းဝင်လာ ပါတယ်။ ‘ဘာတွေဖြစ်နေကြလဲ။ RCSS နယ်မြေမှာ တပ်မတော် စစ်ကြောင်း သွားနေတာတွေ့တယ်။ တိုက်ပွဲ ပြန်ဖြစ်တော့မလား။ ဘာသတင်းထူးသံကြားသေးလဲ …..’ တဲ့ – သေခြာ စုံစမ်းကြည့်တော့ သျှမ်းပြည် တောင်ပိုင်း မြို့နယ် တိုင်းမှာ အစိုးရတပ်မတော်က အင်အားဖြည့် လှုပ်ရှားမှု ပိုပြုလာနေ ပါတယ်။

လင်းခေးမြို့နယ်က မြောက်ဘက်ဒေသ ကျေးလက်အကြီးအကဲ တဦးက – ‘ဗမာတပ်တွေ အင်အား တရာလောက် ဒီမြောက်ဘက်ဒေသကို တက်လာတယ်။ အရင်က ဒီမှာ သျှမ်းတပ်ဘဲ ရှိတယ်လေ။ အခု သျှမ်းတပ်လှုပ်ရှားသတင်းရလို့ လာတာတဲ့။ လာမေးတာက – သူတို့ဘယ်ရွာမှာနေလဲ ဆိုတာ ပြော ပါ။ သတင်းအမှန်ပေးပါတဲ့ ၊ အမှန်အတိုင်းမပြောရင် တပ်မတော်ဆိုတာ ဘာလဲ ဆိုတာသိတယ်နော် တဲ့ ခြိမ်းခြောက်ပြီး လာမေးနေတယ်။ ကျနော်တို့ လဲ အမှန်အတိုင်း ဘဲ ပြောလိုက်တယ်။ အင်အား ဘယ် လောက်ရှိ ဘယ်ရွာမှာရှိနေလဲ ဆိုတာ။ အခုထိ အဲဒီကိုလဲ သူတို့မသွားသေးဘူး။ ပစ်ခတ်သံလဲ မရှိသေး ဘူးပေါ့။ သွားရင်တော့ သေခြာတယ်။ ရွာသူရွာသားတွေတော့ ဒုက္ခရောက်ကုန်တော့မှာဘဲ … စိတ် တအား ပူမိတယ်။ တိုက်ပွဲ ပြန်မဖြစ်စေချင်တော့ဘူးလေ” – လို့ပြောပါတယ်။

အစိုးရတပ်မတော် အင်အားဖြည့် လှုပ်ရှားနေမှုဟာ သျှမ်းပြည်တောင်ပိုင်းတင်မကဘဲ သျှမ်းပြည် အရှေ့ပိုင်း၊ မိုင်းပြင်း၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆတ် ၊ မိုင်းတုံ မြို့နယ် ဘက်မှာလဲ သွားလာ လှုပ် ရှားနေကြောင်း၊ သျှမ်းပြည်မြောက်ပိုင်း သီပေါ ၊ ကျောက်မဲ ၊ သိန္နီ၊ နမ္မတူ မြို့ဘက်မှာလဲ နဂို TNLA ရှင်းလင်းရေးလှုပ်ရှားတပ်တွေအပြင် ပိုမိုလှုပ်ရှားလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တဦးကတော့ – ‘‘ ဒီစကားကြားရတော့ ကျနော်တောင် မျက်လုံးပြူးသွားတယ်။

အမှတ် ၂ ကစထ မှူး (ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူး) အဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦးက – ‘ RCSS/SSA က NCA အတိုင်း လိုက်မလုပ်ဘူး။ ဒါ့ကြောင့် သူတို့ ကို ရှင်းလင်း တိုက်ခိုက် ဖယ်ရှားသွားရလိမ့်မယ် ’ – လို့ပြောတယ်။ အမှန်တော့ တနိုင်ငံလုံး အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးပြီးပြီဘဲ။ ဖြစ်ပျက်နေတဲ့ ပြဿနာအားလုံး အပစ်ရပ် NCA စာချုပ် ရှိနေပြီ ၊ သဘော တူညီချက်တွေရှိနေပြီ – ဆိုတော့ အဲဒီစာချုပ်ကို ကိုင်ပြီး ဆွေးနွေးအဖြေရှာရမှာ။ အင်အားသုံးပြီးဖြေရှင်းဖို့လုပ်လာရင် တဘက်ကလဲ ခုခံ တိုက်ခိုက်ရမှာဘဲ” – လို့ ပြောပါတယ်။

ဒီလို တိုက်ပွဲ တွေ ပြန်ဖြစ်လာရင် စစ်ဘေးစစ်ဒဏ်ခံရမှာက ပြည်သူတွေပါ။

သျှမ်းပြည်တပ်မတော် RCSS/SSA ဆိုတာ ၁၉၉၆ ကနေ ၂၀၁၁ ခု နှစ် အထိ အစိုးရ တပ်မတော်နဲ့ ဆက်တိုက် တိုက်ပွဲ ဆင်နွဲလာတဲ့ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။ အဲဒီ့အချိန်ကတည်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ ပြောခဲ့တဲ့ အားလျော်စွာ စစ်အစိုးရ အသွင် ပြောင်း သမ္မတ ဦးသိန်းစိန် အစိုးရ ငြိမ်းချမ်းရေးကမ်းလှမ်းတာနဲ့ ပထမ ဦးဆုံး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ သဘောတူတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ် ဖြစ်ပါတယ်။

ဒီလုပ်ရပ်ကြောင့် ဝေဖန်ပုတ်ခတ် မှုတွေလည်းအများအပြားရှိခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ NCA တနိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းရေးဆွဲစဉ် သျှမ်းပြည်တပ်မတော် က မပါဝင်လို့ပါဘဲ။ ရေးဆွဲတဲ့ နေရာမှာ မပါဝင်ဘဲ အပစ်သွားရပ်တော့ အဲဒီစာချုပ်အကြောင်း ဘာသိမလဲပေါ့။

သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ကတော့ – ‘ ကျနော်တို့ တိုက်ပွဲ ဆင်နွဲလာ တာကြာပြီ ။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ ကျနော်တို့ ခံယူထားတဲ့ အတိုင်းဘဲ။ ဒီတော့ ဒါက အခွင့်အရေးဘဲ။ အရင်က ကျနော်တို့ တိုက်ပွဲ အရမ်းလုပ်ချင်နေတယ်လို့ ထင်နေကြ တယ်။ ဒီလိုအပစ်ရပ်လိုက်တော့ ဘယ်သူ ပိုမှား ဘယ်သူပိုမှန်ဆိုတာ ပိုအမြင်ရှင်းသွား ဒါပေါ့” – ဟု ဝေဖန်သုံးသပ်ဖူးပါတယ်။

အမှန်တော့ သျှမ်းပြည်တပ်မတော် RCSS/SSA နဲ့ အပေါင်းပါ တော်လှန်ရေးတပ် ၇ ဖွဲ့ အပစ်ရပ်လိုက် တာဟာ အပစ်မရပ်သေးတဲ့ အဖွဲ့တွေ အတွက် အစမ်းသပ်ခံပေးလိုက်တာဘဲလို့ ပြောရင် မှားမယ်မ ထင်ပါဘူး။

သူတို့ ၈ ဖွဲ့ အပစ်ရပ်လိုက်တဲ့ လုပ်ရပ်၊ လုပ်ဆောင်ချက်တွေကို အပစ်မရပ်သေးတဲ့ အဖွဲ့ တွေက စောင့် ကြည့်နေကြပါတယ်။ ပိုမိုထူးခြားလာတာ ဘာရှိလာမလဲ။ အပစ်ရပ်လိုက်တဲ့ လက်နက်ကိုင် တပ်ဖွဲ့ တွေ အနေနဲ့ ဘာအကျိုးကျေးဇူးတွေရလဲ၊ လူထု က ကော ဘာအသီးအပွင့်ရလာမလဲ ဆိုတာ။

အခု က သွားလိုတဲ့နေရာ သွားမရ၊ အပစ်ရပ်ပူးတွဲစောင့်ကြည့်တဲ့ ပြည်နယ်အဆင့်၊ ခရိုင်အဆင့် ရုံးတွေ ဖွင့်လှစ်ပေမယ့် ဘာမှ ဆုံးဖြတ်ပိုင်ခွင့်မရှိ။ ထို့အတူ ဖွင့်လှစ်ထားတဲ့ ဆက်ဆံရေး ကိုယ်စားလှယ် ရုံး ကလဲ ‘ ခင်ဗျားတို့တပ်တွေ ဆုတ်ခိုင်းလိုက်ပါ’ လို့ ခေါ်ပြောတဲ့ အဆင့်ပဲထားတာပါ၊ တိုက်ပွဲ မဖြစ်ခင် အဲဒီ့ ဘက် သွားမယ်၊ လူအင်အားဘယ်လောက်၊ ဘယ်အချိန်သွားပြီး ဘယ်အချိန်လောက် ပြန်ထွက်မလဲ ဆို တာ ကြိုပြောတာ၊ ကြိုတင်အကြောင်းကြားတာဘယ်တော့မှမရှိ၊ သွားပြီး တိုက်ပွဲ ဖြစ်ပွားမှ ကိုယ်စား လှယ်ရုံးတာဝန်ခံကို ‘ကျုပ် တို့ စစ် ကြောင်း ခင်ဗျားတို့ အဖွဲ့ ပစ်တယ်၊ ဒါ NCA ချိုးဖေါက်တယ်’ – တပ် မဆုတ်မချင်း ဆက်ဆံ ရေးရုံးတာဝန်ခံကိုလွှတ်မပေး တာလဲ ရှိခဲ့ဖူးပါတယ်။

ဒါ့ကြောင့် RCSS/SSA ကို အစိုးရ တပ်မတော် က ဆက်လက်တိုက်ပွဲ ဆင်နွဲရင် ဝ တို့ ၊ မိုင်းလား တို့ တခြား မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ ငြိမ်းချမ်းရေးမှာ ပါဝင်လာဖို့ မဖြစ်နိုင်တော့ပါဘူး။

တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေး မပျက်သွားအောင် ဖမ်းဆီးထားတဲ့ ကျေးလက်လူထု အမြန်ဆုံး လွှတ်ပေးပါ၊ ဖြစ်နေတဲ့ ပြဿနာကို အစိုးရ ၊ တပ်မတော် နဲ့ သက်ဆိုင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တို့ အမြန် ဆုံးဆွေ့ဆုံပြီး ဖြေရှင်းပေးပါ။ တဦးအပေါ် တဦး အပစ်ပုံချ ရန်စ စကားတွေ၊ လုပ်ရပ် တွေ အမြန် ဆုံး ရပ်တန်းက ရပ်လိုက်ပါ။

တိုက်ပွဲတွေ ရပ်တန့်နိုင်ဖို့အတွက်၊ တိုက်ပွဲဖြစ်ရတဲ့အကြောင်းရင်းစီစစ် ကြပ်မတ်နိုင်ဖို့အတွက် JMC ထက်ပိုမိုဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ၊ JMC ထက်ပိုမိုအားကောင်းတဲ့ တတိယအဖွဲ့အစည်းတခုရှိဖို့လိုအပ်တယ်လို့မြင်မိပါတယ်။

လူထု ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရ က လဲ လူထုထောက်ခံမဲ နဲ့ တန်အောင် တနိုင်ငံလုံး အပစ်ရပ်နိုင်ဖို့ ဦးစားပေး အလုပ် အနေဖြင့်လုပ်ဆောင်ပါ ။ တိုင်းရင်းသား ဘက်က NCA စာချုပ် လက်မှတ်လာထိုးပါလို့ ပြောသလို တိုင်းရင်းသားတွေ လက်မှတ်လားထိုးနိုင်အောင် ယုံကြည်မှု တည်ဆောက်နိုင်အောင် အင်အားသုံး ထိုးစစ်ဆင်နေတဲ့ အစိုးရတပ်မတော်ကိုလဲ ဟန့်တားပေးပါ။

ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တိုင်းရင်းသားလူထု တရပ်လုံး ခံစား ရရနိုင်ဖို့ ၊ တန်းတူညီမျှစွာနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်နိုင်ဖို့ အားလုံး မာန်မာနတွေ လျှော့ပေးကြပါလို့ တိုက်တွန်းနိုးဆော်လိုက်ရပါတယ်။

ဆောင်းပါးရှင်
ခွန်ဆန်မှူး

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စပါးကျီအစား အကြွေးကျီသာ ပြည့်နှက်နေသည့် ပုံးအင်းလွင်ပြင်

0
စပါးရိတ်သိမ်းပြီးစ ရိုးပြတ်များသာ ကျန်ရှိတော့သည့် ပုံးအင်းလွင်ပြင်၏ တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းကို ငေးကြည့်ရင်း အသက် ၄၀ အရွယ် နန်းဟွမ်တယောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ လယ်ကွင်းထဲတွင် ရိတ်သိမ်းစရာ စပါးနှံများ မရှိတော့၍ အလုပ်အားသွားပြီ ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် ရှေ့ဆက်ရမည့် ဘဝခရီးအတွက် ပူပန်မှုများက အပြည့်နေရာယူထားဆဲ...

စစ်စရိတ်နှင့် သယံဇာတ – တအာင်းဒေသတွင် မြေရှားသတ္တုတူးဖော်မှု အရှိန်အဟုန်ဖြင့် တိုးလာနေ

0
ကမ္ဘာ့နည်းပညာလောက၏ လျှပ်စစ်ကား (EV) ဘက်ထရီများနှင့် ခတ်မီစစ်လက်နက်များ ထုတ်လုပ်ရန်အတွက် လေးလံမြေရှားဒြပ်စင် (Heavy Rare Earth) များသည် မရှိမဖြစ် လိုအပ်လာနေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် ကမ္ဘာ့အကြီးဆုံး ရင်းမြစ်တစ်ခုမှာ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများသည် ကချင်ပြည်နယ်မှတစ်ဆင့် သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း (ပလောင်)...

တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်

0
မနက်တိုင်း ကျနော့မှာ နာရီနှိုးစက် သီးသန့်ပေးထားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ (၇) ကီလိုလောက်ရှိတဲ့ အမွေးပွ "နှိုးစက်ကြီး" က ကျနော့်ရင်ဘတ်ပေါ် တက်ထိုင်ပြီး နှိုးတတ်လို့ပါ။ သူကတော့ ကျနော်ရဲ့ ပထမဆုံး ကိုယ်တိုင်မွေးထားတဲ့ "အိုက်တမ်" ဆိုတဲ့ ကြောင်လေးပေါ့။ "အိုက်တမ်" ဆိုတာ မြန်မာလိုဆိုရင်တော့ "အမဲလေး"...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...