Thursday, April 25, 2024

အင်းလေး တိုက်ပွဲအတွင်း မိုးဗြဲ PDF တပ်သား တစ်ဦး ကျဆုံး

Must read

သျှမ်းပြည် တောင်ကြီးခရိုင် အင်းလေးဒေသတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ က တပ်သား တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ကျဆုံးသွားတဲ့ မိုးဗြဲ PDF တပ်သား

ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်တွင် အင်းလေး အနောက်ဘက်ကမ်း စစ်ကောင်စီ ၊ PNO နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်ရင်း ၂ က တပ်သား တစ်ဦး ကျဆုံးခဲ့ကြောင်း ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

“ တစ်ဦးကျသွားတယ် ။ ဟုတ်တယ် ဒီနေ့မှ ထုတ်ပြန်ဖြစ်သွားတာ ။ လုံခြုံရေးအရ ချက်ချင်း မထုတ်ပြန်ဖြစ်တာပါ “ ဟု မိုးဗြဲ PDF တပ်သားတစ်ဦးက ပြောသည်။

အဆိုပါ ပြီးခဲ့သည့် အင်းလေးတိုက်ပွဲသည် စစ်ကောင်စီ ၊ PNO ပူးပေါင်းတပ်ဖွဲ့ နှင့်
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ PDFတပ်ရင်းအမှတ် ၁၀၀၇၊ ၁၀၀၅၊ ၁၀၀၈၊ ၁၀၀၉၊ ၁၀၀၃ နှင့် PNDF အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ရေးသားထားသည်။

အင်းလေးတိုက်ပွဲအတွင်းတွင် PDF ဘက်မှ ၄ ဦး ကျဆုံးခဲ့ပြီး ၃ ဦး ဖမ်းဆီးခံထားရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article