Sunday, February 5, 2023

ဟိုပုံးစစ်ရှောင်များ ၆၀၀ ဝန်းကျင် ဘဝအသစ်ထူထောင်ရေးအတွက် အကူညီလိုအပ်နေ

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြိုနယ် နားပုံကျေးရွာအုပ်စု ဝမ်မိုင်ပန်လုံကျေးရွာသစ်ရှိ စစ်ရှောင်ဦးရေ ၆၀၀ ဝန်းကျင်မှာ ဘဝအသစ် ထူထောင်ရေးအတွက် အကူညီ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ဟိုပုံးစစ်ရှောင်

တောင်ကြီးမြို့ပေါ်မှ ဟိုပုံးမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းနေထိုင်ပြီး ၉ လခန့်အကြာ ယာယီတဲအသစ်တိုးချဲ့ ဆောက်လုပ်ရန်၊ အသက်မွေးဝမ်းကျောင်း တောင်ယာလုပ်ကိုင်ရန် နှင့် စစ်ရှောင်ကလေးများ၏ ပညာရေးပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနေပြီး ဘဝသစ် ထူထောင်ရေးအတွက် အကူအညီလိုအပ်နေကြောင်း စစ်ရှောင် ကူညီသူများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ စစ်ရှောင်များသည် သျှမ်းပြည် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအတွင်း တိုင်းရင်းသားအချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးလာသည့် သူများဖြစ်သည်။

“ လက်ရှိ ဆောက်လုပ်ပြီးစီးတဲ့ တဲအိမ်က ၈၀ လုံး လောက်ဘဲရှိတယ်။ စစ်ရှောင်အိမ်ခြေပေါင်းက (၂၁၀) လောက်ရှိတယ်လေ။ တချို့ တဲအိမ်တွေ အမိုးလေးဘဲ ကာ ထားရသေးတယ်၊ တချို့တဲ အိမ်တွေက ထရံနဲ့ ကာထားတာပေါ့။ တဲအိမ်တွေက မလုံလောက်တော့ တချို့က ခြံတစ်ပတ်ခြားပြီး နေတယ်။ တချို့ကတော့ သစ်ပစ် အောက်မှာ (လေး – ငါး) အိမ်လောက်ဖွဲ့ပြီး စုပေါင်းနေရတယ် “ ဟု စစ်ရှောင်ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိမှာ ယာယီတဲအသစ် တိုးချဲ့ဆောက်လုပ်ရန် ငွေရေးကြေးရေး လိုအပ်နေကြောင်း သိရသည်။
ထို့အပြင် စစ်ရှောင်အမျိုးသမီးများအတွက် လစဉ်သုံး အရေးပေါ် အကူညီလိုအပ်နေကြောင်း ၎င်းကဆိုသည်။

“အခု စစ်ရှောင်အမျိုးသမီးတွေအတွက် လစဉ်သုံး အရေးပေါ် လိုအပ်နေတယ်။ ကျမတို့က ၁၂ ထုပ်ပါတဲ့ အထုပ်ကြီးကို တစ်ယောက်ကို တစ်ထုပ်နှုန်း မပေးနိုင်ဘူး။ တစ်လကို အမျိုးသမီးတစ်ယောက် အထုပ်သေး ၄ ထုပ်လောက်ဘဲ ပေးနိုင်တယ်။ သူတို့အတွက်လည်း မလုံလောက်ဘူး၊ ကျမတို့ကလည်း အများကြီးမထောက်ပံ့နိုင်ဘူး “ ဟု အထက်ပါ အမျိုးသမီးက ထပ်လောင်းပြောသည်။

ထို စစ်ရှောင်စခန်းသည် တောတောင်အတွင်းသို့ ရောက်ရှိနေသောကြောင့် ဖုန်းလိုင်းများ အဆက်အသွယ် မရှိသောကြောင်း ဆက်သွယ်ချင်သော်လည်း မြို့ပေါ်တက်ပြီး ဆက်သွယ်ရကြောင်း ဆိုသည်။

ယင်း စစ်ရှောင်ဦးရေ ၅၀၀ ကျော်သည် ပြီးခဲ့သည့် (၆) လအတွင်းမှာ ပြောင်းစိုက်ပြီး အသက်မွေးဝမ်းကြောင်း ပြုလုပ်ခဲ့သလို နေ့စားလုပ်အားခလည်း ပေးခဲ့ကြောင်း၊ ရေရှည် ဘဝရပ်တည်နိုင်ရေးအတွက် လက်ရှိမှာ ကောက်ပဲသီးနှံ စိုက်ပျိုးရန် မျိုးစေ့လိုအပ်နေကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“ ပြီးခဲ့တဲ့ ၆ လတုန်းက ပြောင်းစိုက်ပျိုးပြီး ရောင်းကြတယ်လေ။ ပြောင်းစိုက်ပြီးနောက်ပိုင်း အခု ဘာမှကို မစိုက်ပျိုးရသေးဘူး။ စိုက်ပျိုးဖို့ မျိုးစေ့တွေ လိုအပ်တယ်၊ ဓာတ်မြေသြဇာတွေ လိုအပ်တယ် “ ဟု ၎င်းစစ်ရှောင်အမျိုးသမီးက ပြောသည်။

စစ်ရှောင်စခန်းတွင် လူဦးရေ စုစုပေါင်း ၅၉၆ ရှိရာမှ ထိုထဲတွင် အမျိုးသမီး နှင့် ကလေးငယ်များ ဖြစ်ကြပြီး စစ်ရှောင်စခန်းမှာ ထွက်ပြေးခိုလှုံနေချိန် ကြာလာသည့်နှင့်အမျှ အဆောက်အအုံအသစ် တိုးချဲ့ ဆောက်လုပ်ရန်၊ အသက်မွေးဝမ်းကြောင်း တောင်ယာလုပ်ကိုင်ရန် စသည့်ဖြင့် လိုအပ်ချက်များစွာ ရှိနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article