စစ်ကောင်စီ လူဦးရေ စာရင်းကောက်ရာ PDF နှင့် CDM ပြုလုပ်သူ ရှိ၊ မရှိကြောင်းမေးမြန်းနေ

သျှမ်းပြည် တောင်ကြီးခရိုင်အတွင်းရှိ မြို့နှင့်ကျေးလက်ဒေသ ကျေးရွာများတွင် စစ်ကောင်စီမှ လူဦးရေစာရင်းကောက်ယူရာတွင် အိမ်ထောင်စုစာရင်းထဲမှ လူဦးရေ လျော့နေပါက စစ်ဆေးမေးမြန်းမှုများရှိကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲ လူစာရင်းလိုက်လံကောက်နေ

ပြီးခဲ့သည့် ဇန်နဝါရီ (ဒုတိယအပတ်)တွင် စတင်ပြီး ပင်လောင်းမြို့တွင် လူဦးရေ စာရင်းကောက်ယူရာတွင် အိမ်ထောင်စုထဲမှ လူဦးရေ လျော့နည်းမှု ရှိပါက PDF နှင့် CDM ပြုလုပ်နေခြင်းရှိ၊ မရှိ မေးမြန်းမှုပြုလုပ်နေကြောင်း ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“လူဦးရေ စာရင်းလာကောက်တဲ့အချိန်တုန်းက အိမ်မှာဘယ်သူရှိလဲ၊ လူအပိုရှိလား မေးတယ်ဗျ။ အိမ်ထောင်စုထဲ နာမည်ရှိပြီး လူကပျောက်နေရင် သူဘယ်သွားလဲ၊ ခရီးထွက်နေသလား၊ ဘယ်နေရာမှာနေလဲ။ ဘာညာမေး တယ်ဗျ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် အဓိကအားဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ၏ လူဦးရေစာရင်းနှင့် ဝရမ်းပြေး နေသော အကြမ်းမဖက် CDM ပြုလုပ်ထားသူ လူဦးရေစာရင်းကို စာရင်းအတိအကျ သိရှိလိုချင်သဖြင့် စစ်ဆေးမေးမြန်းနေကြောင်းလည်း ဖြစ်သည်ဟု သိရသည်။

အလားတူ တောင်ကြီးမြို့တွင် စစ်ကောင်စီ သန်းခေါင်စာရင်း လိုက်လံကောက်ခံခြင်း မရှိသေးသော်လည်း အိမ်ထောင်စု စာရင်းထဲရှိ လူဦးရေ ပျောက်ဆုံးခြင်း အကြောင်းအရင်းကို လိုက်လံစစ်ဆေးမည်ဟုလည်း သတင်းထွက် ပေါ်နေကြောင်း သိရသည်။

“ စစ်ကောင်စီ လူဦးရေ စာရင်းကောက်နေတာဆိုတာ ကြားနေရတယ်၊ လာကောက်တာတော့ မရှိသေးဘူး။ ကျနော် သိထား၊ ကြားထားတာက လူဦးရေစာရင်း ကောက်တဲ့နေရာမှာ ကျနော်တို့ အိမ်ထောင်စုစာရင်း လူဦးရေ ၅ ယောက်ရှိတယ်ဆိုရင် သူတို့လာကောက်တဲ့ အခါမှာလည်း အဲ့ ၅ ယောက်လုံး ရှိနေရမယ်။ ဒီထဲ ကလေး ၂ ယောက်က အိမ်မှာမနေဘူး၊ ပျောက်နေတယ်ဆိုရင် ဒီကလေးတွေက PDF တွေလားဆိုပြီး သိချင်တာ “ ဟု တောင်ကြီးမြို့ ဒေသခံ အသက် ၄၀ နှစ်ကျော် အမျိုးသားတစ်ဦးက ပြောသည်။

လာမည့် သြဂုတ်လတွင် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း လူဦးရေ စာရင်းလိုက်လံကောက်ခံနေခြင်းအတွက် ယခု (ဇန်နဝါရီ ၉) ရက်က စစ်ကောင်စီ တရားဝင်ထုတ်ပြန်ထားခြင်း ဖြစ်သည်။

သျှမ်းပြည်တွင် မူဆယ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ လွိုင်လင်၊ ဆီဆိုင်နှင့် ပင်လောင်းတို့မှာ ရွေးကောက်ပွဲအတွက် စစ်ကောင်စီမှ လူဦးရေ စာရင်းကို လိုက်လံကောက်ခံခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...