တာချီလိတ် – မယ်ဆိုင် အမှတ် (၁) တံတား ပြန်ဖွင့်ရန် ပြည်သူများ မျှော်လင့်နေ

မြန်မာ – ထိုင်း နယ်စပ် တာချီလိတ် – မယ်ဆိုင် အမှတ် (၁) တံတားကို ပြန်ဖွင့်ရန်အတွက် ပြည်သူများက မျှော်လင့်နေကြောင်း စုံစမ်းသိရှိရသည်။

မြန်မာ – ထိုင်း နယ်စပ် တံတား

ဇန်နဝါရီ ၁၂ ရက်တွင် မြဝတီ – မဲဆောက် အမှတ် (၁) ချစ်ကြည်ရေး တံတား ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ထို့ကြောင့် တာချီလိတ် – မယ်ဆိုင် အမှတ် (၁) တံတားကို ပြန်ဖွင့်လှစ်ပေးရန် တာချီလိတ်ပြည်သူများက မျှော်လင့်နေကြသည်။

လွန်ခဲ့သည့် ဇန်နဝါရီ ၁၆ ရက်တွင်လည်း ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းတွင် တံတားပြန်ဖွင့်ရန်အတွက် သန့်ရှင်းရေး ပြုလုပ်နေကြောင်း၊ တရုတ်နှစ်သစ်ကူးမတိုင်ခင် ပြန်ဖွင့်နိုင်ရန်လည်း ထိုင်းဘက်က ပြင်ဆင်နေသည်ဟုလည်း ထိုင်းသတင်းဌာန ရေးသားချက်အရ သိရသည်။

“ ဖွင့်တော့မယ်လို့တော့ ကြားတယ်။ မနေ့ကလည်း သန့်ရှင်းရေးတွေ သွားလုပ်နေတာလည်းရှိတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးတွေလည်း စည်းဝေးလုပ်နေတယ်။ ဘယ်တော့ဖွင့်မလဲတော့ မသိသေးဘူး။ ဖွင့်ဖို့တော့ မျှော်လင့်တာပေါ့။ ဖွင့်လို့ရှိရင် အသွားလာတွေ လွယ်ကူမယ်” ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံဘက်မှ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ဖွင့်လှစ်ရန်အတွက် ကြောညာထားသော်လည်း မြန်မာဘက်မှ တစ်စုံတစ်ရာမှ တုံ့ပြန်ခြင်း မရှိပေ။

သို့သော် တံတားကို ဖွင့်လှစ်ရန်အတွက် နေပြည်တော်မှ ညွှန့်ကြားစာ ပို့လာခဲ့ကြောင်း ၊ ဖွင့်လှစ်ရမည့် နေရပ်ကိုမပါလာသည့်အတွက်ကြောင့် ပြည်သူများက ဖွင့်လှစ်မည့်အကြောင်းကို ယုံကြည်မှုမရှိကြောင်း ပြောသည်။

“ဖွင့်ဖို့တော့ နေပြည်တော်ကနေ ညွှန်ကြားစာပို့လာတယ်တဲ့။ ဒီလရဲ့ နောက်ဆုံးပတ်တွေမှာပဲ ဖွင့်သွားမယ်တဲ့။ အသေးစိတ်တော့ ဘယ်နေ့ဖွင့်မလဲ မသိသေးဘူး။ တံတားကို ဖွင့်မဲ့ ကိစ္စကလည်း ကျနော်တို့ အရမ်းကြီး မယုံရဲသေးဘူး။ တံခါးဖွင့်ပြီဆိုမှ ဖွင့်ပြီလို့ပဲ ယုံလို့ရမှာ။ အခုတော့ ဖွင့်မယ်မဖွင့်ဘူးဆို ယုံလို့မရသေးဘူး” ဟု တာချီလိတ်မြို့ တက်ကြွလှုပ်ရှားသူက ပြောသည်။

တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးအမှတ် (၁) တံခါးကို မည်သည့်အချိန်တွင် ဖွင့်လှစ်သွားမည်ကို တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ခဲ့သော်လည်း “ အစည်းဝေး လုပ်နေကြောင်း “ ဟု ဖြေဆိုခဲ့သည်။

အလားတူ တံတားဖွင့်လှစ်ဖို့ရန်အတွက် တာချီလိတ်မဏ္ဍိုင် တွင်လည်း ဖွင့်လှစ်မည့် ရက်အတိအကျကို ဖော်ပြထားခြင်း မရှိပေ။

မြန်မာ – ထိုင်း နယ်စပ် တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေး တံတားအမှတ် (၁) ကို ကိုဗစ် – ၁၉ ကြောင့် ၃ နှစ်ကြာ ပိတ်ထားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...