ပုံးအင်းတောင်သူများ ပဲပုတ်စေ့ကို စမ်းသပ်စိုက်ပျိုးလာ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် နှစ်စဉ်နှစ်တိုင်း စပါးရေလွှမ်းမိုးခံရခြင်းကြောင့် တောင်သူများသည် အရှုံးပေါ်ခဲ့ရာမှ ပဲပုတ်စေ့ကို စမ်းသပ် စိုက်ပျိုးလာနေကြောင်း သိရှိရသည်။

ပုံးအင်းပဲပုတ်စိုက်ခင်း

ပုံးအင်းဒေသ တောင်ဘက်ခြမ်း အမြင့်ပိုင်းဒေသဖြစ်သည့် နောင်စန့်ရွာတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လပိုင်းက ရေကြီးရေလျှံမှုဖြစ်ပွားကာ လယ်ယာစပါး ဧကပေါင်း (၂) သောင်းကျော် ရေလွှမ်းမိုးခံရပြီး ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထို့ကြောင့် ယခု ၂၀၂၃ ခုနှစ် (ဇန်နဝါရီလ) စပြီး ပုံးအင်းဒေသ တောင်ဘက်ခြမ်းရှိ နောင်စန့်ရွာမှ တောင်သူများ တချို့သည် လယ်ယာစပါး စိုက်ခင်းအစား ပဲပုတ်စေ့များကို အစားထိုး စမ်းသပ်စိုက်ပျိုးလာနေကြောင်း နောင်စန့်ကျေးရွာ တောင်သူအမျိုးသမီး ဒေါ်နန်းဆိုင်ဟိန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျမတို့က ပဲပုတ်ကို စမ်းစိုက်ကြည့်တာ အခုနှစ်နဲ့ဆို ၃ နှစ်ရှိပြီ။ စစိုက်တဲ့နှစ်ကတော့ အနည်းအကျဉ်း လောက်ဘဲ စိုက်ပျိုးတယ်။ မနှစ်ကတော့ ထပ်ပြီး စမ်းစိုက်ကြည့်တာ ပဲပုတ်စေ့ခြောက် တစ်ပိဿကို ၂,၀၀၀ ကျပ် ဈေးရတယ်။ မနှစ်က ပဲပုတ်ဈေးကောင်းရလို့၊ ဒီနှစ်လည်း ထပ်စိုက်ကြည့်တာ ဖြစ်တယ် “ ဟု ဒေါ်နန်းဆိုင်ဟိန်းက ပြောပါသည်။

ပုံးအင်းဒေသမှာ အဓိကအားဖြင့် လယ်ယာစပါးကို အများဆုံး စိုက်ပျိုးလေ့ရှိသော်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အတွင်းက စပါးရေလွှမ်းမိုးခံရခြင်းဖြင့် တောင်သူများ အရှုံးပေါ်ခဲ့ရသည့်အတွက် ယခု ၂၀၂၃ ခုနှစ်မှာ ပဲပုတ်စေ့ကို စမ်းသပ် စိုက်ပျိုးလာကြောင်း သိရသည်။

ပဲပုတ်စေ့ကို စမ်းသပ်စိုက်ပျိုးလာသည့် ပုံးအင်းဒေသ ကျေးရွာများမှာ နောင်စန့်ရွာ၊ နမ့်ကွတ်ရွာ၊ ဖိုင်လင်း နှင့် ဖိုင်ကွမ်း ရွာတို့ဖြစ်ကြပြီး ၎င်းကျေးရွာများသည် အမြင့်ပိုင်းဒေသက ကျေးရွာများဖြစ်ကြောင်း သိရသည်။

ယခင်နှစ်တွင် ပဲပုတ်စေ့ခြောက် တစ်ပိဿကို ၂,၀၀၀ ကျပ်သာ ဈေးရရှိသော်လည်း ယခုနှစ်မှာ ပဲပုတ်စေ့ခြောက် တစ်ပိဿလျှင် ၅,၀၀၀ ကျပ်ထိ ဈေးမြင့်တက်နေတယ်လို့ သတင်းထွက်ပေါ်နေသောကြောင့် တောင်သူများသည် ပဲပုတ်ဈေးကွက်မှာ စျေးကောင်းရရှိရန် မျှော်လင့်နေရသည်ဟု ဆိုသည်။

“ ကျမတို့ ရွာမှာတော့ ပဲပုတ်ကို စမ်းသပ်ပြီး စိုက်ပျိုးတဲ့သူတွေ သိပ်မရှိသေးဘူး။ ရှိရင်လည်း ၅ ယောက်လောက်ပေါ့နော်။ ဒီနှစ် ပဲပုတ်စေ့ခြောက် တစ်ပိဿကို ၅,၀၀၀ ကျပ်လောက် ဈေးရှိတယ်လို့တော့ ကြားထားတယ်။ တကယ်လို့ ပဲပုတ်ဈေးကောင်း ရလာရင်တော့ ပဲပုတ်စိုက်မယ့် တောင်သူတွေတော့ များလာမယ်။ ဒီနှစ် ပဲပုတ်ဈေးကွက်မှာ ဈေးကောင်းကောင်းရဖို့ဘဲ မျှော်လင့်နေတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

သျှမ်းပြည် ဒေသခံအများစုသည် ပုံးအင်းဒေသထွက် ဆန်၊ စပါး များကို အားထားပြီး ပုံးအင်းစပါး ရေလွှမ်းမိုးခြင်းကြောင့် ပျက်စီးဆုံးရှုံးသွားပြီးနောက်ပိုင်း ဆန်ဈေးအဆမတန် မြင့်တက်လာမည်ကို ပြည်သူများက စိုးရိမ်နေလျက် ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...