Friday, April 19, 2024

စစ်ကောင်စီသည် လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကို ချိုးဖာက်လျက်ရှိဟု PSLF/TNLA ထုတ်ပြန်

Must read

အာဏာသိမ်း စစ်ကောင်စီသည် လူ့အခွင့်အရေးချိုးဖောက်မှု မျိုးစုံကို ပြောင်ပြောင်တင်းတင်း ချိုးဖာက်လျက်ရှိပြီး စစ်ရာဇဝတ်မှု နှင့် ပြစ်မှုပေါင်းစုံတို့ကို မကြောက်မရွံ့ ကျူးလွန်နေကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး/ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/ TNLA က ထုတ်ပြန် ပြောဆို ထားသည်။

ထုတ်ပြန်ချက်

ယနေ့ ဇန်နဝါရီလ ၁၂ ရက်တွင် ကျရောက်သည့် နှစ် ၆၀ ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ ထုတ်ပြန် ကြေညာချက်တွင် ထည့်သွင်းပြောဆိုထားခြင်း ဖြစ်သည်။

ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး၊ တအာင်းပြည်နယ် ရရှိရေးအတွက် အသက်၊ သွေး၊ ချွေး၊ ပစ္စည်းဥစ္စာများ အမျိုးမျိုး စွန့်လွှတ်ပေးဆပ်ခဲ့ကြသော အာဇာနည် ရဲဘော်/ရဲမေများ၊ ခေါင်းဆောင်များနှင့် မိဘပြည်သူများအား ဂုဏ်ယူစွာဖြင့် ဦးညွတ်အလေးပြုကြောင်းလည်း PSLF/ TNLA က ထုတ်ပြန်ချက်တွင် ထည့်သွင်းတိုက်တွန်းထားသည်။

ထို့အပြင် ဒီမိုကရေစီနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီပေါင်းစပ် မဟာမိတ် ပြုရင်း အမျိုးသားလွတ်မြောက်ရေးပန်းတိုင် ရောက်ရှိသည်အထိ ဦးလည်မသုန် တော်လှန်တိုက်ပွဲဝင်မည် ဖြစ်ကြောင်း လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA) က ဆိုထားသည်။

Leave a Comments

- Advertisement -spot_img

Latest article