ကျောက်မဲမြို့ ကားဂိတ် ပေါ့ဆမှုကြောင့် ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက် လူငယ် ၂ ဦး ထောင်ဒဏ် (၁၅) နှစ်ချခံရ

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့ သိမ်းစံကားဂိတ်၏ ပေါ့ဆမှုကြောင့် ယာဥ်မောင်း နှင့် ယာဥ်နောက်လိုက် လူငယ် ၂ ဦး ထောင်ဒဏ် ၁၅ နှစ် နှင့် အလုပ်ကြမ်း ချမှတ်ခံရကြောင်း စုံစမ်းသိိရှရသည်။

ဖမ်းဆီးခံရသည့် ယာဥ်မောင်း

အဆိုပါ ထောင်ဒဏ် ချမှတ်ခံရသည့် လူငယ် ၂ ဦးသည် ပြီးခဲ့သည့် ၂၀၂၂ ဧပြီ ၂၈ ရက်တွင် နောင်ချိုတိုးဂိတ်တွင် ဖမ်းဆီးခံရပြီး ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ထောင်ဒဏ် (၁၅) နှစ် ချမှတ်ခံရကြောင်း သိရသည်။

ထိုလူငယ် ၂ ဦးသည် ကျောက်မဲမြို့မှ မန္တလေးသို့ ခရီးသည်ကို တင်ပို့ပေးချိန် နောင်ချိုတိုးဂိတ်တွင် စစ်ကောင်စီက လက်နက်စစ်ဆေးတွေ့ရှိသည့် အတွက်ကြောင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

“ အဲ့နေ့က သူ ကားမောင်းရတဲ့ အလှည့်မဟုတ်ဘူး။ ကားပိုင်ရှင်က သွားမောင်းခိုင်းလို့ သူက သွားမောင်းပေးလိုက်တာ။ ကားထဲမှာ လက်ဖက်ခြောက်တွေ လာတင်တဲ့ အိတ်ရှိတယ်။ အဲ့ထဲမှာက လက်နက်ရှိတယ်။ မောင်းတဲ့သူကလည်း မသိဘူး။ ဂိတ်ကလည်း မစစ်ဆေးဘူး။ ယာဉ်မောင်းကလည်း မောင်းသွားပြီး နောင်ချို တိုးဂိတ်မှာ စစ်ခံရပြီးတော့ ဖမ်းခံရတာ” ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးသည် ပြည့်ဖြိုးမောင် နှင့် အောင်ကျော်မိုး တို့ဖြစ်ပြီး ၎င်းတို့သည် အသက် ၃၁ နှစ် ရှိကြောင်း သိရသည်။

၎င်းတို့ ၂ ဦး ဖမ်းဆီးခံရသည်ကိုလည်း ကားဂိတ်မှ တာဝန်ယူပေးမှု မရှိသည့်အတွက်ကြောင့် မိသားစုဝင်များက စိတ်မကောင်းဖြစ်နေကြောင်း ၊ တာဝန်ယူပေးစေလိုကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကားဂိတ် owner တွေကလည်း ဘာမှတာဝန်ယူပေးတာမရှိဘူး။ သူတို့လုပ်ပေးနေတယ်။ ဒါမဲ့ ပြောလို့ မရဘူးလို့ပဲ ပြန်ပြန် ပြောလာတယ်။ ဖမ်းခံထားရတာလည်း ကြာပြီလေ။ သူတို့ဘက်က တာဝန်ယူပေးတာလည်း အပြည့်ဝမရှိဘူး” ဟု မိသားစုဝင်က ပြောသည်။

အဆိုပါ ယာဉ်နောက်တွင် ပါသွားသည့် ခရီးသည်များကိုလည်း စစ်ကောင်စီက လွှတ်ပေးလိုက်ပြီး ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်ကိုသာ ဖမ်းဆီးသွားကြောင်း သိရသည်။

လက်ရှိတွင်လည်း ၎င်းတို့ (၂) ဦးကို လားရှိုးအကျဉ်းထောင်သို့ ယခုလ ဇန်နဝါရီ ၂ ရက်တွင် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...