Wednesday, January 28, 2026

ကျောက်မဲမြို့ ကားဂိတ် ပေါ့ဆမှုကြောင့် ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက် လူငယ် ၂ ဦး ထောင်ဒဏ် (၁၅) နှစ်ချခံရ

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့ သိမ်းစံကားဂိတ်၏ ပေါ့ဆမှုကြောင့် ယာဥ်မောင်း နှင့် ယာဥ်နောက်လိုက် လူငယ် ၂ ဦး ထောင်ဒဏ် ၁၅ နှစ် နှင့် အလုပ်ကြမ်း ချမှတ်ခံရကြောင်း စုံစမ်းသိိရှရသည်။

ဖမ်းဆီးခံရသည့် ယာဥ်မောင်း

အဆိုပါ ထောင်ဒဏ် ချမှတ်ခံရသည့် လူငယ် ၂ ဦးသည် ပြီးခဲ့သည့် ၂၀၂၂ ဧပြီ ၂၈ ရက်တွင် နောင်ချိုတိုးဂိတ်တွင် ဖမ်းဆီးခံရပြီး ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ထောင်ဒဏ် (၁၅) နှစ် ချမှတ်ခံရကြောင်း သိရသည်။

ထိုလူငယ် ၂ ဦးသည် ကျောက်မဲမြို့မှ မန္တလေးသို့ ခရီးသည်ကို တင်ပို့ပေးချိန် နောင်ချိုတိုးဂိတ်တွင် စစ်ကောင်စီက လက်နက်စစ်ဆေးတွေ့ရှိသည့် အတွက်ကြောင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

“ အဲ့နေ့က သူ ကားမောင်းရတဲ့ အလှည့်မဟုတ်ဘူး။ ကားပိုင်ရှင်က သွားမောင်းခိုင်းလို့ သူက သွားမောင်းပေးလိုက်တာ။ ကားထဲမှာ လက်ဖက်ခြောက်တွေ လာတင်တဲ့ အိတ်ရှိတယ်။ အဲ့ထဲမှာက လက်နက်ရှိတယ်။ မောင်းတဲ့သူကလည်း မသိဘူး။ ဂိတ်ကလည်း မစစ်ဆေးဘူး။ ယာဉ်မောင်းကလည်း မောင်းသွားပြီး နောင်ချို တိုးဂိတ်မှာ စစ်ခံရပြီးတော့ ဖမ်းခံရတာ” ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးသည် ပြည့်ဖြိုးမောင် နှင့် အောင်ကျော်မိုး တို့ဖြစ်ပြီး ၎င်းတို့သည် အသက် ၃၁ နှစ် ရှိကြောင်း သိရသည်။

၎င်းတို့ ၂ ဦး ဖမ်းဆီးခံရသည်ကိုလည်း ကားဂိတ်မှ တာဝန်ယူပေးမှု မရှိသည့်အတွက်ကြောင့် မိသားစုဝင်များက စိတ်မကောင်းဖြစ်နေကြောင်း ၊ တာဝန်ယူပေးစေလိုကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကားဂိတ် owner တွေကလည်း ဘာမှတာဝန်ယူပေးတာမရှိဘူး။ သူတို့လုပ်ပေးနေတယ်။ ဒါမဲ့ ပြောလို့ မရဘူးလို့ပဲ ပြန်ပြန် ပြောလာတယ်။ ဖမ်းခံထားရတာလည်း ကြာပြီလေ။ သူတို့ဘက်က တာဝန်ယူပေးတာလည်း အပြည့်ဝမရှိဘူး” ဟု မိသားစုဝင်က ပြောသည်။

အဆိုပါ ယာဉ်နောက်တွင် ပါသွားသည့် ခရီးသည်များကိုလည်း စစ်ကောင်စီက လွှတ်ပေးလိုက်ပြီး ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်ကိုသာ ဖမ်းဆီးသွားကြောင်း သိရသည်။

လက်ရှိတွင်လည်း ၎င်းတို့ (၂) ဦးကို လားရှိုးအကျဉ်းထောင်သို့ ယခုလ ဇန်နဝါရီ ၂ ရက်တွင် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...