ပင်လုံမြို့ အိမ်၊ ခြံပေါင်ပြီး လောင်းကစားဆော့နေကြ

သျှမ်းပြည် လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် ပင်လုံမြို့အတွင်း အိမ်၊ ခြံပေါင်ပြီး လောင်းကစားသွားရောက် ကစားနေကြကြောင်း စုံစမ်း သိရှိရသည်။

ပင်လုံမြို့

ထိုသို့ အိမ်၊ ခြံ ပေါင်ပြီး လောင်းကစားများကို သွားရောက် ကစားသည့်သူများ များလာသည့်အတွက်ကြောင့် ယခင်ကထက် သူခိုးပေါများလာကြောင်း ပင်လုံမြို့ ဒေသခံ ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ ကျနော်ရဲ့ အသိထဲက ဦးလေးဆိုရင် ခြံတွေပေါင်ပြီးတော့ သွားဆော့တာ။ အခုတလော လောင်းကစားဝိုင်းမှာ လူတွေ အမျာကြီးပဲ။ သွားဆော့တဲ့ သူတွေလည်းများတယ်။ လောင်းပြီး ရှုံးလာတဲ့သူတွေဆိုရင် ရပ်ကွက်ထဲက ပစ္စည်းတွေ လိုက်ခိုးပြီးတော့ ထပ်သွားလောင်းတာလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းကြောင့် ပင်လုံမြို့တွင် သူခိုးပေါများလာပြီး ပြည်သူများအတွက် လုံခြုံမှုမရှိတော့ကြောင်း၊ ထိုလောင်းကစားဝိုင်းသည် ဟိုခိုက်ကျေးရွာတွင် ယခုထိ ဖွင့်လှစ်ထားလျက်ရှိကြောင်း သိရသည်။

“ တလောတုန်းက ဘုရားကြီးရှေ့မှာ သွားဖွင့်မလို့ လုပ်သေးတယ်။ သူများမပေးဖွင့်လို့ အခုထိတော့ ဟိုခိုက်နားပဲ ဖွင့်ထားတာ။ ကျနော်တို့ ကျေးရွာဆိုရင် အမြဲတမ်း အိမ်မှာလူစောင့်ထားရတယ်။ ၁ နာရီလောက် လူမရှိတာနဲ့ အိမ်ဖောက်ခံရပြီ” ဟု ဝမ်အဲန်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ လွိုင်လင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများထက် လောင်းကစားဆော့ သူများ ပိုကြောက်နေရကြောင်း သိရသည်။

ပင်လုံမြို့တွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားခြင်း မရှိထားကြောင်း ပင်လုံမြို့အုပ်ချုပ်ရေးမှူးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ နယ်မြေတွင်းမှာ ဒီလိုလုပ်ခွင့်မပေးထားပါဘူး။ လောင်းကစားဝိုင်းတွေ ဖွင့်ထားတာလည်းမရှိဘူး” ဟု ၎င်းက ပြောသည်။
အာဏာသိမ်း ၂ နှစ်နီးပါးတွင် သျှမ်းပြည်တစ်ဝှမ်း လောင်းကစားဝိုင်းများ ပိုများလာပြီး တရားဥပဒေ စိုးမိုးမှုမရှိတော့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

0
သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ကျင်းပနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၁၄ ရက်)တွင် မိုးနဲမြို့နယ် ကန်တုံ (ကင်တုံ) ကျေးရွာ ကန်တုံကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် မိုင်းနဲမြို့ခံများ ပူးပေါင်းကာ စေတီထီးတင်ပွဲကို ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...