Wednesday, January 28, 2026

အရက်မူးသည့် သားက ဖခင်ကို ဓားဖြင့် ခုတ်သတ်

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းပါးကျေးရွာ အုပ်စု၊ နားမိုင်းကျေးရွာတွင် သားဖြစ်သူမှ ဖခင်အရင်းကို ဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

အရက်မူးသည့် သားမှ ဖခင်အရင်းကို ဓားဖြင့်ခုတ်သတ်

ယမန်နေ့ (ဒီဇင်ဘာလ ၂၆) ရက်တွင် ညနေပိုင်း ၅ နာရီခွဲဝန်းကျင်တွင် အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသား တစ်ဦးသည် အရက်မူးပြီး ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်နေချိန် ဖခင်ဖြစ်သူက ဝင်တားရာ ဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရက်မူးပြီး လင်မယားနှစ်ယောက် ရန်ဖြစ်စကားများကြတာ၊ သူ့အဖေက ဝင်ပြီးတားတာပေါ့၊ အဲ့ဒီအချိန်မှာပဲ သူ(သားဖြစ်သူ)က ဓားဆွဲပြီး သူ့အဖေကို ခုတ်သတ်လိုက်တာ၊ အချက်တွေလည်း တော်တော်များတယ်၊ ပွဲချင်းပြီး သေဆုံး သွားတယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖခင်အရင်းကို ဓားဖြင့် ခုတ်သတ်သူသည် အသက် ၃၀ အရွယ်ရှိစိုင်းအောင်ကျော် ဖြစ်ပြီး ခုတ်သတ် ခံရသည့် ဖခင်သည် အသက် ၆၀ ဝန်းကျင် ရှိနေကြောင်း သတင်းသိရသည်။

လက်ရှိတွင် စိုင်းအောင်ကျော်သည် ထွက်ပြေးလွှတ်မြောက်နေပြီး ကျေးရွာတာဝန်ရှိသူများက လိုက်လံရှာဖွေ နေကြောင်းလည်း သိရသည်။

“သူ့အဖေကို ဓားနဲ့ ခုတ်သတ်ပြီးပြီးချင်းထွက်ပြေးနေတာ၊ ပြန်မလာသေးဘူး၊ ရပ်ရွာလူကြီး နဲ့ ဝာာဝန်ရှိသူတွေက လိုက်ရှာနေတာ၊ တစ်ဖက်ကလည်း နာရေးအတွက် ပြင်ဆင်နေရတာပေါ့၊ စိုင်းအောင်ကျော်က အရက်သောက် ရင် သွေးဆူတတ်တဲ့သူဖြစ်တယ်” ဟု နီးစပ်သည့် အမျိုးသား တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကိစ္စ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲစခန်းသို့ တိုင်ကြားမှု ပြုလုပ်ထားသော်လည်း မည်သည့်တုန့်ပြန်မှုမှ မရှိဘဲ လက်ရှိတွင် ရပ်ရွာတာဝန်ရှိသူ နှင့် ဒေသအတွင်း လှုပ်ရှားနေသည့် SSPP/SSA တို့မှ စိုင်းအောင်ကျော်ကို ရှာဖွေ နေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် MNDAA မှ ဈေးဆိုင်ဗွီနိုင်းဆိုင်းဘုတ်များတွင် သျှမ်းစာကို ကန့်သတ်တားမြစ်ပြီး တရုတ်စာ ဦးစားပေးအသုံးပြုခိုင်း

0
သျှမ်းပြည် သိန္နီမြို့နယ် ဈေးဆိုင်များရှိ အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ သျှမ်းစာနှင့် အင်္ဂလိပ်စာ အသုံးပြုခွင့် ကန့်သတ်တားမြစ်ပြီး တရုတ်စာကို ဦးစားပေးအသုံးပြုခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဧပြီလဆန်းပိုင်းမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ်ရှိ ဈေးဆိုင်များတွင် အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များကို သျှမ်းစာနှင့်...

သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦး ခြံသန့်ရှင်းရေးလုပ်ရာ မြေမြုပ်မိုင်းနင်းမိ ခြေထောက်နှစ်ဖက်ဆုံးရှုံး 

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်နင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံး ခဲ့ရကြောင်း သိရသည်။  ယမန်နေ့ ( ဧပြီလ ၈ ရက် ) မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် သိန္နီမြို့နယ် ပန်စုံကျေးရွာနေ အမျိုးသားတစ်ဦးသည် အိမ်ခြံဝန်းအတွင်း သန့်ရှင်းရေးလုပ်ရာမှ မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ‌သျှမ်းသံတော်ဆင့်ကို...

သိန္နီမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် လူငယ်တစ်ဦး အမည်မသိ လက်နက်ကိုင် သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် သိန္နီမြို့နယ် မောက်စလီကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် မြေးဖြစ်သူ လူငယ်တစ်ဦးတို့ အမည်မသိ လက်နက်ကိုင်အဖွဲ့၏ သေနတ်ပစ်သတ်ခြင်း ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၃ ရက်) ညပိုင်းတွင် သိန္နီမြို့နယ် မောက်စလီ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် မြေးဖြစ်သူ လူငယ်တို့ နှစ်ဦးသည် လားရှိုး-သိန္နီ...

သိန္နီမြို့ သုံးလအကြာ စစ်ကောင်စီတပ် လေကြောင်းထပ်မံဗုံးကြဲ၊ အရပ်သား (၁) ဦး ဒဏ်ရာရ

0
သျှမ်းပြည် သိန္နီမြို့အနီးသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၄) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်(၃) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၂ နာရီခွဲကျော်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့မှ ကွမ်းလုံ-ဟိုပန်...

သိန္နီမြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ သေဆုံး

0
သျှမ်းပြည် သိန္နီမြို့နယ် တွင်နေထိုင်သည့် အမျိုးသားတစ်ဦး မြေမြုပ် မိုင်းနင်းမိ၍ သေဆုံးခဲ့ပြီး ကြောင်း စုံစမ်း သိရသည်။ သျှမ်းပြည် သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာတွင် ယမန်နေ့ (ဧပြီလ ၂၁ ရက်) နံနက်ပိုင်း၌ အမျိုးသား တစ်ဦး အိမ်ခြံနောက်ဖေးတွင် ဟင်းသွားခူးရာမှ မြေမြုပ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ...