Tuesday, January 27, 2026

ဒီနှစ်ခရီးသွားဧည့်သည် များမယ် မများဘူးဆိုတာ နိုင်ငံရေးအခြေအနေပေါ်မှာ ၈၅% မူတည်ပါတယ်…. (သျှမ်း/တောင်စုံ ခရီးသွားလုပ်ငန်း ရှင်များ အသင်းအဖွဲ့ဝင်၊ သျှမ်းတောင်နိုင်ငံခြားသားသယ်ယူပို့ဆောင်ရေး အသင်း ဒုဥက္ကဌ ဦးစိုင်းကျော်ကျော်လှိုင် နှင့်တွေ့ဆုံမေးမြန်း)

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ထဲမှာရှိတဲ့ အင်းလေးကန်က ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ တော်မူတဲ့ ပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့က စတင်ခဲ့ပါတယ်။ အင်းလေးကန်တဝိုက်မှာနေထိုင်တဲ့ ကျေး ရွာ တွေက ဘုန်းကြီးကျောင်း ၁၉ ကျောင်းကို လာမယ့် အောက်တိုဘာလ ၈ ရက်နေ့အထိ ကြွချီပူဇော်ခံမှာ ဖြစ် ပါတယ်။ အရင်နှစ်တွေတုန်းက နိုင်ငံတော်ဝင်ငွေအများဆုံးထဲက တခုစွမ်းဆောင်နိုင်တဲ့ အင်းလေး ကန်နဲ့ တောင်ကြီးမီးပုံးပျံပွဲတော်ဟာ ပြီးခဲ့တဲ့ နှစ်က ဆောင်းတွင်းဝင်တာနဲ့ အင်းရေခန်းတာတွေ ရာသီဥတု မမှန်တာတွေစတာတွေကြောင့် သီတင်းကျွတ်လ ဖောင်တော်ဦးဘုရားပွဲနဲ့ တန်ဆောင်မုန်းလ တောင်ကြီး မီးပုံးပျံပွဲကို လာရောက်ကြည့်ရှုလည်ပတ်တဲ့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေနည်းပါးခဲ့ပါတယ်။

ဒီနှစ်မှာတော့ အင်းရေပုံမှန်ဖြစ်နေတဲ့အခြေအနေကြောင့် ဧည့်သည်တွေပိုမိုများပြား မှာဖြစ်တယ်လို့ မျှော်မှန်းရကြောင်း သျှမ်း/တောင်စုံ ခရီးသွားလုပ်ငန်း ရှင်များ အသင်းအဖွဲ့ဝင် သျှမ်းတောင် နိုင်ငံခြားသား သယ်ယူပို့ဆောင်ရေး အသင်း ဒုဥက္ကဌ ဦးစိုင်းကျော်ကျော်လှိုင် ကပြောဆိုပါတယ်။ ယခုနှစ်ပွင့်လင်းရာသီ သျှမ်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းအခြေအနေဘယ်လိုရှိလာနိုင်မလဲဆိုတာသိရအောင်လို့ သျှမ်း တောင် နိုင်ငံခြားသားသယ်ယူပို့ဆောင်ရေး အသင်း ဒုဥက္ကဌ ဦးစိုင်းကျော်ကျော်လှိုင် ကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်ဖူးက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – ဒီနှစ် တောင်ကြီးကို ခရီးသွားဧည့်သည်လာရောက်လည်ပတ်မှုအခြေနေ ဘယ်လိုရှိပါသလဲရှင့်။

ဖြေ – ခရီးသွားဧည့်သည်လာရောက်လည်ပတ်မှုအခြေနေကတော့ ဒီတစ်နှစ်က အခု ဒီ အောက်တိုဘာလ ၁ ရက်မှ ရာသီအစဆိုတော့လေ အခြေနေကတော့ ဘယ်လိုလာမလဲဆိုတာတော့ မှန်းလို့တော့ မရသေးဘူး။

မေး – ခရီးသွားတွေ အရင်နှစ်တွေထက်စာရင် များလာသလား လျော့သွားသလား ခန့်မှန်းခြေပေါ့။

ဖြေ – ခန့်မှန်းတာတော့ ဝန်ကြီးဌာနအနေနဲ့ကော ဟော်တယ်ခရီးသွားတွေရဲ့အောက်မှာ အသင်း အဖွဲ့ တွေရှိတယ်၊ ခရီးသွားလုပ်ငန်းအသင်းဖွဲ့တို့ ဟော်တယ်လုပ်ငန်းအသင်းဖွဲ့တို့ နိုင်ငံခြားသယ်ယူပို့ဆောင်ရေး အသင်းဖွဲ့တို့ အဲ့လိုမျိုး တွေရှိတယ်၊ သူတို့ မှန်းတဲ့ဟာကတော့ အရင်နှစ်ထက်များမယ်ပေါ့ သို့သော် များ မယ် မများဘူးဆိုတာကတော့ နိုင်ငံရေးအခြေနေပေါ်မှာ ၈၅ % မူတည်တယ်။

မေး – များလာမယ်ဆိုတာ ဘာကြောင့်များလာမလဲရှင့်။

ဖြေ – ဘာကြောင့်များလာမလဲဆိုတာကတော့ ဒီဗမာပြည်က ဗမာနိုင်ငံကပေါ့နော် ဒီနိုင်ငံခြား ခရီးသွား တွေစွမ်းဆောင်နိုင်တာကတော့ အရင်ထက် ပိုကောင်းလာတယ်လို့တော့ မဟုတ်ပေမယ့် တော်တော် များများ ပြည်ပနိုင်ငံကလူတွေက ဗမာနိုင်ငံဆိုရင် စိတ်ဝင်စား မှုဖြစ်တဲ့အတွက် အရင် ကတည်းက များ ချင်တယ် ၊ သို့သော် နိုင်ငံရေးအခြေနေက အမြဲတမ်းက ငြိမ်သက်မှု မရှိတဲ့အတွက် သူတို့က မလာနိုင် ဘူးပေါ့ အခုတော့ နို်င်ငံရေးအခြေနေက တစ်ရက်ထက်တစ်ရက် ငြိမ်သက်လာရင်တော့ များလာ ဖို့ပဲ ရှိိတာပေါ့။

မေး – ဒီ သျှမ်းပြည်ထဲမှာဆိုရင် နိုင်ငံခြား ခရီးသွားတွေကို ဘာတွေ ဆွဲဆောင်နိုင်တာလဲရှင့်။

ဖြေ – လောလောဆယ် ဒီအစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်း တစ်ချို့နေရာတွေကတော့ ပြန်ပိတ် သွားတာလည်းရှိတယ်၊ ဥပမာအားဖြင့် တောင်ကြီး ကနေ ကျိုင်းတုံ ဆိုရင် ဟိုးအရင်တုန်းကဆိုရင် ခွင့်ပြုချက်ကို အများယူစရာ မလိုပဲနဲ့ ကားနဲ့ နိုင်ငံခြားသားတွေ သွားလို့ရတာပေါ့နော် ဒါမယ့် ဒီအစိုးရ လက်ထပ်မှာတော့ ခွင့်ပြုချက်ပြန်ယူရတာပေ့ါနော်၊ သို့သော် ခုနမေးတဲ့ ဘာကြောင့်လဲဆိုတာ ကတော့ နဂို ရှိပြီးသား တွေပါပဲ ဥပမာ အင်းလေး ဆိုရင် ဖောင်တော်ဦး ဘုရားပွဲ ဒီနေ့ ၂၁ ရက်နေ့ စနေပြီ ဒီဟာ ဆိုရင်လည်း နိုင်ငံခြားသားတွေ စိတ်ဝင်စားတယ်။ နောက်တစ်ခု လာမယ့်လမှာ ဒီလမကုန်ခင်မှာပေါ့နော် လာမယ့်လဆန်းမှာ တန်ဆောင်တိုင်ပွဲရှိတယ် အဲ့တန်ဆောင်တိုင်ပွဲဆိုတာက ဒီ နိုင်ငံခြားသားတွေ အထူး စိတ်ဝင်စားတယ် ၊ ဒီဟာတွေကတော့ အဓိက ဒါတွေနဲ့တော့ ဆွဲဆောင်မှု ရတာပေါ့ တခြားထူး ထူးခြားခြား ရယ်လို့တော့ ဘာမှတော့ သိပ်မရှိသေးဘူး၊ အရင်ကသွားနေတဲ့အတိုင်းပဲ ဒီ အင်းလေး၊ပင်းတယ ၊ ကလော နဲ့ တစ်ချို့သော တောင်တက်တဲ့ လမ်းကြောင်းတွေပေါ့နော် အဲ့ဒါတွေနဲ့ပဲ အဓိက ဆွဲ ဆောင်တယ်၊ နောက် လူမျိုးပေါ့ သျှမ်းတောင် မှာကော သျှမ်းအရှေ့မှာကော သျှမ်းပြည်မှာ လူမျိုးပေါင်းများစွာရှိတဲ့အတွက် တစ်ချို့ သော နိုင်ငံခြားသားတွေက လူမျိုးကို လာရောက်လေ့လာတဲ့ဟာကို စိတ်ဝင်စားကြတယ်။

မေး – ခုန ဆရာပြောတာ တစ်ချို့နေရာတွေဆိုရင် ပိတ်သွားတာတွေရှိတယ် တစ်ချို့နေရာတွေဆို ခွင့်ပြုချက်တွေ ယူရတယ် အဲ့ဒါ ဘယ်နေရာတွေဖြစ်ပါသလဲ။

ဖြေ – ပြောမယ်ဆိုရင်တော့ အဓိက ကတော့ သျှမ်းတောင် နဲ့ သျှမ်းအရှေ့ကြား ဆက်သွယ်တဲ့ လမ်း ကြောင်း အရင် တုန်းကဆိုရင် ပြီးခဲ့တဲ့ ၂၀၁၁ နောက်ပိုင်းက ဆိုရင်တော့ တောင်ကြီး-ကျိုင်းတုံ – တာချီလိတ် ပေါ့နော် အဲ့ဒီနေရာတွေ ဧည့်သည်တွေ ကားနဲ့ သွားချင်တယ်ဆိုရင် ခွင့်ပြုချက် ယူစရာ မလိုဘူး ၊ ဝန်ကြီးဌာနကို အသိပေးရုံပဲ ၊ အခုကျတော့ ၂၀၁၆ မကုန်ခင်မှာ ဝန်ကြီးဌာနကနေ စာထွက် လာတယ်၊ တောင်ကြီး ကနေ ကျိုင်းတုံ တာချီလိတ် သွားတဲ့လမ်း ကြောင်းကို သာမန်ခွင့်ပြုချက်တော့ မဟုတ်တော့ဘူး ၊ သမ္မတရုံးတို့ ဘာတို့ အထူးခွင့်ပြုချက် ကို ပြန်လည်ယူရမယ်ဆိုတဲ့ အပိုင်းလေးတွေ ဖြစ်လာတယ်၊ တကယ်တမ်းပြောမယ်ဆိုရင် ဒီခရီးသွားလုပ်ငန်းက ဒီ သျှမ်းပြည်တောင်ပိုင်း အင်းလေး၊ ပင်းတယ၊ ကလောဘက်က အရမ်းကို လုပ်ခဲ့တဲ့ နှစ်ပေါင်း တော်တော်ကြာနေပြီဆိုတော့ တစ်ချို့နေရာ လေးတွေက ပြောမယ်ဆိုရင် ခရီးစဉ် ပုံမှန်လေးပဲ ဖြစ်သွားတယ်ပေါ့နော်၊ ဒီ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ် အဓိက ပြောချင်တာက တောင်ကြီး ကျိုင်းတုံကြားက အရမ်းလှနေသေးတယ် ၊နိုင်ငံခြားသားတွေ အတွက်ကော အဲ့လမ်းကြောင်းက ဘယ်လိုပဲ ဖြစ်ဖြစ် ခွင့်ပြုတယ်ဆိုရင်တော့ ပိုပြီးတော့ ဧည်သည်တွေ ဆွဲဆောင်ဖို့ ပိုကောင်းတာပေါ့၊ အဲ့လမ်းကြောင်းက ခု တောင်ကြီး နဲ့ ကျိုင်းတုံ လမ်းကြောင်းက ဒီတိုင်း ဝန်ကြီးဌာနကို အသိပေးရုံမကပဲနဲ့ ပြည်ထောင်စု အစိုးရထိကို ခွင့်ပြုချက်တင်ရတာပေါ့ ၊ အဲ့လမ်းကြောင်းက ပြန်ပိတ်ထားတာပေါ့နော် ၊ ဒီလမ်းကြောင်းမှ မကပါဘူး တခြားလမ်းကြောင်း ပြည်နယ်တွေမှာလည်း အဲ့လိုကြားတယ်၊ ပိတ်လိုက်တာတွေ အဲ့လိုရှိတယ်။

မေး – တောင်ကြီး- ကျိုင်းတုံ လမ်းကြောင်းက ဘာကြောင့် အထူးခွင့်ပြုချက် ယူရတာလဲရှင့်။

ဖြေ – အဲ့ဒါကတော့ ပြည်ထောင်စု အစိုးရပဲ သိပါလိမ့်မယ် ၊ ဘာကြောင့်လဲဆိုတာကတော့ သူတို့ အဓိက အကြောင်းပြချက်က နယ်မြေလုံခြုံရေး ၊မအေးချမ်းဘူး လို့အကြောင်းပြပြီးတော့ ဒီလမ်းကြောင်းတွေကို ပြန်ပိတ်လိုက်တာပေါ့နော်၊ အဓိက ကတော့ နိုင်ငံခြားသားတွေအတွက် တာဝန်မယူနိုင်တဲ့ လုံခြံုရေး မပေးနိုင်တဲ့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ပိတ်လိုက်တယ်လို့ ပဲထင်တယ်။

မေး – ၂၀၁၇ ခုနှစ်မှာ တောင်ကြီးကို နိုင်ငံခြားခရီးသွားဧည့်သည်တွေပိုမိုလာရောက်လည်ပတ်ဖို့ ဘယ်လိုပြင်ဆင်မှုတွေလုပ်ထားရတာလဲရှင့်။

ဖြေ – နိုင်ငံခြားသားတွေ ပိုမို လာရောက်လည်ပတ်ဖို့ဆိုရင် ပြင်ဆင်မှုကတော့ ဝန်ကြီး ဌာန အနေနဲ့တော့ သူတို့လုပ်သင့်တာက အဓိက နံပါတ်(၁) ဟော်တယ်ရဲ့ စျေးနှုန်းတွေ သူတို့လျှော့ချပေးဖို့ လိုလိမ့်မယ် ၊ (၂) ပြည်တွင်းလေကြောင်းလိုင်းတွေ ရဲ့စျေးနှုန်း အဲ့ဒါတွေ ကိုလည်း သင့်တော်တဲ့ စျေးနှုန်း၊ သူများနို်င်ငံနဲ့ ယှဉ်မယ်ဆိုရင် ဗမာပြည်ဟာ ဒီဟော်တယ် နဲ့ လေယာဉ်ခ အရမ်းကို မြင့်မားနေတဲ့အတွက် အဲ့ဒါတွေကို လျှော့ချပေးနိုင်မယ်ဆိုရင် နိုင်ငံခြားသား ခရီးသွားလုပ်ငန်း ခရီးသွားဧည့်သည်တွေ ပိုမိုလာရောက်မယ်ပေါ့ ဒီဟာတွေကို အဓိက ပြင်ဆင်ရမယ်လို့ထင်တယ်။

မေး – အင်းလေးကန်က မနှစ်တွေတုန်းက ရေအရမ်းနည်းပါးလို့ ဧည့်သည်တွေအရင်နှစ်ကထက် နည်းတယ်လို့ ကြားသိရပါတယ်။ ဒီနှစ်ကော် အင်းရေအခြေအနေဘယ်လိုရှိပါသလဲ၊ အရင်နှစ်တွေထက် ဧည့်သည်များလာသလား။

ဖြေ – ဒီနှစ်ကတော့ ဒီချိန်ကနေစပြီး လာမယ့် ၁၂ လပိုင်း ဒီဇင်ဘာ နောက်လာမယ့် ၂၀၁၈ ဇန်နဝါရီလ အထိတော့ ရေ တော့ သူ့ဟာ နဲ့သူ ပုံမှန်ရှိလိမ့်မယ်၊ သို့သော် ဖေဖော်ဝါရီ ကနေစပြီးတော့မှ ဧပြီလ ထိ ဒါကတော့ ရာသီဥတုပေါ်ပဲ မူတည်တယ်၊ အဲ့တွက် ရေက အဲ့ချိန်လောက်ဆိုရင် ခပ်များများ ရေနည်းသွားတာ များတယ်၊ အဲ့လိုရေနည်းသွားတဲ့ခါကျရင် တစ်ချို့သော နေရာတွေ ဥပမာ အင်းသိိမ် တို့ တစ်ချို့သော ရွာတွေထဲမှာ မော်တော်လှေတွေ ဝင်လို့မရဘူးပေါ့နော် အဲ့ချိန်မှာ နဲနဲအခက်ခဲလေးတွေ ရှိတယ် ဧည့်သည် များမယ် နည်းမယ် ဆိုတဲ့ဟာကတော့ ဝင်လာပြီးမှ သိမယ်ဖြစ်တဲ့အတွက် လာမယ့် ၂၀၁၈ ဧပြီ ပြီးလောက်မှ ပဲ ဘယ်လောက်ဝင်လဲဆိုတာ တွက်ချက်လို့ရတယ်။

မေး – ပြင်ဆင်ထားတာနဲ့ လက်တွေ့ရောက်လာတဲ့အရေအတွက်အပေါ် ကျေနပ်အားရမှုရှိပါသလား။

ဖြေ – ပြီးခဲ့တဲ့ နှစ်ကို ပြောမယ်ဆိုရင်တော့ သာမာန်ပဲပေါ့ အားရတာလည်းမဟုတ် မအားရဘူးဆိုလည်းမဟုတ်ဘူး၊ သူ့ပုံမှန်လေး ခရီးသွားလုပ်ငန်းက သွားနေတာပဲ ဘာကြောင့်လဲဆိုတော့ အခုက ဟော်တယ်တွေက အရမ်းများလာတယ်၊ ဟော်တယ်တွေ များလာတဲ့အတွက် သူတို့အခန်းတွေ နေ့စဉ်ဝင်မယ့် အခန်းတွေ ဧည်သည်ဝင်ရမယ့်ဟာတွေက ဟော်တယ်တွေ များလာတဲ့အတွက် ဧည်သည်တွေ ကပျံ့သွားတယ်၊ ပြင်ဆင်မှု အားရနိုင်သလားဆိုတော့ ဒီထက်မက ဝင်လာမှပဲ အားရနို်င်မယ်လို့တော့ ထင်တယ် ၊ အခုက သာမာန်လောက်ပဲ ဝင်သေးတာပေါ့ ၊ အခုဝန်ကြီးဌာနက ပြောတဲ့ စာရင်းအချက်လက် တွေက နယ်စပ်က ဝင်ထွက်တဲ့စာရင်း အချက်လက်တွေ သူတို့က ပါထည့်တွက်တယ် နယ်စပ်မှာ ဝင်တဲ့ ဟိုဘက်နို်င်ငံသွားမယ် ဒီဘက်နို်င်ငံလာမယ် အဲ့ဒါတွေပါ ထည့်တွက်တယ်ဆိုရင်တော့ ကိန်းဂဏန်းက များသွားမယ် ပြောမယ်ဆိုရင်တော့ အားရလောက်လားဆိုတော့ အားတော့မရသေးဘူး ။

မေး – သျှမ်းပြည်မှာ ဟော်တယ် ဘယ်လောက်ရှိပါသလဲ။

ဖြေ – သျှမ်းပြည်တစ်ခုလုံးတော့ အတိအကျ မပြောနိုင်ဘူး ၊ ဒီ အင်းလေး ဒေသ နဲ့ ညောင်ရွှေ ဟော်တယ် အခန်းပေါင်း ၁၀၀၀ ကျော်တယ်၊ အခန်းနဲ့ ပဲ တွက်ကြတယ်၊ အလုံးရေပေါင်းကတော့ အင်းလေးဒေသမှာဆိုရင် အလုံးရေ ၈၀ ကျော်ရှိမယ် အင်းလေး နဲ့ ညောင်ရွှေပေါ့နော်၊ ကလော နဲ့ပါ ပေါင်းလိုက်မယ်ဆိုရင်တော့ ရာချီရှိမယ်၊ အဓိက များတာက ညောင်ရွှေ အင်းလေး ကလော များတယ် ပင်းတယက လေးလုံးလောက်ပဲရှိတယ် ၊ တိုးလာတာက ညောင်ရွှေ နဲ့ ကလောပဲ ပိုတိုးလာတယ်။

မေး – ကလောမှာ နိုင်ငံခြားသားတွေကို အဓိက ဆွဲဆောင်တဲ့ နေရာက ဘာလဲ။

ဖြေ – ကလောက အေးချမ်းတဲ့ မြို့ပေါ့နော်၊ လာရောက်အပန်းဖြေတာ တစ်ချို့သော ဧည့်သည်တွေက အချိန်ယူပြီး ကလောမှာ အချိန်ပိုနေတယ်၊ ဘာကြောင့်လဲဆိုတော့ ကလောမှာ ရာသီဥတုအားဖြင့် နေလို့ကောင်းတယ်၊နောက်တစ်ချက်က ကလော နီးနားပတ်ဝန်းကျင်မှာ တောင်တက်တဲ့ခါ ပဒေါင် လူမျိုးတွေ တွေ့ရတယ်၊ အဲ့ဒီအတွက် သူတို့လာနေတယ်၊ အဲ့ဒီအတွက် ကလောကလည်း ဆွဲဆောင်မှု ရှိတဲ့ မြို့တစ်မြို့လို့ပြောလို့ရတယ်။

မေး – သျှမ်းပြည်နယ်ကို ခရီးသွားဧည့်သည်တွေပိုမိုလာရောက်လည်ပတ်ဖို့ ဘယ်လိုဆွဲဆောင်ချင်ပါသလဲ ဘယ်လိုဖြစ်စေချင်ပါသလဲ။

ဖြေ – ခုနပြောတဲ့အတိုင်းပဲ (၁) တိုင်းပြည်တစ်ခုလုံး အေးချမ်းမှ ဧည့်သည်များများလာမယ်၊ နောက်တစ်ခု စျေးနှုန်း ခုနပြောတဲ့ လေယာဉ်ခ တို့ ဟော်တယ်ခ တို့ စျေးနှုန်းတွေကို သင့်လျော်အောင် ညှိနှို်င်းပေးရမယ်။ နောက်တစ်ခုက ခွင့်ပြုနို်င်တဲ့ ဒေသတွေဆိုရင် ဧည့်သည်တွေကို သွားခွင့်ပြုတယ်ဆိုရင်တော့ ပိုပြီးမှ ဧည့် သည်တွေဝင်ရောက်လာနိုင်တယ်လို့ တော့ မြင်တယ် ။

မေး – ခရီးသွားမြင့်တင်ရေးအတွက် အိမ်နီးချင်းနိုင်ငံနဲ့ပူးပေါင်းပြီး လုပ်ဆောင်တာတွေရှိပါလား။

ဖြေ – အခု ဒီတက်လာတဲ့ အစိုးရမှာတော့ သျှမ်းပြည်နယ် အစိုးရအဖွဲ့မှာတော့ သူတို့ ဒီ တရုတ်နိုင်ငံရယ် ဒီ ထိုင်းနို်င်ငံရယ်နဲ့တော့ လာမယ့်နှစ်တွေမှာ အကျိုးတူပူးပေါင်းဖို့ လုပ်နေတယ်လို့တော့ ကြားသိရတယ်၊ အဲ့အတွက်လည်း သူတို့ စကားတွေပြောနေကြတယ်လို့ ကြားသိရတယ်၊ အသေးစိတ်ကတော့ ဘာမှ မထွက်လာသေးဘူး ။

မေး – ထိုင်းမြောက်ပိုင်းက ခရီးသွားလုပ်ငန်းက သျှမ်းပြည်နယ်အစိုးရနဲ့ ခရီးသွားလုပ်ငန်း မြင့်တင်ဖို့ တောင်ကြီးမြို့မှာ ရုံးလာစိုက်ဖို့ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားတာ တွေ့ရတယ် အဲ့ အခြေအနေလေး ဘယ်လိုရှိပါသလဲ။

ဖြေ – အဲ့အခြေအနေ ဘယ်လိုရှိလဲတော့ အဲ့ဒါ ကတော့ အတိအကျက ဒီဝန်ကြီးဌာနကနေ ထုတ်ပြန်ကြေညာခြင်းမရှိသေးဘူး ၊ ဟော်တယ်ခရီးကနေ သို့သော် သူတို့ဘက် လာလုပ်ပေးနို်င်တယ် တကယ်အကျိုးတူလုပ်နိုင်တယ်ဆိုရင်တော့ သျှမ်းပြည်ကတော့ ဒီအိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရင်တော့ ပိုပြီးတော့ ခရီးသွားတွေ တိုးတက်လာနိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ ထိုင်းလူမျိုးတွေ တော်တော်များများ က ရန်ကုန်၊ ကျိုက်ထီးရိုး နဲ့ ပုဂံ လောက်ပဲ လာပြီးပြန်သွားတော့ ဒီသျှမ်းပြည်ဘက်ကို မရောက်ဘူးပေါ့နော် ၊ ဒီဘက်ဒေသကို ဝင်ရောက်ဖို့နည်းတယ် ခုနလိုမျိုးပြောတဲ့ ထိုင်းက ဒီမှာ ရုံးလာစိုက်နိုင်တယ် ဒီသျှမ်းပြည်နယ်အစိုးရနဲ့ ပူးပေါင်းပြီးမှ လုပ်မယ်ဆိုရင်တော့ ခရီးသွားဧည့်သည်တွေတော့ အရင် ထက် ပိုများလာမယ်ပေါ့။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...