မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အကြောင်းပြပြီး တပ်ဆုတ်ခိုင်းခြင်း လက်မခံဟု SSPP ပြောဆို

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ရှိ ဆနင်း နှင့် ဖောင်းဆိုင်ဒေသအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်မည်ကို အကြောင်းပြပြီး အဆိုပါ ဒေသအတွင်း လှုပ်ရှားနေသည့် တပ်များကို ဆုတ်ခွာပေးရန် စစ်ကောင်စီ၏ တောင်းဆိုမှုကို လက်မခံကြောင်း SSPP/SSA က တုံ့ပြန်ပြောဆိုသည်။

SSPP တပ်သားများ

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်တွင် စစ်ကောင်စီ၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ စရဖ (ခိုလမ်မြို့မှ ရလခ) က ဆနင်း နှင့် ဖောင်းဆိုင် ဒေသအတွင်း နယ်မြေရှင်းလင်းရေး နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်မည် ဟု ဆိုကာ SSPP/SSA တပ်များကို ဆုတ်ခွာရန် စာပို့ညွှန်ကြားလာခြင်းဖြစ်သည်။

ယင်းကဲ့သို့ စာပို့ညွှန်ကြားခြင်းသည် နည်းစနစ် မကျကြောင်း နှင့် SSPP တပ်ဖွဲ့ အနေဖြင့်လည်း အသိအမှတ် မပြုကြောင်း တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ တပ်ဖွဲ့ဆုတ်ဖို့ ခိုလမ်တပ် စရဖ ကနေတစ်ဆင့် စာတိုနဲ့ပဲ တံဆိပ်တုံးမရှိ လက်မှတ်မရှိဘဲ ပို့လာတာ၊ ဆနင်းဘက်မှာ ဘိန်းစိုက်ခင်းတွေ ရှိနေလို့ ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးဖို့ကို အကြောင်းပြပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို လုပ်ရမှာမို့ ကျနော်တို့ တပ်ကို ဆုတ်ခွာခိုင်းရတယ်ပေါ့၊ ဒါပေမဲ့ ဒီကိစ္စမှာ ကျနော်တို့ဘက်က အသိအမှတ် မပြုဘူး၊ သူတို့ စာရေးလာတာကလည်း နည်းစနစ် မကျဘူးလေ” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။

စစ်ကောင်စီသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြောင်းပြကာ ဆနင်း နှင့် ဖောင်းဆိုင်ဒေသအတွင်း နယ်မြေ စိုးမိုးရေး လုပ်ဆောင်ရန် ကြိုးစားနေခြင်းဖြစ်ပြီး အဆိုပါ နယ်မြေအတွင်းသည် အာဏာသိမ်းမှု မဖြစ်မီကပင် ဒေသခံများက အခြားသီးနှံ စိုက်ပျိုးမရသဖြင့် ဘိန်းစိုက်ပျိုးမှုများ ရှိကြောင်း SSPP က ပြောသည်။

“ဒီ ဘိန်းစိုက်ခင်းတွေကလည်း အရင်ကတည်းက ဒီဒေသက ပြည်သူတွေရဲ့ ဝမ်းရေးအတွက် လုပ်ကိုင်လာကြတာ ဖြစ်တယ်။ ဒါကြောင့်မို့ အခုလို စစ်အင်အား နဲ့ ပြည်သူတွေရဲ့ လုပ်ကိုင်စားသောက်ရေးကို ဖျက်ဆီးတာထက် ဘိန်းအစားထိုး ဘာရှိမလဲ၊ ပညာပေးတွေ၊ မျိုးစေ့တွေ ၊ လုပ်ကိုင်စားသောက်နိုင်ဖို့ အခွင့်အလမ်းတွေ ဈေးကွက်တွေကို စီစဥ်ပေးမှသာ ဘိန်းစိုက်ခင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်မယ်ဆိုလည်း လုပ်ပေါ့” ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန်လအတွင်းတွင်လည်း ဆနင်းဒေသရှိ SSPP တပ်များအား ဆုတ်ပေးရန် တောင်းဆို ခဲ့သေးသည်။

SSPP/SSA ၏ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက လတ်တလောတွင် စစ်ကောင်စီ၏ တောင်းဆိုချက် နှင့် ပတ်သက်၍ တစုံတရာ တုံ့ပြန်ရန် မရှိသေးကြောင်း ဆက်ပြောသည်။

“သူတို့ဘက် ပေးပို့လာတဲ့စာက လက်မှတ်မရှိ တံဆိပ်တုံး မရှိနဲ့မို့ ကျနော်တို့ဘက်လည်းဘာမှ တုံ့ပြန်ဖို့ မရှိဘူး။ သူတို့ဘက်က စစ်ရေးနဲ့ ဝင်လာမယ်ဆိုရင်လည်း ထိတွေ့တိုက်ပွဲက ပြင်းမှာပဲ၊ ကျနော်တို့ အနေနဲ့ ဆုတ်ခွာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး၊ အခုချိန်ထိလည်း ကျနော်တို့နဲ့ သူတို့ (စကစ) ကြားမှာ ဘာမှ ပြောဆို ညှိနှိုင်းမှုလည်း ရှိမနေဘူး” ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လအတွင်းတွင် SSPP/SSA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS တပ်များကို သျှမ်းပြည် မြောက်ပိုင်းမှ တိုက်ခိုက်ခဲ့ပြီး RCSS တပ်များ စိုးမိုးခဲ့သည့် ပင်လုံမြို့အနောက်ဘက် ဆနင်းဒေသအထိ နယ်မြေစိုးမိုးမှုများ တိုးချဲ့ လုပ်ဆောင်ခဲ့သည်။

ထိုသို့ လုပ်ဆောင်လာသည့် နောက်တွင် စစ်ကောင်စီတပ်သည် SSPP/SSA တပ်များအား တပ်ပြန်ဆုတ်ရန် အကြိမ်ကြိမ် တောင်းဆိုမှုများ လုပ်ခဲ့သလို စစ်အင်အား ဖြည့်တင်း ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်ခဲ့သည်။

သျှမ်းပြည်တောင်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များဖြစ်သည့် နားရိုင်း ပြည်သူ့စစ်၊ S သုံးလုံး (မဟာဂျာ) ပြည်သူ့စစ် နှင့် မတ်ကျန်း ပြည်သူ့စစ် စသည့် အဖွဲ့များသည် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများ နှင့် ပတ်သက်ဆက်နွယ်နေသော်လည်း စစ်ကောင်စီ ဘက်က အရေးယူ နှိမ်နင်းမှု မရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...